နိုင်ငံရေး

စစ်ကောင်စီရဲ့ လက်နက်ဥပဒေအရမောင်းချဓား ဆောင်ထားရုံနဲ့ အနည်းဆုံး ထောင်ခြောက်လကျနိုင်

မေ၊ ၁၂ သေဒဏ်အထိ အမြင့်ဆုံး ပြစ်ဒဏ်ချနိုင်တဲ့ လက်နက်ဥပဒေကို စစ်ကောင်စီက မေလ ၁၁ ရက်စွဲနဲ့ ပြ ဌာန်းလိုက် ပြီး အဲ့ဒီဥပဒေအရ အသွားသုံးလက်မထက်ပိုတဲ့ မောင်းချဓားဆောင်ထားရုံနဲ့ အနည်းဆုံး ထောင်ဒဏ်ခြောက်လ ကနေ အများဆုံး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

CDF မေတ္တာရပ်ခံလို့ ရှောင်တမ်းခဲ့တဲ့ အရပ်သားတွေ စစ်ကောင်စီခြိမ်းခြောက်လို့ အများစုနေရပ်မပြန်ရဲကြသေး

မေ ၊ ၁၂ စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးတက္ကသိုလ်အနီး ကိုး မိုင် နဲ့ ခိုင်ကမ်းရပ်ကွက်ကနေ မေလ ၁၁ ရက်က မနေ့က မနက်က ရှောင်တိမ်းခဲ့တဲ့ ထောင်နဲ့ချီတဲ့ဒေသခံတွေက စစ်ကောင်စီတပ်ရဲ့ ခြိမ်းခြောက်မှုကြောင့်အများစုဟာ နေရပ်မပြန်ရဲကြသေးဘူးလို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေပေါက်ကံမှာ နေအိမ်အတွင်းပေါက်ကွဲမှုဖြစ်ပြီး လူငယ်တဦးသေဆုံး၊တဦးဖမ်းဆီးခံရ

မေ၊ ၁၂ ရန်ကုန်မြို့မြောက်ဥက္ကလာပမြို့နယ်၊ရွှေပေါက်ကံမြို့သစ်ကနေအိမ်တအိမ်မှာ မနေ့ကညပိုင်းကပေါက်ကွဲမှုဖြစ်ကာ လူငယ်တဦးသေဆုံးသလို နောက်ထပ်တဦးကတော့ဖမ်းဆီးခံလိုက်ရတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ ရွှေပေါက်ကံမြို့သစ်(၁၃)ရပ်ကွက်၊ကျောက်ဆည်လမ်းရှိ နေအိမ်တအိမ်မှာ မနေ့ရ ညနေ ခြောက်နာရီဝန်းကျင်မှာ ပေါက်ကွဲမှုဖြစ်ခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့်လူငယ်တဦးနေရာမှာပဲသေဆုံးကာ တအိမ်တည်းအတူနေတဲ့ နောက်ထပ်လူငယ်တဦးကတော့ဖမ်းဆီးခံလိုက်ရတာလို့ဆိုပါတယ်။ “ဘာကနေ ပေါက်တာလည်းတော့ မသိဘူး၊ အသံတော့ကြားလိုက်ရတယ်၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

PDF တွေပြန်အခြေချတယ်ဆိုတဲ့သတင်းကြောင့် စစ်ကောင်စီက စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့

မေ၊ ၁၂ ရှမ်းပြည်နယ်၊ ရွာငံနဲ့ သာအစည်နယ်စပ်က ကျေးရွာတွေမှာ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တချို့ ပြန်လည်အခြေချနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စစ်ကောင်စီက မေလ ၅ ရက်ကစတင်  စစ်ကြောင်းထိုးပြီး နောက်ရက်တွေမှာနေအိမ် ၁၅ လုံးထက် မနည်းကို မီးရှို့ဖျက်စီးခဲ့တယ်လို့ ဒေသခံတွေကပြောကြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရခိုင်ကစစ်ရှောင်တွေနဲ့ ရိုဟင်ဂျာဒုက္ခသည်စခန်းတွေမှာ မုန်တိုင်းဒဏ်ကာကွယ်ဖို့ အခက်အခဲတွေ ရှိနေ

မေ၊ ၁၂ အင်အားပြင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ဖို့ရှိနေတဲ့ ရခိုင်ပြည်နယ်အတွင်း ရိုဟင်ဂျာနဲ့ ရခိုင်စစ်ဘေးရှောင်ဒုက္ခသည်စခန်းတွေက တဲအိမ်တွေဟာ မုန်တိုင်းဒဏ်ခံနိုင်လောက်တဲ့အနေအထားမရှိတဲ့အ တွက် ထိခိုက်၊ဆုံးရှုံးမှုတွေ ရှိလာမှာကို စိုးရိမ်နေကြတယ်လို့အဲ့ဒီ ဒုက္ခသည်တွေက ပြောကြပါတယ်။ မုန်တိုင်းရိုက်ခတ်မှုခံရနိုင်ချေရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ဒီချုပ်အမတ် ဒေါ်ဝင်းမြမြရက်စေ့လို့ အိုးဘိုထောင်ကလွတ်ပြီ

