ဘုတလင်မြို့နယ်မှာ စစ်ကောင်စီက ညမထွက်ရအမိန့် ထုတ်ပြန်လို့ မြို့ခံတွေ အခက်ကြုံရ

စစ်ကိုင်းတိုင်းဒေသကြီး၊မုံရွာခရိုင်၊ဘုတလင်မြို့နယ်မှာ စစ်ကောင်စီက ည၈နာရီကမနက်လေးနာရီအထိ ညမ ထွက်ရအမိန့် ပုဒ်မ (၁၄၄) ထုတ်လိုက်တာကြောင့် ဒေသခံစျေးသည်တွေ အခက်အခဲတွေဖြစ်နေ ကြရတယ်လို့ မြို့ခံတွေကDNA ကိုပြောပါတယ်။
“စျေးသည်တွေဆိုတာ မနက်သုံးနာရီလောက်ကတည်းက ကုန်ကြိုတာ(ကုန်ပစ္စည်းဝယ်တာ)ကို လုပ်ပြီး ရောင်း နေကျစျေးတွေဟာ အချိန်မီရောင်းနိုင်ဖို့ကို လုပ်ရတာ၊အခုဟာ မနက် ၄နာရီမှထွက်ရမယ်ဆိုတော့ အခက်အခဲ ဖြစ်တာပေါ့ဒီဘက်တွေဆိုတာက သွားရေးလာရေးနဲနဲခက်တဲ့နေရာတွေလေ၊ တစ်နေရာနဲ့တစ် နေရာကလည်း ဝေးတယ်”လို့ ဘုတလင်မြို့ခံတစ်ဦးက ပြောပါတယ်။
ဘုတလင်မြို့နယ်ထဲက ကျေးရွာတချို့ကို စစ်ကောင်စီက စစ်ကြောင်းစထိုးတဲ့ စက်တင်ဘာ (၁၃)ရက်မှာပဲ ပုဒ်မ (၁၄၄)ထုတ်ပြန်ကြောင်း လိုက်လံကြေညာတာဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။ဒါကြောင့် စစ် ကြောင်း ထိုးတာနဲ့ ပုဒ်မ(၁၄၄)ထုတ်ပြန်တာ ဆက်စပ်မှုရှိနိုင်တယ်လို့ မြို့ခံတွေက ယူဆကြပါတယ်။
မုံရွာခရိုင်မှာ မုံရွာမြို့နယ်၊အရာတော်မြို့နယ်၊ဘုတလင်မြို့နယ်နဲ့ချောင်းဦးမြို့နယ်တို့ပါဝင်ပြီး စစ်ကောင်စီက ဘုတလင်မြို့နယ်တစ်ခုတည်းမှာသာ ညမထွက်ရအမိန့် ထုတ်ပြန်တာဖြစ်တယ်လို့ သိရပါတယ်။
“စစ်ကြောင်းကတော့ ရွာတွေဘက်ကို ဝင်နေတယ်လို့ သိရတယ်၊ ဘယ်ရွာလဲတော့အတိအကျမသိဘူး၊ အခုဟာက ဖုန်းလိုင်းတွေကဆက်သွယ်ရခက်တယ်၊နောက်လုံခြုံရေးအခြေအနေကြောင့် မပြောရဲ ကြဘူး”လို့ ဘုတလင်မြို့ ပေါ်မှာနေထိုင်တဲ့ ဒေသခံတစ်ဦးကပြောပါတယ်။
ဒေသကာကွယ်ရေးတပ်တွေ ရှိနေတဲ့ ဘုတလင်မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတွေ မ ကြာခဏ တိုက်ပွဲဖြစ်လေ့ရှိပြီး စက်တင်ဘာ (၁၃)ရက်ကတော့ စစ်ကောင်စီတပ်က ပဲပြစ်တော အရှေ့ရွာတဝိုက်မှာ စီးနင်း တိုက်ခိုက်မှုတွေ လုပ်ခဲ့ပါတယ်။
အဲ့ဒီလို စီးနင်းတိုက်ခိုက်မှုကြောင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့တခုဖြစ်တဲ့ ဒုံးပျံ LPDF တပ်ဖွဲ့ရဲ့စခန်းတခုစီ းနင်းခံရ ပြီး အဖွဲ့ဝင်ရဲဘော်တချို့ကျဆုံးခဲ့ပါတယ်။
ဘုတလင်မြို့နယ်မှာအခုလို ပုဒ်မ (၁၄၄)ထုတ်ပြန်ခဲ့တာကြောင့် ဒေသခံစျေးသည်တွေတင်မကပဲ နီးရာ မြို့နယ် တွေက ဒေသခံတွေအနေနဲ့လည်း အခက်အခဲဖြစ်ရတယ်လို့ ဒီပဲယင်းမြို့ခံတစ်ဦးကပြောပါတယ်။
“ဈေးသည်တွေက မနက် သုံးနာရီလောက်ကတည်းက မုံရွာနယ် အလုံဘက်က ကုန်စိမ်းတို့ စားသောက် ကုန်တို့ ယူပီး နယ်မှာ ပြန်ရောင်းချကြရတာလေ၊အခုလို အချိန်ကန့်သတ်ထုတ်လိုက်တော့ ဈေးဝယ်ပြီး ပြန်ရောင်းချဖို့ အချိန်မရှိတော့တာပေါ့”လို့ ဒီပဲယင်းမြို့ခံတဦးကပြောပါတယ်။