နိုင်ငံရေး

ကော့ကရိတ်၊ ကျုံဒိုးမြို့နယ်ထဲက ရွာတွေကို စစ်တပ်ကပစ်ခတ်မီးရှို့နေပြီး နှစ်ဖက်တိုက်ပွဲပြင်းထန်နေ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့၊ ကျုံဒိုးမြို့နယ်တဖက်ကမ်းကရွာတွေကို စစ်ကောင်စီတပ်တွေက ဒီကနေ့ ဇန်နဝါရီ၂၆ရက်မနက်ပိုင်းမှာလက်နက်ကြီးတွေနဲ့ပစ်ခတ်မီးရှို့နေသလိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတယ်လို့ မြေပြင်စစ်ရေးအခြေအနေသိရှိသူတွေက DNA ကိုပြောပါတယ်။  ‘’ ကျုံဒိုးတဖက်ကမ်းက ရွာတွေကို မနက် ၁၀နာရီလောက်ကတည်းကစစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်နေတာ၊ ပစ်ထုတ်ပြီးတော့ ရွာထဲကလူတွေကို အစောင့်တောင်မနေခိုင်းဘူး’’ လို့မြေပြင်စစ်ရေးအခြေအနေသိရှိသူက ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေမှာရှိတဲ့ ဘုရားတချို့က ရှေဟောင်းးကြေးခေါင်းလောင်းတွေ အခိုးခံရ

ကမ္ဘာအမွေအနှစ်စာရင်းဝင် မန္တလေးတိုင်းအတွင်းက ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေရှိ ဘုရားတချို့မှာ ကြေးခေါင်းလောင်းတွေ ခိုးယူခံရမှုတွေရှိနေတယ်လို့ ဒေသခံတွေကပြောပါတယ်။ အခု ရက်သတ္တပတ်အတွင်းမှာပဲ မင်းအိုချမ်းသာဘုရား ၊ ရှေးဟောင်းရှင်ပင့်ပွင်းလင်းဘုရား၊ရွှေချမ်းသာ(ခ)ဆုတောင်ပြည့်ဘုရားနဲ့ သာယာဝတေးဘုရားတွေက ကြေးခေါင်းလောင်းတွေ အခိုးခံလိုက်ရတာလို့ ဆိုပါတယ်။ “ခေါင်းလောင်းအသေးလေးတွေ မဟုတ်ဘူးအကြီးကြီးတွေပါ။ ဘယ်အချိန်ခိုးလဲဆိုတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မြောက်ကိုရီးယားရဲ့ မြို့တော် ပြုံယမ်းမှာ Lockdown ကြေညာထား

အသက်ရှူ လမ်းကြောင်းနဲ့ ဆက်စပ်တဲ့ ဖျားနာမှု ဝေဒနာတစ်မျိုး ခြိမ်းခြောက်လာတာကြောင့် မြောက်ကိုရီးယားဟာ မြို့တော် ပြုံယမ်းမှာ Lockdown အမိန့် ကြေညာထားကြောင်း သိရပါတယ်။  ဇန်နဝါရီ ၂၅ ရက်ကစလို့ ပြုံယမ်း မြို့ခံတွေကို အခုသီတင်းပတ်ကုန်ထိ ၅ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိန္ဒိယမှာ လူနေတိုက်တစ်လုံး ပြိုကျလို့ သုံးဦးထက် မနည်းသေပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေ

အိန္ဒိယနိုင်ငံမှာ လူနေ တိုက်တစ်လုံး ရုတ်တရက် ပြိုကျခဲ့ရာက လူ ၃ ဦးထက်မနည်း သေဆုံးပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေကြောင်း သိရပါတယ်။  အူတာပရာဒက်ရှ် ပြည်နယ်က လက္ကနောင်းမြို့မှာ ဇန်နဝါရီ ၂၅ ရက် မနက်အစောပိုင်း နေမထွက်ခင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နယူးဇီလန် ဝန်ကြီးချုပ်သစ်အဖြစ် ဟစ်ပ်ကင်စ် ကျမ်းသစ္စာကျိန်ဆို

ရာထူးက ရုတ်တရက် နုတ်ထွက်သွားတဲ့ ဂျက်ဆင်ဒါ အားဒန်ရဲ့ နယူးဇီလန် ဝန်ကြီးချုပ် နေရာကို ခရစ္စ ဟစ်ပ်ကင်စ်က တရားဝင် အစားထိုး ဆက်ခံလိုက်ပြီ ဖြစ်ပါတယ်။  ဇန်နဝါရီ ၂၅ ရက်မှာ ရဲလုပ်ငန်းရေးရာ ဝန်ကြီး ဟစ်ပ်ကင်စ်ဟာ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဗီလာရီးရဲလ် တိုက်စစ်မှူး ဒန်ဂျူးမားကို တော့တင်ဟမ်အသင်း အငှားခေါ်ယူ

