No Picture
Uncategorized

ရွှေသောင်ယံမှာ စစ်ရေးကြောင့် ပိတ်ထားတဲ့စာသင်ကျောင်းတွေကို စစ်ကောင်စီ ဖိအားပေးပြန်ဖွင့်နေ

ဖေဖော်ဝါရီ၊ ၆ စစ်ရေးအခြေအနေကြောင့်ဧရာဝတီတိုင်း ၊ ရွှေသောင်ယံမြို့ပေါ်မှာ ပိတ်ထားတဲ့စာသင် ကျောင်းတွေကို စစ်ကောင်စီက ဖိအားပေးပြီးအတင်းအကျပ်ပြန်လည်ဖွင့်လှစ်နေတယ်လို့ ဒေသခံကျောင်းသားမိဘတချို့က ပြောပါတယ်။ ရွှေသောင်ယံမြို့ပေါ်မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ၂၀၂၅ ခုနှစ် အတန်းတင်စာမေးပွဲကို ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာ စတင်ကျင်းပမယ်လို့လည်း [ဆက်လက်ဖတ်ရှုရန်]

No Picture
သတင်းဆောင်းပါး

စပါးပေါ်ချိန် သောကပွေချိန်ဖြစ်လာတဲ့ ဧရာတောင်သူတွေ

ဖေဖော်ဝါရီ၊ ၆ “ သွင်းကုန်က နှစ်ဆဈေးတက်သွားတယ်။ စပါးဈေးက ပြုတ်ကျတယ်။ ရေကလည်း ကြီးလိုက်သေးတယ် ပြီးတော့ စိုက်ပျိုးစရိတ်ချေးငွေတွေ ပြန်ဆပ်တဲ့ ” ဒါကတော့ ဧရာဝတီတိုင်းက တောင်သူဖွံ့ဖြိုးရေးအဖွဲ့တခုမှာ ခေါင်းဆောင်ပိုင်းတာဝန်ယူထားသူ တဦးရဲ့ ညည်းညူသံပါ။ ပြီးခဲ့တဲ့မိုးစပါးမပေါ်ခင်က [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

စစ်ရေးတင်းမာလာတဲ့ ဧရာဝတီတိုင်းမှာ နိုင်ကျဉ်းတွေကို ပိုမိုဖိနှိပ်လာနိုင်လို့ PPNM ပြော

  ဖေဖော်ဝါရီ၊ ၅ ဧရာဝတီတိုင်းမှာ စစ်ရေးတင်းမာလာနေလို့ စစ်ကောင်စီဟာ ဒေသတွင်း အကျဉ်းထောင်တွေက နိုင်ငံရေးအကျဉ်းသားတွေကိုပိုမိုဖိနှိပ်မှုတွေ လုပ်ဆောင်လာနိုင်တယ်လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ဦးဆောင်ကော်မတီဝင် ဦးသိုက်ထွန်းဦးက ပြောပါတယ်။ လက်ရှိအချိန်မှာဆိုရင်ဧရာဝတီတိုင်းအတွင်း စစ်ရေးတင်းမာလာတဲ့နောက်ပိုင်း ပုသိမ်အကျဉ်း ထောင်မှာ လုံခြုံရေးတင်းကြပ်မှုတွေရှိလာတယ်လို့လည်း [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ငသိုင်းချောင်းမှာ မူလတန်းကျောင်းသူတဦး အဓမ္မကျင့်ခံရပြီးနောက် အသိပညာပေး ဟောပြောပွဲတွေပြုလုပ်

ဖေဖော်ဝါရီ၊ ၅ ဧရာဝတီတိုင်းရေကြည်မြို့နယ် ၊ ငသိုင်းချောင်းမြို့ မှာစတုတ္ထတန်း(Grade-4) ကျောင်းသူတဦးကို အဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့တာကြောင့် အသိပညာပေးဟောပြောတာတွေပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ ငသိုင်းချောင်းမြို့အပိုင် သောင်ရွာကနေ ငသိုင်းချောင်းမြို့ ဗိုလ်ချုပ်လမ်းမှာရှိတဲ့ အခြေခံပညာအလယ်တန်းကျောင်းခွဲ(အလကခွဲ)ကျောင်းကို လာရောက်ပညာသင်ကြားနေတဲ့ G-4ကျောင်းသူတဦးဟာ တရွာတည်းနေထိုင်သူ အမျိုးသား [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ဧရာဝတီသားတွေ ဇာတိမြေကို ထိုးဖောက်ဝင်ရောက်နေပြီလို့ NUG ကာကွယ်ရေးဝန်ကြီးပြော 

ဖေဖော်ဝါရီ၊ ၄ မြစ်ဝကျွန်းပေါ်သားတွေ (ဧရာဝတီတိုင်း) ဇာတိရပ်ထံပြန်ဝင်နေပြီလို့ အမျိုးသားညီညွှတ်ရေးအစိုးရ(NUG) ကာ ကွယ်ရေးဝန်ကြီးဌာန ၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က ဒီကနေ့ ဖေဖော်ဝါရီလ ၄ ရက်မှာ ပြောဆိုခဲ့ပါတယ်။ ဧရာဝတီတိုင်းဟာ တော်လှန်ရေးအရ ရေခံမြေခံကောင်းတဲ့အပြင် ဖက်ဆစ်တော်လှန်ရေးကာလတုန်းကလည်း [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

ရွှေသောင်ယံဒေသခံတွေ ထပ်မံစစ်ရှောင်ဖို့ ပြင်ဆင်နေ

ဖေဖော်ဝါရီ ၄ ဧရာဝတီတိုင်း ၊ ရွှေသောင်ယံမြို့အရှေ့ဖက် ကျောက်ချောင်းကြီးသစ်တောကြိုးဝိုင်းဖက်က လက်နက်ကြီး ပစ်ခတ်သံတွေ ကြားလာရတဲ့အတွက် ဒေသခံပြည်သူတွေဟာ ထပ်မံစစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြပါတယ်။ လက်နက်ကြီးသံတွေကို ဇန်နဝါရီလ ၃၀ ရက်စတင်ပြီးတော့ ရွှေသောင်ယံမြို့ပေါ်ကနေကြားလာရတာပါ။ ဖေဖော်ဝါရီလ ၃ ရက်နေ့ညမှာတော့ [ဆက်လက်ဖတ်ရှုရန်]

No Picture
ဧရာဝတီတိုင်း

တိုက်ပွဲတချို့ စတင်ဖြစ်ပွားလာတဲ့ ဧရာဝတီတိုင်းကို ရန်ကုန်က စစ်ယာဥ်တန်းတွေ စေလွတ်နေ

ဖေဖော်ဝါရီ၊ ၃ ရခိုင်ပြည်နယ်နဲ့ ထိစပ်ဒေသတွေမှာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ဧရာဝတီတိုင်းကို ရန်ကုန်မြို့ဖက်ကနေ စစ်ယာဉ်တန်းတွေ စေလွတ်နေတယ်လို့ မျက်မြင်တွေ့ရှိသူတချို့က DNAကိုပြောပါတယ်။ ဒီကနေ့ ဖေဖော်ဝါရီလ၃ရက်နံနက် ၉ နာရီအချိန်က ရန်ကုန်တိုင်းကနေ ဧရာဝတီတိုင်းဖက်ကို စစ်ကား ၈ စီးနဲ့ [ဆက်လက်ဖတ်ရှုရန်]