သံတမန်ယာဉ်တန်းတိုက်ခိုက်မှု ဘယ်သူ့လက်ချက်လဲ

မေ၊ ၁၉

မြန်မာ့အရေးနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက်ငါးရပ်ဟာ အာဆီယံရဲ့ အဓိကရည်ညွှန်းချက်အဖြစ် ဆက်ရှိနေ တယ်လို့ အာဆီယံထိပ်သီးအစည်းအဝေးအပြီး မေလ ၁၁ရက်မှာ ထုတ်ပြန်ပါတယ်။

မြန်မာနိုင်ငံမှာ ရှမ်းပြည်နယ်အတွင်း စစ်ဘေးရှောင်တွေနဲ့ တွေ့ဖို့သွားတဲ့ အာဆီယံသံတမန်ယာဉ်တန်း ပစ်ခတ် တိုက်ခိုက်ခံ ရပြီးနောက် ငါးရက်အကြာမှာအာဆီယံက အဲ့ဒီလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက်တွေကိုအကောင်အထည်ဖော်မှုမရှိဘူးလို့ ထိပ်သီးအစည်း အဝေးအ တွင်း အာဆီယံခေါင်းဆောင်တွေက ဝေဖန်ခဲ့ကြပေမယ့် ဒီဘုံသဘောတူညီချက်ကိုပဲ ဆက်လက်ဆုပ်ကိုင် ထားတဲ့ သဘော ပါ။

သတင်းစာဆရာတဦးရဲ့အမြင်မှာတောင် ပြီးခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲက မြန်မာ့အရေးထုတ်ပြန်ချက်ဟာ နွေဦးတော်လှန်ရေးဘက်ကကြည့်ရင် စိတ်ပျက်ဆရာကောင်းတယ်လို့ မဇ္ဈိမသတင်းဌာနတည်ထောင်သူ ဦးစိုးမြင့် က ပြောပါတယ်။

“မြန်မာ့အရေးဖြေရှင်းဖို့နည်းလမ်းသစ်ရှာတာ၊အချိန်ကာလသတ်မှတ်ထားတာတွေမတွေ့ရဘူး”လို့သူကပြောပါတယ်။

မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံရဲ့ ဘုံသဘောတူညီချက်ငါးရပ်ထဲမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေး ဖို့အချက်လည်းပါဝင်ပါတယ်။

ပြည်တွင်းက တော်လှန်ရေး  အင်အားစုတွေနဲ့ ပြည်တွင်း ပြည်ပမြန်မာ့အရေး လေ့လာသူတွေကတော့ စစ်ကောင် စီဟာ အာဆီယံ ဘုံသဘောတူညီချက်တွေထဲက နိုင်ငံရေးအကျဉ်းသားတွေလွှတ်ရေး၊အကြမ်းဖက်မှု တွေရပ်တန့် ရေး စတာတွေကို လိုက်နာဖို့အသာထား လူသားချင်းစာနာမှုအကူအညီတွေ ပေးဖို့ဆိုတဲ့အချက်ကိုတောင် လုပ် ဆောင်လိုခြင်းမရှိဘူးလို့ ဝေဖန်ကြပါတယ်။

ဒီအခြေအနေမှာ မြန်မာ့အရေးဖြေရှင်းဖို့ အရေးပါတဲ့ နိုင်ငံတကာ အဖွဲ့အစည်းအဖြစ် ရှိနေတဲ့ အာဆီယံက လည်း နေရာဒေသပေါင်းစုံက အကူအညီလိုအပ်နေသူတွေဆီ လူသားချင်းစာနာမှုအကူအညီတွေရောက်နိုင်ရေး ဖိဖိစီးစီး လုပ်ကိုင်ဖို့ ဆုံးဖြတ်ချက်ချတာမျိုးမရှိဘူးလို့ မဇ္ဈိမသတင်းဌာနနတည်ထောင်သူ ဦးစိုးမြင့်က ပြောပါတယ်။

