နိုင်ငံရေး

လေးလအတွင်း အစုအပြုံလိုက်သတ်ဖြတ်မှု အကြိမ်သုံးဆယ်နီးပါး၊ သေဆုံးသူ နှစ်ရာနီးပါးရှိ

နိုဝင်ဘာ၊ ၄ အာဏာသိမ်းစစ်ကောင်စီတပ်ဟာ အခုနှစ်မေလကနေ ဩဂုတ်လအထိ လေးလအတွင်း နိုင်ငံတဝှမ်းမှာ အစုအပြုံ လိုက်သတ်ဖြတ်မှု ၂၇ ကြိမ်အထိကျူးလွန်ကာ အရပ်သားပြည်သူစုစုပေါင်း ၁၈၈ ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဉာဏ် လင်းသစ်သုတေသနအဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်မြို့ပေါ်မှာ လက်နက်ကြီးကျလို့ ကလေးတဦးအပါအဝင် ငါးဦးဒဏ်ရာရ

နိုဝင်ဘာ၊ ၄ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ အမှတ်(၁)ရပ်ကွက်မှာ ဒီကနေ့ မနက် ၁၀ နာရီခွဲလောက်က လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ အသက်သုံးနှစ်အရွယ်ကလေးတဦးအပါအဝင် ငါးဦး ဒဏ်ရာရခဲ့ပြီး နှစ်ဦးက ဒဏ်ရာ ပြင်းထန် တယ်လို့ မြို့ခံတွေက DNAကိုပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီက လိုင်ဇာကို ပစ်တဲ့ လက်နက်ကြီးကျည်တချို့ တရုတ်နိုင်ငံထဲကျလို့ ထိခိုက်သေဆုံးမှုရှိ

နိုဝင်ဘာ၊ ၄ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ဌာနချုပ်တည်ရှိရာ လိုင်ဇာအနီးတဝိုက်ကိုစစ်ကောင်စီက ဒီကနေ့မနက်က စလို့ လက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်ရာမှာ တရုတ်နိုင်ငံဘက်ကိုလည်း လက်နက်ကြီးကျပြီးတရုတ်နိုင်ငံ သားတချို့ ထိခိုက်သေဆုံးမှုရှိတယ်လို့ လိုင်ဇာဒေသခံတဦးက DNAကိုပြောပါတယ်။ “အတွဲလိုက်ဒုံးတွေနဲ့ ခဏခဏ ပစ်နေတာ၊တရုတ်ဘက်ကိုလည်း သုံး၊လေးလုံးလောက်ကျသွားတယ်၊ သေတဲ့သူ ရော၊ ဒဏ်ရာရတဲ့သူကောရှိတယ်”လို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘီးလင်းမှာ ရဲတပ်သားတဦးပစ်ခတ်ခံရပြီးသေဆုံး

နိုဝင်ဘာ၊ ၄ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဝင်းကကျေးရွာက အရက်ဆိုင်မှာ အရက်သောက်နေတဲ့ ရဲတပ်သားတဦး ဒီကနေ့ မနက် ၁၁နာရီလောက်က ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေက DNAကိုပြောပါတယ်။ “တယောက်တည်းပဲ ထိုင်သောက်နေတာ၊ လူငယ်နှစ်ယောက်ပဲ ဝင်ပြီး ပစ်သွားတာ” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

လားရှိုးက ပြည်သူစစ်စခန်းသိမ်းပိုက်ရာမှာ လက်နက်မျိုးစုံ ရှစ်ဆယ်နီးပါးရတယ်လို့ TNLAပြော

  နို၀င်ဘာ ၊ ၄ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်က စစ်ကောင်စီလက်အောက်ခံ ဂျာယန် ပြည်သူစစ်စခန်း ကို ဒီကနေ့ မနက်ပိုင်းက တိုက်ခိုက်သိမ်းပိုက်ရာမှာ ပြည်သူ့စစ်အဖွဲ့ဝင် လေးဆယ်နီးပါးဖမ်းမိသလို လက်နက်မျိုး စုံ ရှစ်ဆယ် ဝန်းကျင်နဲ့ခဲယမ်းအများအပြားရခဲ့တယ်လို့တအာင်းတပ်TNLA သတင်းနဲ့ပြန်ကြားရေးရုံး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သဖန်းဆိပ်ဆည် ရဲကင်းစခန်းတိုက်ပွဲမှာ PDF တပ်ဖွဲ့ဝင် ရှစ်ဦးကျဆုံး

