ဘူးသီးတောင်မြို့နယ်မှာ တောဆင်ရိုင်းနင်းခံရလို့ ဆယ်တန်းကျောင်းသားတဦး သေဆုံး

ဘူးသီးတောင်မြို့နယ်မှာ တောဆင်ရိုင်းနင်းခံရလို့ ဆယ်တန်းကျောင်းသားတဦး သေဆုံး

ဘူးသီးတောင်မြို့နယ် အထက်ပိုင်း စံညင်းဝေကျေးရွာမှာ ရိတ်သိမ်းထားတဲ့စပါးပုံကို စောင့်အိပ်နေတဲ့ ဆယ်တန်းကျောင်း သားတစ်ဦး တောဆင်ရိုင်းနင်းခံရလို့ သေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စပါးတွေကို ဆင်တွေ လာစားမှာစိုးလို့ ဒီဇင်ဘာလ ၃၁ ရက်ညမှာ ညအိမ်စောင့်နေချိန် ဆင်နင်းခံရတာ ဖြစ် တယ်လို့ ဆိုပါတယ်။ ဆင်းနင်းခံရလို့ သေဆုံးသွားသူဟာ စံညင်းဝေရွာအနီးက ဝါချိလ္လာရွာခံ အသက် ၁၈ နှစ်အရွယ်ဆယ်တန်း ကျောင်းသားဖြစ်တယ်လို့ ရွာသားတွေက ပြောပါတယ်။ “ဆင်တွေက ခဏခဏရောက်ကြတယ်၊ စပါးသိမ်းချိန်ဆို…

Read More