အထူးသဖြင့် ရှမ်းပြည်နယ် ဆီဆိုင်မြို့မှာပအိုဝ်းတိုင်းရင်းသား စစ်ရှောင်တွေနဲ့တွေ့ဆုံဖို့သွားတဲ့ အာဆီယံရဲ့လူသား ချင်းစာနာထောက် ထားမှုဆိုင်ရာ ညှိနှိုင်ရေးဌာန(AHA)စင်တာက တာဝန်ရှိသူတွေ၊စင်္ကာပူနဲ့၊အင်ဒိုနီးရှားသံတမန် တွေလိုက်ပါလာတဲ့ ယာဉ်တန်းပစ်ခတ်ခံရပြီးနောက် တော်လှန်ရေး အင်အားစုတွေက အဲ့ဒီအချက်ကိုပိုမိုထောက်ပြ လာကြပါတယ်။

အဲ့ဒီသံတမန်ယာဉ်တန်း ပစ်ခတ်ခံရမှုဟာ အကြမ်းဖက်အဖွဲ့တွေက လုပ်တာလို့ စစ်ကောင်စီက ထုတ်ပြန်ထား ပေ မယ့် ဒီခရီးစဉ်ဖြစ်လာရေး ဦးဆောင်ညှိနှိုင်းခဲ့တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO)အပါအဝင် ပအိုဝ်းတပ်ဖွဲ့တွေကတော့ စစ်ကောင်စီနဲ့ စစ်ကောင်စီလက်အောက်ခံ ပြည်သူ့စစ်အဖွဲ့တို့ရဲ့လက်ချက်လို့ ဆိုကြ ပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ(PNFC)ကလည်း ဒီပစ်ခတ်မှုဟာ ဌာနေပြည်သူ့စစ်အဖွဲ့ရဲ့ လက်ချက်ဖြစ် ပြီး နောက်ကွယ်က စေခိုင်းမှုတွေလည်းရှိနေတယ်လို့ ထုတ်ပြန်ထားပါတယ်။စစ်ကောင်စီက အကြမ်းဖက်တွေရဲ့ လက်ချက်လို့ သုံးစွဲပေမယ့် သူတို့လုပ်နေကျအတိုင်း ဘယ်အဖွဲ့လို့ အမည်တပ်ဖော်ပြတာမျိုးမရှိပါဘူး။

ပစ်ခတ်မှုဖြစ်တဲ့နေရာဟာ စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်အဖွဲ့နဲ့ စစ်ကောင်စီတို့ရဲ့  စိုးမိုးထိန်း ချုပ် နယ်မြေဖြစ်ပြီး တခြားအင်အားစုတွေအနေနဲ့ ဒီလိုနေရာမျိုးမှာ ပြောက်ကျားစစ်ဆင်ရေး လုပ်ဖို့မဖြစ်နိုင်ဘူးလို့ PNFC ရဲ့ပြောခွင့်ရသူ ခွန်းဝေထူးကပြောပါတယ်။

ထင်ရှားသော ဘတ်တံဆိပ်၊ အမှတ်တံဆိပ် တပ်ဆင်ထားမှု မရှိပေမယ့် ပစ်ခတ်တဲ့ အဖွဲ့အစည်းဟာ PNO တပ် ရင်း နဲ့ အနီးဆုံးနေရာမှာ ဖြစ်ပွားခဲ့ပြီးတော့အဲဒီပစ်ခတ်သူတွေဟာ ဌာနေပြည်သူ့စစ်တွေ ဖြစ်တယ်ဆိုတာကိုတော့ ဒေသခံပြည်သူတွေရဲ့ မျက်မြင်ပြောကြားချက်ကို ကွန်တော်တို့ စုံစမ်းတဲ့အခါမှာ ဒီလို သိရှိထားတာဖြစ်ပါတယ်”လို့ သူကပြောပါတယ်။

