ဆောင်းပါး

သံတမန်ယာဉ်တန်းတိုက်ခိုက်မှု ဘယ်သူ့လက်ချက်လဲ

မေ၊ ၁၉ မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာ အာဆီယံရဲ့ အဓိကရည်ညွှန်းချက်အဖြစ် ဆက်ရှိနေ တယ်လို့ အာဆီယံထိပ်သီးအစည်းအဝေးအပြီး မေလ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်အတွင်း စစ်ဘေးရှောင်တွေနဲ့ တွေ့ဖို့သွားတဲ့ အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ် တိုက်ခိုက်ခံ ရပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းနိုင်ရေး ထိုင်းအတိုက်အခံ အင်အားစုတွေ ဆွေးနွေး သဘောတူ

မေ၊ ၁၉  ညွန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းနိုင်ရေးအတွက် ကြိုတင် ဆွေးနွေး သဘောတူညီမှုတွေ ရရှိထားပြီလို့ ရွေးကောက်ပွဲမှာ ရလဒ်ကောင်းခဲ့တဲ့ ထိုင်းအတိုက်အခံ ပါတီတွေက ပြောပါတယ်။  ၂၀၁၄ မှာ အာဏာသိမ်းခဲ့တဲ့ စစ်တပ်က ထိုင်းနိုင်ငံရဲ့ အစိုးရ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

နှစ်ရာသီဆက် ဥရောပ ဗိုလ်လုပွဲတွေ တက်လှမ်းခဲ့တဲ့ မော်ရင်ဟိုရဲ့ ရိုးမား

မေ၊ ၁၉ ရိုးမားအသင်းနဲ့အတူ ဥရောပအဆင့် ဗိုလ်လုပွဲတွေကို နှစ်ရာသီဆက်တိုက် တက်ရောက်နိုင်ခဲ့တဲ့နောက် အသင်းမန်နေဂျာ ဟိုဆေး မော်ရင်ဟိုက မဆုတ်မနစ် အားထုတ် ကြိုးစားခဲ့တဲ့ သူ့အသင်းသားတွေကို ချီးကျူးသွားခဲ့ပါတယ်။  ဥရောပ ယူရိုပါလိဂ် အကြိုဗိုလ်လုပွဲ ဒုတိယ အကျော့မှာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြိုင်မြို့နယ်မှာ မုန်တိုင်းကြောင့်မိုးရွာခဲ့တဲ့ကာလအတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းဆက်တိုက်ထိုးခဲ့

မေ၊ ၁၈   မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ မိုခါမုန်တိုင်းသက်ရောက်မှုကြောင့် မိုးရွာသွန်းခဲ့တဲ့ ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်း စစ်ကောင်စီက ဒေသကာကွယ်ရေးတပ်ဖွဲ့တွေရှိနိုင်တဲ့ ရွာတွေဘက်ကို စစ်ကြောင်းဆက်တိုက်ထိုးခဲ့ပြီး တိုက်ပွဲတချို့လည်း ဖြစ်ခဲ့တယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေးတပ်ဖွဲ့တွေက ပြောပါတယ်။   မြိုင်မြို့ပေါ်မှာ တပ်စွဲထားတဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တောင်ငူအကျဉ်းထောင်မှာ ပစ်ခတ်မှုဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားတချို့ ထွက်ပြေးလွတ်မြောက်

မေ၊ ၁၈   ပဲခူတိုင်း၊ တောင်ငူမြို့ တောင်ငူအကျဉ်းထောင် အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးပြီး ပြန်လာတဲ့ အကျဉ်းသားဆယ်ဦးဟာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဆီက သေနတ်လုယူပစ်ခတ်ပြီး ထွက်ပြေးတာကြောင့် စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တဦး သေဆုံးကာ တဦးဒဏ်ရာရခဲ့ပြီး အကျဉ်းသားတချို့လည်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ တောင်ငူအကျဉ်းထောင်နဲ့ နီးစပ်သူတဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သံဖြူဇရပ်မှာ အရပ်သားနှစ်ဦးပစ်ခတ်ခံရပြီး တဦးသေဆုံး

