ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်ဈာပနအခမ်းအနား

ဂျပန်ဝန်ကြီးချုပ်ဟောင်းရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်ဈာပနအခမ်းအနား

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံတော်စျာပနအခမ်းအနားကို တိုကျိုမြို့မှာ ဒီနေ့ ကျင်းပနေပါတယ်။ အခမ်းအနားကို မစ္စတာအာဘေးရဲ့ မိသားစုဝင်တွေ ဂျပန်တော်ဝင်မိသားစုဝင်တွေ ၊ အစိုးရအဖွဲ့ဝင်နေတွေနဲ့ ပြည်ပကဧည့်သည်တွေ တက်ရောက်လာကြတယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက အသက် ၆၇ နှစ်အရွယ် မစ္စတာ အာဘေးဟာ နိုင်ငံတောင်ပိုင်း နာရာမြို့က ရထားဘူတာရုံတစ်ခုရဲ့ အပြင်ဘက်မှာ ရွေးကောက်ပွဲ မဲဆွယ်ပွဲတစ်ခုမှာ မိန့်ခွန်းပြောနေစဉ် အနောက်ကနေ သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့တာ ဖြစ်ပါတယ်။

Read More