စစ်ကောင်စီဟာ တိုင်းရင်းသားတော်လှန်ရေး အင်အားစုတွေကို အကြမ်းဖက်သူတွေအဖြစ် ပုံဖော်လိုတာကြောင့် ဒီ ပစ်ခတ်မှုကို ဖန်တီးခဲ့တာလို့ PNFC က ယူဆနေတာပါ။

နောက်ထပ် ရှုမြင်သုံးသပ်မှုတခုကတော့ ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့တွေကြားအားပြိုင်မှုကြောင့် အခုလိုဖြစ်ရပ် ပေါ်ပေါက်ခဲ့တယ်ဆိုတာပါ။

ပစ်ခတ်မှုဖြစ်ရာ ဒေသဟာ PNOပအိုဝ်း ပြည်သူ့စစ်စိုးမိုးရာဒေသဖြစ်ပြီး အဲ့ဒီအဖွဲ့ကို စစ်ခေါင်းဆောင်အဆက် ဆက်နဲ့ ဆက်ဆံရေးကောင်းခဲ့သလို လက်ရှိ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်နဲ့လည်း နီးကပ်တဲ့ ဆက် ဆံရေး ရှိသူ ဦးအောင်ခမ်းထီက ဦးဆောင်နေတာပါ။

PNO စိုးမိုးထိန်းချုပ်တဲ့ဒေသထဲမှာ နောက်ထပ် ပအိုဝ်းလက်နက်ကိုင်တပ်ဖွဲ့တခုဖြစ်တဲ့ PNLOက ပအိုဝ်းစစ်ရှောင် တွေအတွက် လူသားချင်း စာနာမှု ဆိုင်ရာအကူအညီတွေရအောင် ဦးဆောင်ညှိနှိုင်းဆောင်ရွက်ပေးနိုင်တာကို မလို လားတာကြောင့် အခုလိုပစ်ခတ်နှောင့်ယှက်ခဲ့တာဆိုတဲ့အမြင်တွေလည်းရှိနေတာပါ။

“PNLO က ဒါတွေကို လုပ်ဖြစ်သွားရင် နိုင်ငံရေးအရ အာဆီယံက အသိအမှတ်ပြုမယ်၊အာဆီယံနဲ့လည်း ရေရှည် လက်တွဲသွားတဲ့ အခွင့်အလမ်းတွေ ရနိုင်မယ်၊PNLO အတွက်က အခွင့်အလမ်းကောင်းတွေ၊နိုင်ငံရေးအမြတ် တွေ ချည်းပဲ၊PNLO က ပစ်ဖို့ အကြောင်းမရှိဘူး။ နိုင်ငံရေး အမြတ်မရနိုင်တဲ့ အဖွဲ့က လုပ်ချင် လုပ်မှာပေါ့၊ အဲ့ဒါကို စဥ်း စားဖို့လိုတယ်”လို့ PNLO နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက သျှမ်းသံတော်ဆင့်ကိုပြောထားပါတယ်။

ပစ်ခတ်မှုကျူးလွန်သူတွေ တာဝန်ခံရမယ်လို့ အာဆီယံခေါင်းဆောင်တွေက ဝေဖန်ရှုတ်ချကာ ရာဇသံပေးခဲ့ကြ ပေ မယ့် လက်ရှိအထိတော့ သံတမန်ယာဉ်တန်းကိုဘယ်အဖွဲ့က ပစ်ခတ်ခဲ့တယ်ဆိုတာ ထင်ထင်ရှားရှားဖော်ထုတ်နိုင် တာမျိုးတော့မရှိသေးပါဘူး။

အကူအညီလာပေးမယ့် နိုင်ငံတကာ သံတမန်တွေနဲ့ တွေ့ဆုံပြီး မြေပြင်က အခက်အခဲတွေအကြောင်း သတင်း စကားပါးဖို့ ဆီဆိုင်မြို့မှာ စောင့်နေကြတဲ့ ပအိုဝ်းစစ်ရှောင်တွေကတော့ သူတို့မျှော်နေကြသူတွေနဲ့တွေ့ခွင့်မရ လိုက်ပါဘူး။ပစ်ခတ်မှုဖြစ်ပြီးနောက် ခရီးစဉ်ကို ဖျက်သိမ်းခဲ့တာကြောင့်ပါ။

