ထိုင်းနိုင်ငံမှာ ဆေးခြောက်ပင်တစ်သန်း အခမဲ့ဖြန့်ဝေမယ်လို့ ကျန်းမာရေးဝန်ကြီးပြော

ထိုင်းနိုင်ငံမှာ ဆေးခြောက်ပင်တစ်သန်း အခမဲ့ဖြန့်ဝေမယ်လို့ ကျန်းမာရေးဝန်ကြီးပြော

အိမ်တွင်းဆေးခြောက်စိုက်ပျိုးခွင့်ဥပဒေသစ် သတ်မှတ်ဖို့  ဇွန်လအတွင်း နိုင်ငံတဝှမ်းကအိမ်ထောင်စုတွေကို ထိုင်းအစိုးရက ဆေးခြောက်ပင်တစ်သန်း အခမဲ့ ဖြန့်ဝေသွားမယ်လို့ ကျန်းမာရေးဝန်ကြီးက ဆိုပါတယ်။ ကျန်းမာရေးဝန်ကြီး Anutin Charnvirakul က အိမ်စားသီးနှံတွေလိုပဲ ဆေးခြောက်ပင်တွေကို စိုက်ပျိုးဖို့ ရည်ရွယ်ထားတယ်လို့ မေလ ၈ ရက်က သူ့ရဲ့ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ဖော်ပြခဲ့ပါတယ်။ စည်းမျဉ်းသစ်က ဇွန်လ ၉ ရက်နေ့မှာ စတင်အသက်ဝင်မှာဖြစ်ပြီး  ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့ဆီ အသိပေးပြီး ဒေသခံတွေကို အိမ်မှာ ဆေးခြောက်ပင် စိုက်ပျိုးခွင့်ပြုသွားမှာပါ။ ဒါပေမယ့်…

Read More
စစ်အုပ်စုကိုင်တွယ်တဲ့ CI သက်တမ်းတိုးလုပ်ငန်းစဉ် ထိုင်းရောက်မြန်မာတွေကို လည်မျိုညှစ်နေ

စစ်အုပ်စုကိုင်တွယ်တဲ့ CI သက်တမ်းတိုးလုပ်ငန်းစဉ် ထိုင်းရောက်မြန်မာတွေကို လည်မျိုညှစ်နေ

၂၆၊ဇန်နဝါရီလ၊၂၀၂၂။ ထိုင်းနိုင်ငံအတွင်းရှိ မြန်မာရွှေ့ပြောင်းလုပ်သားတွေအတွက် CI (Certificate of Identity )လို့ခေါ်တဲ့ မည်သူ မည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် သက်တမ်းတိုးခြင်းလုပ်ငန်းဟာ ဘတ်၅၀၀၀ ဝန်းကျင်ကျသင့်နေပြီဖြစ်ပါတယ်။ ပုံမှန်ဆို ထိုင်းနိုင်ငံရှိ Seven Eleven ဆိုင်တွေမှာလက်ရှိ ကိုင်ဆောင်ထား တဲ့ CI စာအုပ် နံပါတ်နဲ့ စာအုပ်ဖိုး ဘတ်၃၀၀ နဲ့ ဝန်ဆောင်ခ ၁၀ ဘတ် စုစုပေါင်း ဘတ် ၃၁၀ သာပေးသွင်းရမယ့်အနေအထားကနေ ပွဲစား…

Read More
အာဏာသိမ်းပြီးနောက် ထိုင်းကိုမြန်မာတွေ တရားမဝင် ဝင်ရောက်မှု ဆယ်စုနှစ်အတွင်းအများဆုံး

အာဏာသိမ်းပြီးနောက် ထိုင်းကိုမြန်မာတွေ တရားမဝင် ဝင်ရောက်မှု ဆယ်စုနှစ်အတွင်းအများဆုံး

