မြောင်နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတထောင်ကျော် ထွက်ပြေးနေရ

မြောင်နယ်မှာ စစ်ကြောင်းထိုးလို့ ဒေသခံတထောင်ကျော် ထွက်ပြေးနေရ

စက်တင်ဘာ၊ ၁၅   စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ် ဧရာဝတီမြစ် အနောက်ဖက်ကမ်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက စက်တင်ဘာလ ၁၄ ရက်၊ မနက်ပိုင်း အစောပိုင်းကတည်းက စစ်ကြောင်းထိုးလို့ ဒေသခံတထောင်ကျော်လောက်ဟာ ဘေးကင်းရာကို နေရပ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။   “ မနက်အစောကြီးကို စက်လှေတွေနဲ့ ဒီဖက်ကူးလာတာပေါ့။ စစ်ကြောင်းက အခုနှစ်ကြောင်းခွဲပြီး ညှပ်ထိုးနေတဲ့ သဘောပဲ ” လို့ မြောင်ပြည်သူ့ကာကွယ်ရေးအဖွဲ့ ဇုန်သုံး တာဝန်ခံ ကိုအားမာန် ဆိုပါတယ်။…

Read More
မြင်းမူမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ ‌PDF နဲ့ ဒေသခံတချို့ သေဆုံး

မြင်းမူမှာ စစ်ကောင်စီတပ် စစ်ကြောင်းထိုးလို့ ‌PDF နဲ့ ဒေသခံတချို့ သေဆုံး

စက်တင်ဘာ၊ ၁၅   စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ကို စက်တင်ဘာလ ၁၄ ရက်၊ မနေ့က မနက် ၃ နာရီခန့်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးလို့ ပြည်သူ့ကာကွယ်ရေးတပ် (PDF)တွေနဲ့ ဒေသခံတွေ သေဆုံးမှု ရှိသလို အဖမ်းခံရတာလည်း ရှိခဲ့ပါတယ်။   “‌ အသတ်ခံရတဲ့ ဒေသခံတွေလည်း ရှိတယ်။ PDF အလောင်းတွေလည်း ရေထဲမျောနေတာတွေ ရှိတယ် ” လို့ လုံခြုံရေးအရ အမည်မဖော်လိုသူ မြင်းမူဒေသခံတဦးက…

Read More
ထိုင်းမှာ ခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် ခြောက်ရာကျော်ကို ပြည်တွင်းပြန်ပို့

ထိုင်းမှာ ခိုလှုံနေတဲ့ ကရင်နီစစ်ရှောင် ခြောက်ရာကျော်ကို ပြည်တွင်းပြန်ပို့

စက်တင်ဘာ၊ ၁၂   ကရင်နီ (ကယား)ပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲကနေ ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်ခရိုင်ထဲကို ထွက်ပြေးခိုလှုံနေတဲ့ ကရင်နီ စစ်ဘေးရှောင်တွေထဲက ခြောက်ရာကျော်ကို ထိုင်းအာဏာပိုင်တွေက စက်တင်ဘာလ အစောပိုင်းကနေစပြီး နေရပ်ပြန်ပို့လိုက်ပါတယ်။   ” ထိုင်းရဲ့ Policy (မူဝါဒ) အတိုင်းပေါ့နော်။ နယ်မြေတစုံတရာ အေးချမ်းပြီလို့ သူတို့က သတ်မှတ်ရင် သူတို့နိုင်ငံထဲ ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ပြန်ပို့တာက အမြဲတမ်းလုပ်နေကျ။ အခုလည်း အဲလိုလုပ်တာလို့ ပြောလို့ရတယ် ”…

Read More
တနင်္သာရီတိုင်းမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် နှစ်သောင်းခွဲကျော် ဆက်ရှိနေ

တနင်္သာရီတိုင်းမှာ နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင် နှစ်သောင်းခွဲကျော် ဆက်ရှိနေ