မေ၊ ၁၂ မန္တလေးတိုင်း၊စဉ့်ကိုင်မြို့နယ်ပြည်သူ့လွှတ်တော်နေးာအတွက် အနိုင်ရ ဒီချုပ်ပါတီကိုယ်စားလှယ် ဒေါ်ဝင်းမြမြဟာ မေလ ၁၂ရက် ဒီကနေ့မနက်မှာ ရက်စေ့လို့အိုးဘိုထောင်ကလွတ်လာတယ်လို့မိသားစုနဲ့နီးစပ်သူတွေကပြောပါတယ် “ဖွားဖွား(ဒေါ်ဝင်းမြမြ)လွတ်တာဟုတ်ပါတယ်။ ကျန်းမာရေးလည်းကောင်းပါတယ်”လို့ မိသားစုနဲ့နီးစပ်သူတဦးကပြောပါတယ်။ အသက် ၇၄ နှစ်အရွယ် အစ္စလာမ်ဘာသာဝင်ဒေါ်ဝင်းမြမြကို စစ်အာဏာသိမ်းပြီး ၂၀၂၁ခုနှစ်၊ ဖေဖော်ဝါရီလကုန်ခါနီးမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာလည်း မုန်တိုင်းအတွက် အရေးပေါ်တုံံ့ပြန်ကူညီပေးနိုင်ဖို့ လူမူရေးအဖွဲ့တွေ ပြင်ဆင်ထား

မေ၊ ၁၂ ဘင်္ဂလား ပင်လယ်အော်အလယ်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ အားကောင်းသောဆိုင်ကလုန်း မုန်တိုင်း( Severe Cyclonic Storm) “မိုခါ(MOCHA)” ရဲ့အရှိန်ကြောင့် မိုးသည်းထန်စွာရွာသွန်းမှုတွေ ဖြစ်နိုင်တဲ့ မန္တလေးမြို့မှာလည်း မုန်တိုင်နဲ့ ပက်သက်ပြီး အရေးပေါ်တုံပြန်ကူညီမှုတွေ ပေးနိုင်ဖို့ သက်ဆိုင်ရာလူမူရေးအသင်းတွေက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

Mpox ကျောက်ရောဂါကို နိုင်ငံတကာ ကျန်းမာရေး အရေးပေါ် အခြေအနေ ကြေညာထားမှုကနေ WHO ပြန်ရုပ်သိမ်း (Text)

မေ၊ ၁၂ Mpox ကျောက်ရောဂါကို နိုင်ငံတကာ ကျန်းမာရေးဆိုင်ရာ အရေးပေါ် ပြဿနာအဖြစ် သတ်မှတ်ထားမှုကို ရုပ်သိမ်းကြောင်း ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာခဲ့ပါတယ်။  အစောပိုင်းမှာ မျောက်ကျောက် (Monkeypox)လို့ ခေါ်ဝေါ်တဲ့ ကျောက်ရောဂါဟာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မိုခါ ဆိုင်ကလုန်းမုန်တိုင်း စစ်တွေမြို့နဲ့ ရေမိုင်ငါးရာနီးပါးအကွာပင်လယ်ပြင်ကိုဗဟိုပြုနေ

မေ၊ ၁၂ အလွန်အားကောင်းတဲ့ ဆိုင်ကလုန်းမုန်တိုင်း “မိုခါ”(MOCHA)ဟာ စစ်တွေမြို့ရဲ့ တောင်-အနောက်တောင်ဘက် ရေမိုင် (၄၉၅)မိုင်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေတယ်လို့ စစ်ကောင်စီရဲ့ မိုးလေဝသနဲ့ ဇလဗေဒဌာနက ဒီက နေ့ မနက်ပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ အဲ့ဒီမုန်တိုင်းဟာ မေလ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တိုးတက်မှုတွေ ရှိမလာလည်း မြန်မာ့အရေး ကူညီဖြေရှင်းမှုကို အာဆီယံ လက်မလျှော့ဘူးလို့ဆို

မေ၊ ၁၂ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကို ကူညီ ဖြေရှင်းဖို့ အာဆီယံရဲ့ ကြိုးစား အားထုတ်မှုမှာ ဘာတိုးတက်မှုမှ ရှိမလာသေးရင်တောင် လုံးဝ လက်လျှော့မှာ မဟုတ်ဘူးလို့ အင်ဒိုနီးရှား နိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။  အင်ဒိုနီးရှားဟာ အာဆီယံရဲ့ [ဆက်လက်ဖတ်ရှုရန်]