နို၀င်ဘာ ၊ ၄ စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နဲ့ ဆယ်မိုင်ဝန်းကျင်အကွာက စစ်ကောင်စီလက်အောက်ခံ သဖန်းဆိပ်ဆည်ရဲကင်းစခန်းကို ပြည်သူ့ကာကွယ်ရေးတပ်တွေ မနေ့မနက်က  စီးနင်းတိုက်ခိုက်တဲ့တိုက်ပွဲအတွင်း PDF တပ်ဖွဲ့ဝင် ရှစ်ဦးကျဆုံးသွားတယ်လို့ တော်လှန်ရေးအင်အားစုတွေနဲ့ နီးစပ်သူတဦးက အတည်ပြုပြောပါတယ်။ “စနိုက်ပါထိလို့ ကျရတာပါ၊တယောက်ထိတော့တခြားတယောက်က ဆွဲကူဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပလက်ဝနယ် ဆမီးမြို့မှာ စစ်ကောင်စီနဲ့ CNA တပ်ဖွဲ့ တိုက်ပွဲဖြစ်

နို၀င်ဘာ ၊ ၄ ချင်းပြည်နယ် ပလက်၀မြို့နယ် ဆမီးမြို့​အနီးမှာ စစ်ကောင်စီတပ်နဲ့ ချင်းအမျိုးသားတပ်မတော်(CNA)တို့ ဒီက နေ့ မနက်ပိုင်းက တိုက်ပွဲဖြစ်ခဲ့ပြီး ကျည်တချို့ လူနေရပ်ကွက်ထဲကျလို့ အရပ်သားအမျိုးသမီးတဦးဒဏ်ရာရသွား တယ် လို့ ပလက်ဝမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က DNAကိုပြောပါတယ်။  “စကစတွေက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် မူးမြို့နယ် ဒေသခံရှစ်ထောင် ဝန်းကျင်ထွက်ပြေးနေရ

နို၀င်ဘာ ၊ ၄ ပဲခူးတိုင်း ညောင်လေးပင်ခရိုင်ထဲက KNUနယ်မြေ မုန်းမြို့နယ်(မူး)မြို့နယ်မှာ စစ်ကောင်စီရဲ့ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်နှစ်ရက်အတွင်းပြည်သူတဦးသေဆုံးကာသံဃာတပါးဒဏ်ရာရပြီး ဒေသခံရှစ်ထောင်နီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ KNUနဲ့ စစ်ရှောင်တွေကိုကူညီနေသူတွေကပြောပါတယ်။ “အရင်ရက်က တိုက်ပွဲက ဖြစ်နေတာတော့ ရှိတယ်၊ ရွာတွေထဲတော့ မဟုတ်ဘူး၊ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရှမ်းမြောက်ဒေသမှာ စစ်ဘေးရှောင် သုံးသောင်းကျော်အထိရှိလာ အများစု နေရပ်မပြန်နိုင်ကြသေး

နို၀င်ဘာ ၊ ၄ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းမြောက်ဒေသမှာနေရပ်စွန့်ခွာ ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင်သုံးသောင်း ကျော် အထိ ရှိနေတယ်လို့ အမျိုးသားညီညွတ်ရေး အစိုးရ ( NUG ) ရဲ့လူသားချင်း စာနာထောက်ထားရေးနှင့် ဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးနယ် မြောက်စည်းရဲစခန်းသိမ်းတိုက်ပွဲမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံး

နို၀င်ဘာ ၊ ၄ စစ်ကိုင်းတိုင်း၊ကလေးမြို့နယ်တောင်ပိုင်းက မြောက်စည်းရွာ ရဲစခန်းကို ဒီကနေ့ မနက် ၈ နာရီဝန်းကျင်မှာ တော် လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေက တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး တိုက်ပွဲအတွင်းလေကြောင်းတိုက်ခိုက်မှုကြောင့် တော် လှန်ရေးတပ်ဖွဲ့ဝင်သုံးဦးကျဆုံးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။  “တိုက်ပွဲအတွင်း ကျတာမဟုတ်ဘဲနဲ့ စခန်းသိမ်းပြီးမှကျတာဆိုတော့ [ဆက်လက်ဖတ်ရှုရန်]