ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက်ကို ကန့်ကွက်ကြောင်းနဲ့ အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း ဆန္ဒပြပွဲကို စစ်တပ်ထောက်ခံတဲ့ အမျိုးသားရေး ဆရာတော် ဦးဝီရသူဦးဆောင်ပြီး ကရင်ပြည်နယ်၊ဘားအံမြို့မှာ ဇန်နဝါရီ(၁၇)ရက်က လုပ်ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ဦးဝီရသူဟာ အမှတ်(၃) ရပ်ကွက်မှာရှိတဲ့ မဲဘောင်ဘုန်းကြီးကျောင်းကိုရောက်ရှိလာတာဖြစ်ပြီး ကုလလုံခြုံရေး ကောင်စီဆုံးဖြတ်ချက်ကိုကန့်ကွက်ကြောင်း အကြမ်းဖက်မှုတွေကို ဆန့်ကျင်ကြောင်း စစ်တပ်ထောက်ခံသူတွေရဲ့ ဆန္ဒပြပွဲမှာ ဦးဆောင်ဟောပြောခဲ့တယ်လို့ ဘားအံမြို့ခံတဦးကပြောပါတယ်။ စစ်တပ်ဆန့်ကျင်သူတွေ၊ဒေါ်အောင်ဆန်းစုကြည်အပါအဝင် NLD ပါတီဝင်တွေကို ဝေဖန်ပုတ်ခတ်လေ့ရှိသလို ဘာ သာရေး မုန်းတီးမှုဖြစ်စေတဲ့ သွေးထိုးလှုံ့ဆော်မှုတွေ…
Read More