1. Home
  2. #တောဆင်ရိုင်း#ဝင်ရောက်ဖျက်ဆီး#မြစ်တစ်ရာသစ်တောကြိုးဝိုင်း

Tag: #တောဆင်ရိုင်း#ဝင်ရောက်ဖျက်ဆီး#မြစ်တစ်ရာသစ်တောကြိုးဝိုင်း

ဒေသအလိုက် သတင်းကဏ္ဍ
မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း ရှစ်ကောင်ဝင်ရောက် ဖျက်ဆီးမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း တောဆင်ရိုင်း ရှစ်ကောင်ဝင်ရောက် ဖျက်ဆီးမှုကြောင့် အမျိုးသမီးတစ်ဦး ဒဏ်ရာရ

၂၀ ၊ စက်တင်ဘာလ ၊ ၂၀၂၀ ။ ငပုတောမြို့နယ် မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း နေအိမ်ထဲကို တောဆင်ရိုင်းရှစ်ကောင်၀င်ရောက်ဖျက်စီးခဲ့တာကြောင့် အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ တင်းချောင်းကျေးရွာအုပ်စု သစ်တိုပင်ကျေးရွာရှိ မြစ်တစ်ရာသစ်တောကြိုးဝိုင်းအကွက်အမှတ်(၈၉)မှ နေအိမ်တစ်အိမ်ကို တောဆင်ရိုင်း ရှစ်ကောင်က ၀င်ရောက်ဖျက်စီးခဲ့ပြီး ဆင်တစ်ကောင်ရဲ့ တိုက်ခိုက်မှုကြောင့် အဆိုပါနေအိမ်မှ အသက် ၂၁နှစ်အရွယ်အမျိုးသမီးတစ်ဦး ဒဏ်ရာရရှိခဲ့ပါတယ်။ “သူတို့ မိသားစု အိပ်နေတဲ့အချိန်မှာ တောဆင်တွေက၀င်လာတော့ ထွက်ပြေးကြတာ အဲ့ကောင်မလေးက သူ့ကလေးကိုချီပြီး ထွက်ပြေးတော့ဆင်က နှာမောင်းနဲ့ရိုက်ချလိုက်တာ နံရိုးကျိုးသွားတယ်ထင်တယ်…