ရေနစ်နေတဲ့ အမျိုးသမီးနှစ်ဦးကို ကယ်ဆယ်ပေးဖို့ကြိုးစားတဲ့အမျိုးသား ရေနစ်သေဆုံး
ကျောက်ဆည်ခရိုင် ဆင်ခေါင်းတောင်အနီးက အပန်းဖြေစခန်းတခုမှာ ရေနစ်နေတဲ့ အမျိုးသမီးနှစ်ဦးကို ကူညီ ကယ်ဆယ်ဖို့ကြိုးစားခဲ့တဲ့ အမျိုးသားတဦး ရေနစ်သေဆုံးခဲ့တယ်လို့ မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့ မန္တလေးတိုင်းရုံး အဖွဲ့ဝင်တဦးကDNA ကိုပြောပါတယ်။ “ရေနစ်တော့ ကမ်းပေါ်က ယောက်ျားလေးတယောက်က ဆင်းကယ်တာ၊ဖြစ်ချင်တော့သူက ရေကူးတတ်တဲ့ လူမဟုတ်ဘူး”လို့သူကပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]