ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့မှာ စစ်အုပ်စုက လက်နက်ကြီးနဲ့ရမ်းသမ်းပစ်ခတ်မှုကြောင့် အမျိုသမီးတစ်ဦးထိမှန်

စစ်ကိုင်းတိုင်းဒေသကြီး ၊ ကလေးမြို့အခြေစိုက် အကြမ်းဖက်စစ်တပ်ဖြစ်တဲ့ ခမရ ၂၂၅တပ်က ကျေးရွာတွေ ဘက်ကို လက်နက်ကြီးတွေနဲ့ ရမ်းသန်းပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး ထိမှန်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ဇူလိုင်လ ၁၄ ရက်နေ့ ည ၁၀ နာရီဝန်းကျင်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့ပင်မ သပိတ်စစ်ကြောင်းရဲ့ ရက်​ပေါင်း ၅၂၀ မြောက် အာဏာရှင်ဆန့်ကျင်ရေးသပိတ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ကလေးမြို့နယ်ပင်မသပိတ်စစ်ကြောင်း​ဟာ စစ်အာဏာရှင်ဆန့်ကျင်​ရေး ရက်ပေါင်း ၅၂၀ မြောက်အနေနဲ့ ဒီကနေ့မှာ ဆန္ဒပြခဲ့ပါတယ်။ သပိတ်မှောက်ဆန္ဒပြမှုကို မြို့တွင်းတစ်နေရာမှာ ဒီကနေ့မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သပိတ်ခေါင်းဆောင်တစ်ဦးကပြောပါတယ်။ “၅၂၀ ရက်မြောက် ပင်မသပိတ်စစ်ကြောင်းကို မြို့တွင်းတစ်နေရာမှာ မွန်းလွဲပိုင်းကပြုလုပ်ခဲ့တာပါ။သပိတ်စစ်ကြောင်းဆန္ဒထုတ်ဖော်တဲ့ ရပ်ကွက်နေရာကိုသိရင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးချိုင့်မြို့နယ်မှာ အကြမ်းဖက်စစ်ကြောင်းကို ဒေသခံ PDF အဖွဲ့က မိုင်းဆွဲတိုက်ခိုက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်မှာ အကြမ်းဖက်စစ်တပ်ရဲ့စစ်ကြောင်းကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က ဇူလိုင် ၆ ရက်နေ့မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်က ၁၂ ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ HPDF က ထုတ်ပြန်လိုက်ပါတယ်။ ဒေသခုခံကာကွယ်ရေးပူးပေါင်းအဖွဲ့က ဇူလိူင်လ ၆ ရက်နေ့၊ နေ့လယ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမှာ အကြမ်းဖက်စစ်ခေါင်းဆောင်ပုံကို ခြေထောက်နဲ့နင်းပြီး ဆန္ဒပြ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ ဒီကနေ့ ဇူလိုင် ၃ ရက်နေ့မှာ ကလေးမြို့ပင်မသပိတ်အဖွဲ့က ဆန္ဒပြလှုပ်ရှားမှုတခု ပြုလုပ်ခဲ့ပါတယ်။ ကလေးမြို့ပင်မသပိတ်ဟာ ကလေးမြို့ မီးပွိုင့်လမ်းဆုံအပါအဝင် ရပ်ကွက်ထဲက လမ်းမပေါ်တွေမှာ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ရဲ့ ဓာတ်ပုံတွေကပ်ပြီး ခြေထောက်နဲ့ နင်းတာတွေပါ လုပ်ဆောင်ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မှာ လမ်းပြအဖြစ် ဖမ်းခေါ်သွားတဲ့ ဒေသခံတဦးကို အကြမ်းဖက်စစ်တပ်ကသတ်ဖြတ်ထားခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဖောင်းကာတာကျေးရွာအုပ်စုမှာ အကြမ်းဖက်စစ်တပ်ကဖမ်းဆီးပြီး လမ်းပြအဖြစ်ခေါ်သွားတဲ့ ကျေးရွာသားကို သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ရုပ်အလောင်းကို ဇွန် ၂၉ ရက်က လယ်တီရွာအနောက်ဘက်၊ဆည်တည်ရွာရဲ့မြောက်ဘက်၊ဝမ်ပေါင်စီမံကိန်းရဲ့တောင်ဘက်ဆုံရာမှာ ကျေးရွာသားအချို့ကရှာတွေ့ခဲ့တာလို့ ဒေသခံက ပြောပါတယ်။ ရုပ်အလောင်းကိုတွေ့ရှိစဥ်မှာ ထိကိုင်လို့မရအောင်ပုပ်ပွနေတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့၊ တာဟန်းရပ်ကွက်မှာ ရဲစခန်းမှူးတစ်ဦးပစ်သတ်ခံရ

