နိုင်ငံရေး

ဆောမြို့နယ် လေကြောင်းပစ်ခတ်မှု ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေထိခိုက်မှုမရှိ

ဆောမြို့နယ်၊ ညောင်ကန်ကျေးရွာမှာ စစ်ကောင်စီက မနေ့ကလုပ်ခဲ့တဲ့ လေကြောင်းတိုက်ခိုက်မှုဟာ မှားယွင်းပစ်ခတ်မှုသာဖြစ်ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုမရှိဘူးလို့ ဆောမြို့ဒေသခံတွေက DNA ကိုပြောပါ တယ်။   “ဘာမဆီမဆိုင်လျောက်ပစ်တာ၊ ကာကွယ်ရေးခေါင်းဆောင်တွေအစည်းအ‌ဝေးလုပ်နေတယ်ဆိုပြီးပစ်တာ၊ အစည်းအဝေးလုပ်တဲ့နေရာနဲ့ကတခြားစီ၊ ပြည်သူတွေဘာဖြစ်ဖြစ် ဘာမှကိုထည့်မတွက်တဲ့ကောင်တွေ” လို့ ဆောဒေသခံတဦးကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]