စက်တင်ဘာ၊ ၁၁   မြန်မာနိုင်ငံ တောင်ဘက်စွန်း တနင်္သာရီတိုင်းမှာ ၂၀၂၃ ခုနှစ်၊ သြဂုတ်လကုန်အထိ စာရင်းတွေအရ နေရပ်မပြန်နိုင်သေးတဲ့ စစ်ဘေးရှောင်ဦးရေ နှစ်သောင်းခြောက်ထောင်ဝန်းကျင် ဆက်ရှိနေသေးတယ်လို့ ဒေါန-တနင်္သာရီ စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ထံကနေ သိရပါတယ်။   ” စစ်ကြောင်းထိုးတာတွေ၊ အိမ်မီးရှို့ခံရတာတွေ၊ လက်နက်ကြီးနဲ့ အပစ်ခံရတာတွေကြောင့် ထွက်ပြေးတိမ်းရှောင်ရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် တိုက်ပွဲတွေ နည်းလာလည်း စစ်ရှောင်တွေ နေရပ်မပြန်နိုင်ကြသေးတာပါ ” လို့ ဒေါန-တနင်္သာရီ တာဝန်ရှိသူတဦးက DNA…

Read More
မူဆယ်အနီးမှာ စစ်ကောင်စီနဲ့ TNLA တပ်တို့ စစ်ရေးတင်းမာနေလို့ ဒေသခံတွေ နေရပ်မပြန်ရဲသေး

မူဆယ်အနီးမှာ စစ်ကောင်စီနဲ့ TNLA တပ်တို့ စစ်ရေးတင်းမာနေလို့ ဒေသခံတွေ နေရပ်မပြန်ရဲသေး

စက်တင်ဘာ၊ ၃   ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ် အတွင်းရှိ စယ်လန့်ကျေးရွာနဲ့ အနီးနားက ရွာတွေမှာ စစ်ကောင်စီတပ်တွေနဲ့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ကြား စစ်ရေးတင်းမာနေတဲ့အတွက် နေရပ်မပြန်ရဲကြသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။   “ အဓိကတော့ လက်နက်ကြီး ကြောက်လို့ မပြန်တာပေါ့။ ရွာမှာက လက်နက်ကြီးနဲ့ ခဏခဏပစ်ခံနေရတော့ ဘယ်လိုမှ မနေရဲကြဘူး ” လို့ စယ်လန့် ဒေသခံတဦးက ဆိုပါတယ်။   လက်တလောမှာ…

Read More
ခင်ဦးမှာ စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံ ရှစ်ထောင်ကျော် မိုးရေထဲတိမ်းရှောင်နေရ

ခင်ဦးမှာ စစ်ကောင်စီစစ်ကြောင်းထိုးလို့ ဒေသခံ ရှစ်ထောင်ကျော် မိုးရေထဲတိမ်းရှောင်နေရ

သြဂုတ်၊ ၃၁   စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် တောင်ဘက်ခြမ်းက ကျေးရွာတွေကို စစ်ကောင်စီက စစ်ကြောင်းထိုးနေတာကြောင့် ဒေသခံ ရှစ်ထောင်ကျော် မိုးရေထဲ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေက ပြောပါတယ်။   “ တချို့ဆို ကောက်စိုက်နေရင်းတန်းလန်းနဲ့ရော ပျိုးနှုတ်ရင်းရော ပြေးရတာ၊ မိသားစုတကွဲ တပြား ပြေးရတာရှိတယ်၊ တချို့ဆို ဖုန်းပါမလာတာမျိုးတွေ ရှိတယ် အဝတ်အစားအပို မပါတာမျိုး ရှိတယ်။ မိုးထဲရေထဲကျတော့ တော်တော်ဒုက္ခရောက်တယ် “ လို့…

Read More
ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲလို့ တဦးသေ၊ နှစ်ဦးဒဏ်ရာရ

ဒီးမော့ဆိုအရှေ့ခြမ်းက စစ်ရှောင်စခန်းကို လေယာဉ်နဲ့ ဗုံးကြဲလို့ တဦးသေ၊ နှစ်ဦးဒဏ်ရာရ

သြဂုတ်၊ ၃၁   ကရင်နီ (ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အရှေ့ဘက်ခြမ်းမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတခုကို သြဂုတ်လ ၃၁ ရက်၊ မနက် ခြောက်နာရီခွဲလောက်မှာ စစ်ကောင်စီတပ် လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာကြောင့် စစ်ရှောင်အမျိုးသားတဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ပါတယ်။   ” ထိတာကတော့ သုံးယောက်၊ အမျိုးသားချည်းပဲ။ အဲထဲက တယောက်က ဆုံးသွားတာ ” လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ ထူထောင်သူ ကိုဗညားက DNA ကို ပြောပါတယ်။…