မေ၊ ၁၈   မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ အနင်းကျေးရွာမှာ ဒီကနေ့ မေ ၁၈ ရက် နံနက်ပိုင်းမှာ ဆိုင်ကယ်စီးနင်းလာတဲ့ အရပ်သားနှစ်ဦး သေနတ်ပစ်ခတ်ခံရတာကြောင့် တဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။   “ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မုံရွာမှာ စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ပစ်လို့ ဘုရားစေတီတွေ ထိခိုက်မှုအနည်းငယ်ရှိ

မေ၊ ၁၈   စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်လို့ မုံရွာတောင်ပိုင်းက ကျေးရွာတရွာက ဘုရားစေတီတွေ ထိခိုက်မှုအနည်းငယ်ရှိတယ်လို့ မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ထုတ်ပြန်ပါတယ်။   “ မနေ့က ညက မိုးတွေအရမ်းရွာပြီး လေတွေတိုက်တယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရွှေဘိုမြို့ကျေးရွာတရွာက ကလေးငယ်တွေအပါအဝင် အရပ်သားငါးဆယ်ခန့်ကို လူသားဒိုင်းအဖြစ် စစ်ကောင်စီဖမ်းဆီး

မေ၊ ၁၈   စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်ထဲက ကံသာကုန်းရွာကို အင်အား ၁၅၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ်တွေဟာ ဒီနေ့မနက်လင်းအားကြီးချိန်မှာပဲ ဝင်ရောက်စီးနင်းခဲ့ပြီး အိမ်တွေကို မီးရှို့ကာ ကလေးငယ်တွေအပါအဝင် ဒေသခံငါးဆယ်နီးပါးကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တယ်လို့ တော်လှန်ရေးအဖွဲ့တွေက ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကန့်ဘလူမှာ မိုးကြိုးပစ်ခံရလို့ စစ်ရှောင်တဦးသေဆုံး၊ နှစ်ဦးမြွေကိုက်ခံရ

မေ၊ ၁၈   စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့တိုက်နယ်၊ ချပ်ကြီးကျေးရွာက စစ်ရှောင်အမျိုးသားတဦးဟာ မေ ၁၆ ရက် ညနေပိုင်းက မိုးကြိုးပစ်ခံရပြီး သေဆုံးသွားခဲ့သလို အခြားစစ်ရှောင်နှစ်ဦးလည်း မြွေကိုက်ခံခဲ့ရတယ်လို့ အဲဒီဒေသက တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်။   [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်ကောင်စီသံအမတ်ကို လက်နက်ပြပွဲဖိတ်ပြီး စစ်ရေးပြတင့်ကားပေါ်စီးနင်းခွင့်ပေးလို့ တောင်ကိုရီးယားအစိုးရ ဆန္ဒပြဝေဖန်ခံရ

မေ၊ ၁၈ တောင်ကိုရီးယားအစိုးရ၊နိုင်ငံခြားရေးဌာနရဲ့လက်နက်ပြပွဲမှာ မြန်မာစစ်ကောင်စီကိုယ်စားပြု သံအမတ်ဦးသန့်စင် ကို ဖိတ်ကြားခဲ့တဲ့အပြင် စစ်ရေးပြတင့်ကားပေါ်လိုက်ပါစီးနင်းခွင့်ပြုခဲ့တဲ့အပေါ် ကိုရီးယားပြည်သူတွေနဲ့ မြန်မာ့ ဒီမိုကရေစီအရေးထောက်ခံတဲ့အဲဒီနိုင်ငံကလူမှုအဖွဲ့တွေကကန့်ကွက်ကြောင်းဒီကနေ့ဆန္ဒပြခဲ့ကြတယ်လို့ အဲ့ဒီ နိုင်ငံရောက်မြန်မာ အသိုင်းဝိုင်းဆီကသိရပါတယ်။ ကိုရီးယားလူမှုအဖွဲ့အစည်း(၁၀၀)ကျော်ပါဝင်တဲ့ မြန် မာ့ဒီမိုကရေစီအရေးကိုထောက်ခံတဲ့ကိုရီးယားအဖွဲ့ချုပ်က အဲ့ဒီကိစ္စကိုကန့်ကွက်ရှုတ်ချတဲ့ဆန္ဒပြပွဲနဲ့ သတင်းစာရှင်းလင်းပွဲကို ဆိုလ်းမြို့ရှိ [ဆက်လက်ဖတ်ရှုရန်]