ဘုတလင်မြို့နယ် မကျီးအုပ်ကျေးရွာကို စစ်တပ်ကဒီကနေ့ အောက်တိုဘာ (၂၅) ရက် မနက် ၅နာရီဝန်းကျင်က စီးနင်းပစ်ခတ်မှုတွေလုပ်ရာမှာ အမျိုး သမီး တစ်ဦး သေဆုံးပြီး သားအမိ သုံး ဦး လက်နက်ကြီးကျည်ထိမှန် ဒဏ်ရာရခဲ့တယ်လို့ ဘုတ လင်မြို့နယ် သတင်း မှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက DNA ကို ပြောပါတယ်။ စစ်ကောင်စီတပ်ဟာကျေးရွာထဲကိုလက်နက်ကြီးတွေနဲ့ ပစ်ခတ်ဝင်ရောက်လာတာတဲ့အပြင် ထွက် ပြေးတဲ့ ပြည်သူတွေကိုလည်း ပစ်ခတ်တာကြောင့် သေဆုံးထိခိုက်မှုတွေရှိခဲ့တာလို့ ဆိုပါတယ်။ စစ်တပ်က…
Read Moreစစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ် အောင်သာကျေးရွာမှာ ရွာဦးဘုန်းတော်ကြီးကျောင်းနဲ့ နေအိမ် လေးဆယ်ဝန်း ကျင်လောက် စစ်တပ်က မီးရှိ့ဖျက်ဆီးလို့ ပျက်စီးခဲ့တယ်လို့ မြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ တာဝန်ရှိသူ တဦးက DNA ကိုပြောပါတယ်။ စစ်ကောင်စီ တပ်တွေဟာ ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေအပြင် ကျေးရွာအတွင်းက ပြည်သူပိုင်ပစ္စည်းတွေကို လည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။ အောင်သာကျေးရွာ မှာ ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (PDF) တွေရှိနေတယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပြီးနောက်မှာ စစ်ကောင်စီတပ်တွေက ရွာထဲကို စစ်ကြောင်းထိုးဝင်ရောက်လာ အခုလိုမျိုး မီးရှို့ဖျက်ဆီးခဲ့တာဖြစ်တယ်လို့…
Read Moreစစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ဘုတလင်မြို့နယ်မှာ စစ်ကောင်စီက ည၈နာရီကမနက်လေးနာရီအထိ ညမ ထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်လိုက်တာကြောင့် ဒေသခံစျေးသည်တွေ အခက်အခဲတွေဖြစ်နေ ကြရတယ်လို့ မြို့ခံတွေကDNA ကိုပြောပါတယ်။ “စျေးသည်တွေဆိုတာ မနက်သုံးနာရီလောက်ကတည်းက ကုန်ကြိုတာ(ကုန်ပစ္စည်းဝယ်တာ)ကို လုပ်ပြီး ရောင်း နေကျစျေးတွေဟာ အချိန်မီရောင်းနိုင်ဖို့ကို လုပ်ရတာ၊အခုဟာ မနက် ၄နာရီမှထွက်ရမယ်ဆိုတော့ အခက်အခဲ ဖြစ်တာပေါ့ဒီဘက်တွေဆိုတာက သွားရေးလာရေးနဲနဲခက်တဲ့နေရာတွေလေ၊ တစ်နေရာနဲ့တစ် နေရာကလည်း ဝေးတယ်”လို့ ဘုတလင်မြို့ခံတစ်ဦးက ပြောပါတယ်။ ဘုတလင်မြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီက စစ်ကြောင်းစထိုးတဲ့…
Read Moreစစ်ကိုင်းတိုင်း၊ဘုတလင်မြို့နယ် ပဲပြစ်တောအရှေ့ရွာအနီးက ဒေသကာကွယ်ရေးတပ်စခန်းတခု စက်တင်ဘာ ၁၃ရက် မနေ့က မနက်ပိုင်းမှာ စီးနင်းတိုက်ခိုက်ခံရပြီး ကာကွယ် ရေး တပ်ဖွဲ့ဝင်ငါးဦးနဲ့ CDM ဝင်ထားတဲ့ စစ် သားတဦးကျဆုံးခဲ့တယ်လို့ ဒေသခံတချို့က DNA ကိုပြောပါတယ်။ “လက်နက်ကြီးနဲ့အရင်ထုတာပေါ့၊ပြီးမှစခန်းဝင်စီးတာ စခန်းကိုလည်းမီးရှို့လိုက်ကြပြီ၊အလောင်း ခြောက် လောင်းသူတို့တွေ့တယ်လို့ပြောနေကျတာပဲ” လို့အမည်မဖော်လိုတဲ့ဒေသခံ တစ်ဦးက ပြောပါတယ်။ စီးနင်းတိုက်ခိုက်ခံခဲ့ရတဲ့စခန်းဟာ ဘုတလင်မြို့နယ်အခြေစိုက်ပြီး စစ်ကောင်စီကိုတော်လှန်တိုက်ခိုက်နေတဲ့ ဒုံးပျံ Local PDF အဖွဲရဲ့တပ်စခန်းတခုဖြစ်တယ်လို့သိရပါတယ်။ဒုံးပျံPDF အဖွဲ့က ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း သူတို့ရဲ့…
Read Moreစစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်ရဲစခန်းက အကြမ်းဖက်စစ်တပ်နဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက် သေဆုံးစစ်သား ၃ ဦးနဲ့ လက်နက်တချို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ဒီပဲရင်းအခြေစိုက် ဂဠုန်တပ်တော်က သတင်းထုတ်ပြန်ပါတယ်။ ဧပြီ ၈ ရက်နေ့ညက စခန်းသိမ်းတိုက်ပွဲ ဖြစ်ပွားခဲ့တဲ့ ဘုတလင်မြို့နယ်၊ ကူတော် ရဲစခန်းက အကြမ်းဖက်စစ်တပ်နဲ့ ဂဠုန်တပ်တော် တပ်ရင်း ၁ တို့ ဧပြီ ၁၀ ရက်နေ့ မွန်းလွဲပိုင်းမှာ မိနစ် ၃၀ ကြာ ထိတွေ့မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မနေ့ညက…
Read More