ဒေသအလိုက် သတင်းကဏ္ဍ

မယ်စဲ့က စစ်ကောင်စီတပ်စခန်းနှစ်ခုကို ကရင်နီပူးပေါင်းတပ်တွေ သိမ်းပိုက်

နိုဝင်ဘာ၊ ၇ ကရင်နီ(ကယား)ပြည်နယ်၊မယ်စဲ့မြို့နယ်၊ ပန်တိန်းရွာမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ တပ်စခန်းနှစ်ခုကို ဒီ ကနေ့တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တယ်လို့ ကရင်နီ ပူးပေါင်းတပ်တွေဆီကသိရပါတယ်။ ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်တဲ့ မယ်စဲ့မြို့အနောက်ဘက် မိုင်နှစ်ဆယ်ခန့်အကွာ ဖားဆောင်း-မယ်စဲ့ ကားလမ်း ပေါ်က ပန်တိန်းရွာက စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့  ၁၀၀၄ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ထိုင်းမှာ ခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် ခြောက်ရာကျော်ကို ပြည်တွင်းပြန်ပို့

စက်တင်ဘာ၊ ၁၂   ကရင်နီ (ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲကနေ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးခိုလှုံနေတဲ့ ကရင်နီ စစ်ဘေးရှောင်တွေထဲက ခြောက်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ အစောပိုင်းကနေစပြီး နေရပ်ပြန်ပို့လိုက်ပါတယ်။   ” ထိုင်းရဲ့ Policy [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မယ်စဲ့မှာနောက်ဆုံးကျန်နေတဲ့ စစ်စခန်းက စစ်ကောင်စီတပ်သားနှစ်ဆယ်နီးပါးလက်နက်ချ ၊မယ်စဲ့ကိုသိမ်းပိုက် နိုင်ပြီလို့ဆို

ဇွန်၊ ၂၄ တိုက်ပွဲတွေပြင်းထန်နေတဲ့ ကရင်နီ(ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲက စစ်ကောင်စီရဲ့ နောက်ဆုံးစစ်စခန်း BP -13 က စစ်သား ၁၈ ဦးဟာတော်လှန်ရေးတပ်ဖွဲ့တွေဆီ ဒီကနေ့ မနက်ပိုင်းက လက်နက်အပြည့်အစုံနဲ့ လက်နက် ချခဲ့တယ်လို့ ကရင်နီစစ်ဘက်ရေးရာဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့တာဝန်ရှိသူ ခူညေးရယ်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မယ်စဲ့က စစ်ကောင်စီရဲ့ ပင်မစစ်စခန်းကုန်းတခုကို တော်လှန်ရေးအင်အားစုတွေထပ်မံသိမ်းပိုက်

ဇွန် ၊ ၂၄ ထိုင်း-မြန်မာနယ်စပ်၊မယ်စဲ့မြို့နယ်အတွင်းက စစ်ကောင်စီရဲ့ ပင်မဗျူဟာကုန်းစစ်စခန်းတခုကို မနေ့က သိမ်းပိုက် နိုင်ခဲ့ပြီးနောက် BP-13 စခန်းက လွဲလို့ မယ်စဲ့မြို့နယ် အားလုံးနီးပါးကို တော်လှန်ရေးမဟာမိတ်တပ် ပေါင်းစု တခု ဖြစ်တဲ့4Kတပ်ပေါင်းစုက သိမ်းပိုက်ထားတယ်လို့ ကရင်နီစစ်ဘက်ရေးရာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မယ်စဲ့ကနေ ထိုင်းဘက်တိမ်းရှောင်ရတဲ့ စစ်ရှောင်တွေ အရေးပေါ်အကူအညီ လိုအပ်နေဆဲဖြစ်

ဇွန်၊ ၁၈   ထိုင်း-မြန်မာနယ်စပ်၊ ကရင်နီပြည်နယ်ထဲက မယ်စဲ့မြို့မှာ ကရင်နီပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ်တွေ တပတ်နီးပါးကြာ တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားပြီးနောက် ထိုင်းဘက်ခြမ်းမှာ လေးထောင် နီးပါး စစ်ရှောင်နေရပြီး ပိုတိုးလာမယ့် အခြေအနေတွေကြောင့် အရေးပေါ်အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မယ်စဲ့မြို့မှာ စစ်ကောင်စီ အုပ်ချုပ်ရေးယန္တယား ရပ်ဆိုင်းသွားပြီလား

ဇွန်၊ ၁၆   ထိုင်း-မြန်မာ နယ်စပ်၊ ကရင်နီပြည်နယ် ထဲက မယ်စဲ့မြို့ကို ကရင်နီပူးပေါင်းတပ်တွေက ထိန်းချုပ်နိုင်ပြီး စစ်ကောင်စီရဲ့ အရပ်ဖက်ဝန်ထမ်းတွေလည်း ထွက်ပြေးကုန်ကြတယ်လို့ ကရင်နီပြည်နယ် စစ်ဘက်ရေးရာတွေနဲ့ ဒေသခံတွေဆီ စုံစမ်းသိရပါတယ်။   ” ကျွန်တော်တို့ [ဆက်လက်ဖတ်ရှုရန်]