၂၅၊ဇန်နဝါရီလ၊ ၂၀၂၂။ အာဏာသိမ်းပြီးနောက်ပိုင်း ထိုင်းနိုင်ငံထဲကိုတရားမဝင် မြန်မာရွှေ့ပြောင်းလုပ်သားတွေ အစုလိုက်အပြုံလိုက် ဝင်လာတာဟာ ဆယ်စုနှစ်၂ခုအတွင်းအများဆုံးဖြစ်တယ်လို့ ပညာရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးဖောင် ဒေးရှင်း (FED)ရဲ့ အမှုဆောင်ဒါရိုက်တာ ဦးထူးချစ်ကပြောပါတယ်။ ထိုင်းနိုင်ငံအတွင်း မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအရေးဆောင်ရွက်နေတဲ့အဖွဲ့တွေစုဖွဲ့ထားတဲ့ MWG ရဲ့ စစ်တမ်းအရ အာဏာသိမ်းပြီးချိန်ကစလို့ ၂၀၂၁ခုနှစ်ကုန်အထိ ထိုင်းနိုင်ငံအတွင်းတရားမဝင်ဝင်ရောက်လာသူ မြန်မာ၆သောင်းခွဲကို ဖမ်းဆီးမိပြီး မြန်မာနိုင်ငံကိုပြန်ပို့ခဲ့တယ်လို့ သိရပါတယ်။ ‘မြန်မာနိုင်ငံမှာ ကိုဗစ်ကပ်ဆိုးကြောင့် အလုပ်အကိုင်ရှားပါးလာတာတစ်ကြောင်း စစ်အာဏာသိမ်းထားလို့ နိုင် ငံရေးမတည်ငြိမ်မှုတွေနဲ့ အကြမ်းဖက်မှုတွေကြောင့် အဲဒီ၂ခုပေါင်းပြီး တော့ ရွှေ့ပြောင်းလုပ်သားတွေဟာ…

Read More
ထိုင်းနိုင်ငံ၊မဲဆောက်ဘက်ထွက်ပြေးလာတဲ့မြန်မာစစ်ဘေးဒုက္ခသည် ၅၀၀၀ကျော်ရှိပြီ

ထိုင်းနိုင်ငံ၊မဲဆောက်ဘက်ထွက်ပြေးလာတဲ့မြန်မာစစ်ဘေးဒုက္ခသည် ၅၀၀၀ကျော်ရှိပြီ

၂၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မြဝတီမြို့နယ်၊လေးကေ့ကော်ကို အကြမ်းဖက်စစ်အုပ်စုက ထိုးစစ်ဆင်နေတာကြောင့် သောင်ရင်းမြစ်ကို ဖြတ်ပြီး ထိုင်းနိုင်ငံ၊မဲဆောက်ဘက်ထွက်ပြေးလာသူ မြန်မာစစ်ဘေးဒုက္ခသည် ၅၀၀၀ကျော်ရှိပြီလို့ ဘန်ကောက်ပို့စ်သတင်းကဖော်ပြပါတယ်။ ဒီဇင်ဘာလ ၂၆ရက်နေ့အထိ ထိုင်းနိုင်ငံဘက်ထွက်ပြေးလာသူ ၅၃၅၈ဦးရှိပြီဖြစ်ကြောင်းတာ့ခ်ပြည်နယ် အုပ်ချုပ်ရေးမှူး Somchai Kitcharoenrungroj က ပြောတယ်လို့ဆိုပါတယ်။ မြန်မာစစ်ဘေးဒုက္ခသည်တွေအတွက်စားနပ်ရိက္ခာနဲ့ဆေးဝါးတွေပြင်ဆင်ထားဖို့ ထိုင်းဝန်ကြီးချုပ်ကညွှန်ကြား ထားသလို မဲဆောက်နဲ့ Phop Phra ဒေသကို ရောက်လာတဲ့ ဒုက္ခသည်တွေကို သက်ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူတွေက လူသားချင်းစာနာမှု အကူအညီတွေ ပေးနေတယ်လို့လည်း…

Read More
မြန်မာဘက်ခြမ်းမှာ စစ်ပွဲတွေပြန်ဖြစ်နေတာကြောင့် စစ်ဘေးရှောင်တွေ မပြန်ကြသေးဖို့ ထိုင်းတာဝန်ရှိသူတွေ တားမြစ်ထား

မြန်မာဘက်ခြမ်းမှာ စစ်ပွဲတွေပြန်ဖြစ်နေတာကြောင့် စစ်ဘေးရှောင်တွေ မပြန်ကြသေးဖို့ ထိုင်းတာဝန်ရှိသူတွေ တားမြစ်ထား

