တောင်ကိုရီးယားမှာ မြန်မာနိုင်ငံသားတဦးရထားနဲ့ချိတ်မိပြီးသေဆုံး

တောင်ကိုရီးယားမှာ မြန်မာနိုင်ငံသားတဦးရထားနဲ့ချိတ်မိပြီးသေဆုံး

တောင်ကိုရီးယားနိုင်ငံ၊ ဘူဆန်မြို့မှာ မြန်မာနိုင်ငံသားတဦး ရထားနဲ့ချိတ်မိပြီးသေဆုံးသွားတယ်လို့ အဲဒီနိုင်ငံ ရောက်မြန်မာအသိုင်းအဝိုင်းကသိရပါတယ်။  အဲဒီ မြန်မာနိုင်ငံသား အမျိုးသားဟာ ဇန်နဝါရီ ၈ ရက် မနက် ၆နာရီခွဲ လောက်က ဘူဆန်မြို့ကနေ ဆိုးလ်မြို့ကို သွားတဲ့ ဆဲမာအွန် ရထားနဲ့ ချိတ်မိပြီးသေဆုံးသွားတာဖြစ်ကြောင်း ကိုရီးယား သတင်းတွေမှာဖော်ပြထား တယ်လို့ သိရပါတယ်။  “ဘယ်လိုဖြစ်ရတယ်ဆိုတာတော့အသေးစိတ်မသိရသေးဘူး၊မြန်မာနိုင်ငံသားဖြစ်တယ်လို့ရဲကသတင်းထုတ်ထားတယ်” လို့ ကိုရီးယားရောက်မြန်မာလုပ်သားအရေးကူညီနေသူတဦးကပြောပါတယ်။  တောင်ကိုရီးယားရောက်မြန်မာအသိုင်းအဝိုင်းရဲ့အတည်ပြုချက်အရသေဆုံးသူဟာ ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ် ကနေအလုပ်လာလုပ်တဲ့အသက် ၃၂နှစ်အရွယ် ကိုဝေယံနောင်ဖြစ်တယ်လို့သိရပါတယ်။အဲဒီရထား တိုက်မှုဖြစ် စဥ်…

Read More