ဒေသအလိုက် သတင်းကဏ္ဍ

ဆားတောင်မှာ ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ် ပစ်သတ်

ဇွန်၊၂၅ စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားတောင်မြို့နယ်မှာ ဒီကနေ့ နံနက်ပိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ဒေသတွင်းကာကွယ်ရေးတပ်ဖွဲ့တွေထံမှ သိရပါတယ်။ “ ပစ်ခံရတဲ့သတင်းကို ကျွန်တော်တို့ ကြားရတယ်၊ အပြင်ထွက်ပြီး ဈေးသွားဝယ်တာလို့ ပြောတယ်။ မြို့ပေါ်ဘက်မှာပဲ၊ ဖုန်းဆိုင်မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လေကြောင်းနဲ့တိုက်ခိုက်ခံထားရတဲ့ မိုးတားလေးကျေးရွာအုပ်စုကို စစ်ကောင်စီတပ်တွေမီးထပ်ရှို့နေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင် မိုးတားလေးကျေးရွာအုပ်စု ကိုပြီးခဲ့တဲ့ရက်ပိုင်းမှာပဲစစ်ကောင်စီရဲ့လေကြောင်းကတိုက်ခိုက်ခဲ့ပြီး ဒီကနေ့ ဇန်နဝါရီ ၂၂ရက်မနက်ပိုင်းမှာ နေအိမ်တွေကို မီးထပ်ရှို့နေတယ်လို့ ဒေသခံတွေကပြောပါတယ်။  ဒီကနေ့ မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ မိုးတားလေးကျေးရွာအုပ်စုထဲက တိုက်ကုန်းရွာကို စစ်တပ်က စစ်ကြောင်းထိုးမီးရှို့ခဲ့တာဖြစ်ပြီး ကျေးရွာအနီးမှာတိုက်ပွဲဖြစ်ပွားတာမရှိဘူးလို့လည်း ဒေသခံတွေကဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးနယ်ထဲက ရွာလေးရွာကိုပစ်ခတ်မီးရှို့နေလို့ ဒေသခံတွေထွက်ပြေးရပြန်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်မှာရှိတဲ့ ရွာတွေကို ဒီကနေ့ ဇန်နဝါရီ ၁၆ရက်မနက်ပိုင်းကစစ်ကြောင်းထိုးဝင်ရောက်လာပြီး ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ဘေးလွတ်ရာပြေးနေရတယ်လို့ခင်ဦးသတင်းမှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်။ ခင်ဦးမြို့နယ်ထဲကအင်တိုင်းလေးမြောက်ရွာ၊ သရက်ပင်စုရွာ၊ မြင်းဒေါင်းကျေးရွာနဲ့ မကျီးအုပ်ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက ပစ်ခတ်ဝင်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ ကျေးရွာတွေကို ပစ်ခတ်ဝင်ရောက်ချိန်မှာ လက်နက်ငယ်တွေနဲ့ အဆက်မပြတ်ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ တရက်တည်း ဒေသခံ ဆယ်ဦးအသတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၄ ရက်တရက်တည်းမှာဒေသခံ ၁၀ဦးကို စစ်ကောင်စီနဲ့ ပျူစောထီးအဖွဲ့တွေကသတ်ဖြတ်သွားတယ်လို့ ဒေသခံတွေကပြောပါတယ်။ ကန့်ဘလူမြို့နယ်၊ ငါးမြောင်ကျေးရွာမှာ နေအိမ်က ငါးနှစ်အရွယ်ကလေးငယ် အပါအဝင် NLD ပါတီထောက်ခံတဲ့ နေအိမ်က မိသားစုဝင်ရှစ်ဦး ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရာရှိအတွက် မနက်စာထွက်ယူတဲ့ စစ်ကောင်စီတပ်သား လေးဦးမိုင်းဆွဲခံရပြီး နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ထဲက လယ်ကြီးကျေးရွာနဲ့ နတ်ခရိုင်ရွာကြားမှာ ဒီကနေ့ ဇန်နဝါရီ ၁၂ ရက်မနက်ပိုင်းက သံချပ်ကာကွယ်ရေးဌာနချုပ် ၇၂ တပ် (ဒေသအခေါ် ခြေတော်ရာတပ်တွင်း)က စစ်ကောင်စီတပ်သား ၄ဦးမိုင်းဆွဲတိုက်ခိုက်ခံရပြီး ၂ဦးသေဆုံးတယ်လို့  Zero ပြောက်ကျား တပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကနီမှာလေးရက်အတွင်း ကာကွယ်ရေးတပ်ဖွဲ့က ခြောက်ဦးကျဆုံးပြီး ပြည်သူသောင်းချီစစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကနီမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၉ ရက်နေ့ကနေ မနေ့ ဒီဇင်ဘာ ၂၂ရက်အထိစစ်ကောင်စီရဲ့ စစ်ကြောင်းထိုးမှုတွေနဲ့ တိုက်ပွဲကြား ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်၆ ဦးကျဆုံးတယ်လို့သက်ဆိုင်ရာအဖွဲ့တွေက DNA ကိုအတည်ပြုပြောပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၁ရက်မှာဆိုရင်လည်း စစ်ကောင်စီရေယာဉ်တန်းနဲ့ လုံခြုံရေးယူပေးနေတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကောလင်းမှာ စစ်တပ်စစ်ကြောင်းထိုးမီးရှို့နေလို့ ပြည်သူနှစ်သောင်းကျော်စစ်ဘေးရှောင်နေရ