စစ်ကိုင်းတိုင်းဒေသကြီး၊ကလေးမြို့၊တာဟန်းရပ်ကွက်မှာ ဒီကနေ့နေ့လည် ၂နာရီဝန်းကျင်က ရဲစခန်းမှူးတစ်ဦးပစ်ခတ်သတ်ဖြတ်ခံခဲ့ရတယ်လို့ ဒေသခံတွေ DNA ကိုပြောပါတယ်။ ကလေးမြို့၊ တာဟန်းရပ်ကွက်၊မူးယစ်ရဲစခန်းက စခန်းမှူးဟာ တာဟန်းရပ်ကွက် ၊ နေကြာတိုက်လမ်းကြားအနီးမှာ ဆိုင်ကယ်ဓာတ်ဆီထည့်နေတုန်း ပစ်သတ်ခံရတာလို့ သိရပါတယ်။ ” နေကြာတိုက်လမ်းအတိုင်း ပထမလမ်းချိုး အနောက်နားလေးမှာပစ်သွားတာ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တမူးမြို့၊ ရန်လင်းဖိုင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုလက်ချက်ကြောင့် ရွာသား သုံးဦးသေဆုံး

စစ်ကိုင်းတိုင်းဒေသကြီး ၊ တမူးမြို့ ၊ ရန်လင်းဖိုင်ကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ရွာသား ၃ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ ကနဦးဖြစ်စဉ်မှာ ဇွန် ၂၃ရက်က အကြမ်းဖက်စစ်အုပ်စုစစ်ကြောင်းဟာ ကလေးမြို့ဘက်ကနေ တမူးဘက်ကို ဆိုင်ကယ်စီးလာတဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်ပံတောင်းတောင်စီမံကိန်းနားက ဒေသခံရွာတွေ ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းအနီးမှာရှိတဲ့ ကျေးရွာတွေမှာအကြမ်းဖက် စစ်တပ်က ဝင်ရောက်အကြမ်းဖက်တာ တွေလုပ်ဆောင်နေတာကြောင့် ကျေးရွာ ၅ရွာက ဒေသခံတွေဟာ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက DNA ကို ပြောပါတယ်။ “ရွာတွေမှာမရှိတော့ဘူး။ကျွန်တော်တို့အားလုံးထွက်ပြေးနေရတယ်။ရွာလုံးကျွတ်ကို ထွက်ပြေးနေရတာ။အခုတောင် လိုင်းမိလို့ အဆက်အသွယ်ရတာ”လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးမြို့တောင်ပိုင်းတိုက်ပွဲမှာ စစ်အုပ်စုဝင် ၁၀ဦး သေဆုံးပြီး PDF ရဲဘော်တဦး ကျဆုံး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ ဟဲလုပ်ကျေးရွာအနီးမှာ ကလေးပြည်သူ့ကာကွယ်ရေးပူးပေါင်းအဖွဲ့နဲ့ အကြမ်းဖက်စစ်တပ်ကြား ဒီကနေ့ တိုက်ပွဲဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်က ၁၀ဦးသေဆုံးခဲ့ပြီး ကလေး PDF တစ်ဦးကျဆုံးခဲ့တယ်လို့ Chinland Defence Force (CDF) က ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ်နဲ့ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်တဲ့ CDF-KKGတပ်ရင်း(၃)၊PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

တိုက်ပွဲမှာသေဆုံးတဲ့ အကြမ်းဖက်စစ်သားတွေကို တပ်တွင်းမှာမြုပ်နှံနေ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့မှာ အခြေစိုက်တဲ့ အကြမ်းဖက်စစ်တပ်တစ်ခုမှာ တိုက်ပွဲအတွင်းသေဆုံးတဲ့ အကြမ်းဖက်စစ်သားတွေကို တပ်အတွင်းမှာပဲ မြုပ်နှံမှုတွေလုပ်နေတယ်လို့ တပ်နဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းတွေ ဆီက သိရပါတယ်။ အဲ့ဒီအကြမ်းဖက်စစ်တပ်ဟာ ခြေလျင်၊ ခြေမြန်တပ် တစ်ခုဖြစ်တဲ့ အမှတ် (၈၇) တပ်ဖြစ်ပြီး ကလေးမြို့မြောက်ဘက် [ဆက်လက်ဖတ်ရှုရန်]