၁၉၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကရင်ပြည်နယ် မြဝတီမြို့နယ် လေးကေကော်မြို့သစ်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေအတွင်းမှာ နယ်စပ်ဖြတ်ကျော်ကာ စစ်ဘေးတိမ်းရှောင်နေတဲ့ ပြည်သူတွေကို ထိုင်းနိုင်ငံက စောင့်ရှောက်ကူညီပေးထားပြီး နေရပ်တွေကို အလောတကြီး မပြန်ကြသေးဖို့ ထိုင်းတာဝန်ရှိသူတွေက တားမြစ်ထားပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၁၉ရက်နေ့ မနက်ပိုင်းမှာ တိုက်ပွဲပြန်လည်ဖြစ်ပွားနေတာကြောင့် နေရပ်ပြန်လိုသူ စစ်ဘေးရှောင်တွေအနေနဲ့ နေရပ်မပြန်ကြသေးဘဲ ယာယီဆက်လက်နေထိုင်ကြဖို့ ထိုင်းအစိုးရအဖွဲ့နဲ့ စစ်ဘေးရှောင်စခန်းတာဝန်ရှိသူတွေက ပြောပါတယ်။ “ဒီမနက်ပိုင်းမှာ နှစ်ဖွဲ့ခွဲပြန်တယ် အယောက် ၅၀လောက်ရှိမယ် ထိုင်းဘက်က…

Read More
ထိုင်းနိုင်ငံမှာ လူမှောင်ခိုကား တိမ်းမှောက်မှုကြောင့် မြန်မာ ၃ ဦး သေဆုံး

ထိုင်းနိုင်ငံမှာ လူမှောင်ခိုကား တိမ်းမှောက်မှုကြောင့် မြန်မာ ၃ ဦး သေဆုံး

၇၊ အောက်တိုဘာလ၊ ၂၀၂၁။ ထိုင်းနိုင်ငံ တာ့ခ်ပြည်နယ်နဲ့နီးတဲ့ ကမ်ဖယ်ဖက်ပြည်နယ်ထဲမှာ မြန်မာနိုင်ငံသားတွေကို လူကုန်ကူးသူတွေက တင်ဆောင်လာတဲ့ ကားတစီး နိုဝင်ဘာလ ၅ရက်နေ့ညက တိမ်းမှောက်ခဲ့တယ်လို့ Bangkok Post သတင်းဌာနက ဖော်ပြပါတယ်။ ကားတိမ်းမှောက်တာကြောင့် ဒဏ်ရာရလူနာတွေ အပါအဝင် လူ ၂၃ ဦးကို လူကုန်ကူးသူတွေက စွန့်ပစ်သွားခဲ့တာကြောင့် လူ ၃ ဦးသေဆုံးပြီး ၄ ဦးကတော့ ပြင်းထန်တဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံပို့ ကုသခံနေရပါတယ်။ ထိုင်း-မြန်မာနယ်စပ်…

Read More
ရေကြီးမှုဘေးအန္တရာယ်ဟာ ထိုင်းနိုင်ငံအတွက် အဓိက ပြဿနာဖြစ်လာ 

ရေကြီးမှုဘေးအန္တရာယ်ဟာ ထိုင်းနိုင်ငံအတွက် အဓိက ပြဿနာဖြစ်လာ 

၂၉၊ စက်တင်ဘာလ၊ ၂၀၂၁။ ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထိုင်းင်ငံမှာ မိုးအလွန်ကြီးခဲ့တာကြောင့် ဒေသတော်တော်များများမှာ ရေလွှမ်းမိုးမှုတွေဖြစ်ပေါ်ခဲ့ပြီး လူသေဆုံးမှုတွေနဲ့ အိုးအိမ်စွန့်ခွာနေရသူတွေ များပြားလာခဲ့ပါတယ်။ လက်ရှိမှာ ထိုင်းအာဏာပိုင်တွေဟာ ရေလွှမ်းမှုအန္တရာယ်အတွက် မနေ့က သတိပေးချက်တွေ ထပ်မံထုတ်ပြန်ခဲ့ပြီး ရေလွှမ်းမိုးမှုကြောင့် အနည်းဆုံး လူ ၇ ဦးအထိ သေဆုံးခဲ့ပြီလို့ ထိုင်းအာဏာပိုင်တွေက ထုတ်ပြန်ပါတယ်။ တီအန်မူလို့ ခေါ်တဲ့ အပူပိုင်းမုန်တိုင်းကြောင့် နိုင်ငံအတွင်း ရေကြီးမှုတွေဖြစ်ပေါ်ခဲ့ပြီးနောက်မှာ ရေကြီးမှုကြောင့် လူတစ်ဦးပျောက်ဆုံးနေကြောင်း ထိုင်းနိုင်ငံ ဘေးအန္တရာယ်ကာကွယ်တားဆီးရေး…

Read More