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်ထဲက ကျေးရွာတွေကို အခုဒီဇင်ဘာလအစောပိုင်းကစလို့ ရက်သတ္တပတ်နှစ်ပတ်နီးပါး စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးနေတာကြောင့်ဒေသခံသောင်းချီဘေးလွတ်ရာပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။   ဒီဇင်ဘာ ၉ ရက်နေ့မှာလည်း ကိုးတောင့်ဘို့နယ်က ထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ကောလင်းနယ်ထဲက ကျေးရွာတွေကို ဆက်တိုက်ဝင်ရောက်မီးရှို့နေတာကြောင့် ရွာပေါင်း ၂၃ ရွာက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ခင်ဦးမှာနေအိမ်မီးရှို့ခံရသူတွေနဲ့ ဒေသခံတွေဖမ်းဆီးခံရတာတွေဆက်ဖြစ်ပြီး စစ်ရှောင်သောင်းချီအထိဖြစ်လာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ထဲက ကျေးရွာတွေမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလကစလို့ အခုဒီဇင်ဘာပထမပတ်အထိ စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုးဝင်ရောက်ပြီး နေအိမ်မီးရှို့တာတွေဆက်လုပ်နေလို့ ဒေသခံသောင်းချီဘေးလွတ်ရာပြေးနေကြရတယ်လို့ ဒေသခံတွေကပြောပါတယ်။  ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်နေ့မှာဆိုရင်လည်း ခင်ဦးမြို့နယ်၊ ဗျိုင်းကျိုင်ရွာထဲကို စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးခဲ့ပြီးနောက်ပိုင်း ဒေသခံ ၈ဦးကိုဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၅/ သမားတွေကို ဝန်ဆောင်ခပိုတောင်းတဲ့ အေဂျင်စီတွေရှိနေ

စစ်ကိုင်းတိုင်းဒေသကြီးမှာ နိုင်ငံသားမှတ်ပုံတင် ပြုလုပ်ထားတဲ့သူတွေအနေနဲ့ ထိုင်းနိုင်ငံကို MoU စနစ်နဲ့လာရောက်တဲ့အခါ ဝန်ဆောင်ခ ပိုမိုပေးဆောင်ရတာတွေရှိနေတယ်လို့ AAC လက်တွဲကူညီအဖွဲ့ ကနေ သိရပါတယ်။ AAC လက်တွဲကူညီအဖွဲ့ ဉက္ကဌ ဉီးခိုင်ကြီး က “ ကျွန်တော်တို့ဆီရောက်လာတာတွေမှာ ၅ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တစ်ပတ်အတွင်း ဆန်ဈေး တသောင်းကျော်တက်ပြီး ထပ်မံတက်ရိပ်ပြနေစဲ

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းကနေထွက်ရှိနေတဲ့ ဆန်အချောစျေးနှုန်းတွေဟာ တစ်ပတ်အတွင်းမှာ ကျပ်တစ်သောင်းကျော်အထိမြင့်တက်လာနေပြီး ရက်ပိုင်းအတွင်း ဆန်စျေးထပ်တက်ဖို့ရှိနေတယ်လို့ ဆန်ကုန်သည်အချို့က ပြောပါတယ်။ “ဒီနေ့ဆို ဇူလိုင် ၂၃ရက်ရှိပြီ။၁၀ရက်အတွင်းလို့ပြောလို့ရမယ်။၁၀ရက်တောင်မရှိသေးပါဘူး။၇ရက်၊၈ရက်အတွင်းကို ရွှေဘိုဆန်စျေးက အခုတစ်သောင်းကျော်တက်သွားပြီ။သောင်းနှစ်ထောင်၊သောင်းသုံးထောင်လောက်အထိတက်နေတယ်။ မနက်ဖြန်နဲ့ ဒီနေ့စျေးတောင် ရွှေဘိုစျေးက မငြိမ်သေးဘူး။ထပ်တက်ဖို့ရှိတယ်။”လို့ ဆန်ကုန်သည်တစ်ဦးက ပြောပါတယ်။ ရွှေဘိုဆန်စျေးဟာ [ဆက်လက်ဖတ်ရှုရန်]