ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ အကြမ်းဖက်စစ်အုပ်စုကို အမေရိကန်သမ္မတ တောင်းဆို

ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်သွားဖို့ အကြမ်းဖက်စစ်အုပ်စုကို အမေရိကန်သမ္မတ တောင်းဆို

၂၇ ၊ အောက်တိုဘာလ ၊ ၂၀၂၁ ။ ဒီမိုကရေစီလမ်းကြောင်း‌ပေါ် ပြန်သွားဖို့ အမေရိကန်သမ္မတကြီးက မြန်မာအကြမ်းဖက်စစ်အုပ်စုကို တောင်းဆို လိုက်ပါတယ်။ မနေ့က အွန်လိုင်းကနေ ကျင်းပတဲ့ အမေရိကန်-အာဆီယံ ထိပ်သီးအစည်းအဝေးမှာ အမေရိကန်သမ္မတ ဂျိုးဇက် အာ ဘိုင်ဒင် ဂျူနီယာက တောင်းဆိုလိုက်တာပါ။ မြန်မာနိုင်ငံအတွင်း စစ်အာဏာသိမ်းမှု၊ ကြောက်မက်ဖွယ်ရာအကြမ်းဖက်နေမှုနဲ့ပတ်သက်ပြီး အလွန်အမင်း စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့သလို  အကြမ်းဖက်နေမှုချက်ချင်းရပ်တန့်ဖို့၊ မတရားဖမ်းဆီးခံထားရသူတွေကို ပြန်လွှတ်ပေးဖို့နဲ့မြန်မာနိုင်ငံကို ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်လည်ရောက်ရှိရေးဆောင်ရွက်ဖို့အမေရိကန်သမ္မတကြီးက  မြန်မာစစ်အာဏာရှင်ကိုတောင်းဆိုခဲ့ပါတယ်။…

Read More