တော့တင်ဟမ် ဟော့စပါး အသင်းဟာ စပိန်ကလပ် ဗီလာရီးရဲလ်ရဲ့ တိုက်စစ်မှူး အာနော့ထ် ဒန်ဂျူးမားကို အငှားခေါ်ယူလိုက်ပါတယ်။  အသက် ၂၅ နှစ်အရွယ် နယ်သာလန် လက်ရွေးစင်ကို အင်္ဂလန် ပရီးမီးယားလိဂ် ကလပ် အဲဗာတန်က အသည်းအသန် ချိတ်ဆက်ခဲ့ပေမယ့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိတ်မြို့နယ်မှာ ဆိုင်ကယ်စီးလာသူနှစ်ဦး ပေါက်ကွဲမှုဖြစ်ပြီးသေဆုံး

တနင်္သာရီတိုင်း၊မြိတ်မြို့နယ်၊ မဇောကျေးရွာအုပ်စု ပြင်ကြီးရွာ ရန်ကုန်-မြိတ်အဝေးပြေးကားလမ်းမကြီးပေါ်မှာ ဒီကနေ့ ဇန်နဝါရီ ၂၅ ရက် နေ့လယ်ပိုင်းက ဆိုင်ကယ်စီးလာတဲ့ လူငယ်နှစ်ဦး ပေါက်ကွဲမှုဖြစ်ပြီးသေဆုံးသွား တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။   ဆိုင်ကယ်စီးနင်းလာတဲ့ လူငယ်အမျိုးသားနှစ်ဦးက မဇောကျေးရွာ မရင်းငယ်လမ်းဆုံအရောက် အဝေးပြေး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး လက်ရှိအထိလက်နက်ကြီးတွေပစ်ခတ်နေ

ကရင်ပြည်နယ်၊ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီနဲ့ တော်လှန်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲဆက်လက် ပြင်းထန်နေပြီး ဒီကနေ့ ဇန်နဝါရီ (၂၅)ရက်ညပိုင်းမှာလည်း လက်နက်ကြီးတွေ ဆက်တိုက်ပစ်ခတ်နေသလို လေ ယာဉ်သံတွေလည်း ကြားနေရတယ်လို့ ဒေသခံတွေဆီကကသိရပါတယ်။ “အခုလက်ရှိအချိန်ထိ လေယာဉ်ပျံတွေ လာနေတုန်းပဲ၊ တစ်ခါလာရင် တစ်စီးပဲ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ

အာဏာသိမ်းစစ်ကောင်စီကို လက်နက်စွဲကိုင် တော်လှန်တိုက်ခိုက်မှုတွေ နိုင်ငံတဝှမ်းမှာ မြင့်တက်နေသ လိုတချိန်တည်းမှာပဲ အာဏာသိမ်းမှုကို လက်မခံဆန့်ကျင်ကြောင်း ထုတ်ဖော်ပြသတဲ့ လူထုသပိတ်လှုပ်ရှား မှုတွေလည်း နိုင်ငံအနှံ့မှာ ဆက်ရှိနေပါတယ်။   စစ်ကောင်စီက သူတို့အာဏာတည်မြဲရေး နောက်ဆုံးထွက်ပေါက်အဖြစ် ရွှေးကောက်ပွဲဖြစ်အောင်န ည်းလမ်းမျိုးစုံနဲ့ကြိုးစားနေသလို နိုင်ငံအဝှမ်းကပြည်တွေကလည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကျိုက်ထိုမှာ ဘုရားဖူးကားပေါ်လက်နက်ကြီးကျလို့ တဦးသေ၊ခုနစ်ဦးဒဏ်ရာရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်မှာ ဒီကနေ့ (ဇန်နဝါရီ ၂၅ ရက်) နေ့လယ် ၁၂ နာရီလောက်က ကျိုက်ထီးရိုး ဘုရားဖူးလာတဲ့ ခရီးသွားဟိုင်းလတ်ယာဉ်ပေါ်ကို လက်နက်ကြီးတစ်လုံး ကျရောက်ပေါက်ကွဲခဲ့တာကြောင့် တဦး သေဆုံးကာ ခုနစ်ဦး ထိခိုက်ဒဏ်ရာရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ [ဆက်လက်ဖတ်ရှုရန်]