ဖျာပုံမြို့မှာ ၁၈နှစ်အရွယ် လူငယ်တစ်ဦးအသတ်ခံရ  (တရားခံမမိသေး)

ဖျာပုံမြို့မှာ ၁၈နှစ်အရွယ် လူငယ်တစ်ဦးအသတ်ခံရ (တရားခံမမိသေး)

၂၃၊ ဇန်နဝါရီလ ၊ ၂၀၂၁။ ဖျာပုံမြို့မ(၁၁)ရပ်ကွက်၊ ရွှေညောင်ပင်(၁၀)လမ်းဘေးမှာ ဒီကနေ့မနက်ပိုင်းက လူငယ်တစ်ဦး ဦးခေါင်းဒဏ်ရာနဲ့ သေဆုံးနေခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းက တာဝန်ရှိသူကပြောပါတယ်။ သေဆုံးသူမှာ ကျုံကူကျေးရွာက အသက်(၁၈)နှစ်အရွယ်လူငယ်တစ်ဦးပါ။ ယခင်စကားများရန်ဖြစ်ခဲ့တဲ့ လူတွေက အဲဒီလူငယ်ကို ဇန်နဝါရီလ ၂၂ရက်နေ့ ည၇နာရီလောက်မှာ လာခေါ်သွားပြီးနောက် ပျောက်သွားပြီး ဒီကနေ့မနက်ပိုင်းမှာမှ လမ်းဘေးမှာ သေဆုံးလျက်တွေ့ရှိခဲ့တယ်လို့ ဖျာပုံမြို့မရဲစခန်းက တာဝန်ရှိသူကပြောပါတယ်။ ဦးခေါင်းဝဲဘက်နားနောက် သွေးထွက်ဒဏ်ရာ (၂)ချက်၊ ဝဲဘက်နားသွေး ထွက်ဒဏ်ရာတစ်ချက်နဲ့ သေဆုံးနေပြီး အခင်းဖြစ်တဲ့နေရာမှာ…

Read More