Read More
ကန့်ဘလူမှာ တိုက်ပွဲမရှိဘဲ စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းချီ မိုးထဲရေထဲ စစ်ရှောင်ရပြန်

ကန့်ဘလူမှာ တိုက်ပွဲမရှိဘဲ စစ်ကြောင်းထိုးနေလို့ ဒေသခံသောင်းချီ မိုးထဲရေထဲ စစ်ရှောင်ရပြန်

သြဂုတ်၊ ၃၀   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တောင်ဘက်ခြမ်းမှာ ရှိတဲ့ ကျေးရွာတွေကို သြဂုတ်လ ၃၀ ရက် မနက်မှာ စစ်ကောင်စီတပ်က တိုက်ပွဲမရှိဘဲ စစ်ကြောင်းထိုးလာတာကြောင့် ဒေသခံ သောင်းချီ စစ်ရှောင်နေရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။   “ ဒီနေ့မနက် နှစ်နာရီလောက်မှာ ရုတ်တရက် သရက်ခေါင်းရွာကို ဝင်လာတာ။ ဘာတိုက်ပွဲမှ ဖြစ်တာမျိုး မရှိဘူးဗျ။ ရုတ်တရက်မနက်ပိုင်းမှာ ဝင်လာတာဗျ။ ရွာထဲ စဝင်တယ်ဆို သူတို့လုပ်နေကျအတိုင်း…

Read More
အင်းတော်မြို့ရဲ့ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေကြောင့် ဒေသခံခြောက်ထောင်ကျော် တိမ်းရှောင်

အင်းတော်မြို့ရဲ့ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေကြောင့် ဒေသခံခြောက်ထောင်ကျော် တိမ်းရှောင်

သြဂုတ်၊ ၂၉   စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ရဲ့ အနောက်ဘက် ရှစ်မိုင်ခန့်အကွာ မော်တိတ်ဒေသမှာ စစ်ကောင်စီတပ်နဲ့ ကျောင်းသားတပ်မတော် ABSDF တို့ရဲ့ နှစ်ဖက်တိုက်ပွဲတွေကြောင့် သြဂုတ်လ ၂၇ ရက်ကစပြီး ဒေသခံ ခြောက်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။   တိုက်ပွဲဖြစ်ပွားရာ အနီးအနားရွာတွေဖြစ်တဲ့ မော်တိတ်၊ ရွာသာယာ၊ အောင်ကုန်း၊ နန့်သာ၊ ပေပင်နဲ့ နန့်စင် စတဲ့ကျေးရွာတွေက ဒေသခံတွေ ရှောင်တိမ်းနေကြရတာဖြစ်ပြီး နီးစပ်ရာကျေးရွာတွေနဲ့ ဘုန်းကြီးကျောင်းတွေမှာ…

Read More
ရေဦးနဲ့ဝက်လက်မှာ ဒေသခံသောင်းချီ စစ်ရှောင်ပြေးနေရပြန်

ရေဦးနဲ့ဝက်လက်မှာ ဒေသခံသောင်းချီ စစ်ရှောင်ပြေးနေရပြန်

သြဂုတ်၊ ၂၇   စစ်ကိုင်းတိုင်းဒေသကြီးထဲက ရေဦးမြို့နယ်အနောက်ဘက်ခြမ်းမှာရှိတဲ့ ကျေးရွာတွေနဲ့ ဝက်လက်မြို့နယ် အရှေ့ခြမ်းက သောင်းနဲ့ချီတဲ့ဒေသခံတွေဟာ စစ်ကောင်စီရဲ့ စစ်ကြောင်းထိုး ပစ်ခတ်မှုတွေကြောင့် အခုရက်ထဲမှာပဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ ရေဦးမြို့နယ်အနောက်ခြမ်းမှာတော့ ဒေသကာကွယ်ရေးတပ်တွေရဲ့ မိုင်းဆွဲတိုက်ခိုက်တာ ခံရတဲ့ စစ်ကြောင်းဟာ ဒီကနေ့ သြဂုတ်၂၇ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခံရပြီးတဲ့နောက် အနီးအနားက ကျေးရွာတွေကို ပစ်ခတ်စစ်ကြောင်းထိုးနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ” နယ်မြေခံပကဖတွေနဲ့ PDF တွေ ပေါင်းပြီး မိုင်းငါးလုံး ဖောက်ခွဲတိုက်ခိုက်တာ လေးဦးလောက် ထိခိုက်မှုရှိတယ်။…

Read More