ဆန္ဒပြထရပ်ကားတွေထွက်ခွာဖို့ ကနေဒါရဲကသတိပေးပြီးနောက် တင်းမာမှုတွေမြင့်တက်လာ

ဆန္ဒပြထရပ်ကားတွေထွက်ခွာဖို့ ကနေဒါရဲကသတိပေးပြီးနောက် တင်းမာမှုတွေမြင့်တက်လာ

၁၈ ၊ ဖေဖော်ဝါရီလ ၊ ၂၀၂၂ ။ ကနေဒါနိုင်ငံအော်တာဝါမြို့တော်မှာ ကိုဗစ်-၁၉ ကန့်သတ်ချက်တွေကို ကန့်ကွက်တဲ့ ဆန္ဒပြထရပ်ကားယာဥ်မောင်း‌တွေ ချက်ချင်းမထွက်ခွာရင် အဖမ်းခံရမယ်လို့ မြို့တော်ရဲတပ်ဖွဲ့က သတိပေးခဲ့ပါတယ်။ ရက်သတ္တသုံးပတ်ကြာ ဆန္ဒပြပွဲတွေပေါ်ပေါက်ခဲ့ပြီး တခြားနေရာတွေမှာ ဆန္ဒပြသူတွေကို ဖယ်ရှားနိုင်ခဲ့ပေမယ့် လွှတ်တော်အဆောက်အအုံအပြင်ဘက်မှာ ဆန္ဒပြသူတွေ အခိုင်အမာ ကျန်ရှိနေပါသေးတယ်။ ရဲတွေက ပိတ်ဆို့ဆန္ဒပြနေကြတဲ့ထရပ်ကားယာဥ်မောင်းတွေကို လက်ကမ်းစာစောင်တွေ လိုက်လံဝေငှနေပြီး ဆန္ဒပြရာကမထွက်ခွာရင် အရေးယူတာ၊ လိုင်စင်သိမ်းတာနဲ့ မော်‌တော်ယာဥ်သိမ်းတာတွေ ခံရနိုင်ကြောင်း ဖော်ပြထားပါတယ်။ ဆန္ဒပြသူတွေကတော့…

Read More