သံတမန်ယာဉ်တန်း တိုက်ခိုက်ခံရတဲ့ နေရာဟာ ဆီဆိုင်မြို့နဲ့ လေးမိုင်အကွာ၊ နန်းဩရွာ မြောက်ဘက် သရက် ပင်ကြီးအကွေ့မှာ ပစ်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ် ခမရ (၄၂၃)၊ ခမရ (၄၂၄) နဲ့ စစ်ကောင်စီရဲ့ လက်အောက်ခံ PNO ပြည်သူ့စစ်စခန်းတွေ ကြားမှာ ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ခိုက်ခံရတဲ့ ဒေသဟာ စစ်တပ်နဲ့ စစ်တပ်လက်အောက်ခံ PNO/PNA တပ်တွေသာ အဓိက ထိန်းချုပ်စိုး မိုးနေတဲ့ နေရာတွေဖြစ်တယ်လို့ သူတို့က ပြောပါတယ်။

 AHA စင်တာက တာဝန်ရှိသူတွေနဲ့ သံတမန်တွေဟာ ဆီဆိုင်မြို့က စစ်ဘေးရှောင်တွေကို ကူညီထောက်ပံ့ဖို့နဲ့ တွေ့ဆုံဖို့ လာရောက်ခဲ့တာဖြစ်ပြီး ဆီဆိုင်မြို့နယ်မှာ စစ်ဘေးရှောင် ရှစ်ထောင်နီးပါးရှိပါတယ်။

ဆီဆိုင်မြို့မှာ ကယားပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆို ဘက်က စစ်ဘေးရှောင်တွေ အများဆုံးရှိ နေပြီး ရှမ်းက ယားနယ်စပ်၊ ပင်းလောင်၊ ဖယ်ခုံဘက်က စစ်ဘေးရှောင်တွေလည်း ရှိပါတယ်။

အဲဒီက စစ်ဘေးရှောင်တွေဟာ အခြေခံစားနပ်ရိက္ခာသယ်ယူခွင့်နဲ့ စစ်ရှောင်ကူညီသူတွေကို စစ်တပ်နဲ့ PNO က ပိတ်ပင်ကန့်သတ်တာတွေကြောင့် အခက်တွေ့နေကြရသူတွေဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

“သူတို့က မထောက်ပံ့စေချင်လို့ အဲလိုပုံစံမျိုး၊သူတို့ဂိတ်ကို ဖြတ်ပြီးမှ သယ်သွားမယ်ဆိုရင် သယ်ခွင့် မပေးဘူး၊ တ ကယ်လို့ အဲလိုမျိုး ရွာခံ လူက ဆန်လာဝယ်တယ်ဆိုရင် စစ်ရှောင်တွေကို ထောက်ပံ့တယ်၊ ဘာညာဆိုပြီးတော့မှ ပေးမသယ်ဘူး၊ရွာခံတွေက ကိုယ့်အတွက်ပဲ သယ်တာ ဆိုမှ အုပ်ချုပ်ရေးမှူး ထောက်ခံစာ အဆင့်ဆင့်နဲ့ ယူခိုင်းပြီး ဆန်လာဝယ်ရတာ၊တခါဝယ်မယ်ဆိုရင်လည်း အိတ်ကန့်သတ်ချက်နဲ့ ဝယ်ရတာပါ”လို့ ဆီဆိုင် ဒေသခံတဦးက DNA ကို ပြောပါတယ်။

ဒါ့အပြင် စစ်တပ်နဲ့ ပြည်သူ့စစ် PNO/PNA တပ်တွေဟာ ဆီဆိုင်မြို့မှာ ဒေသခံတွေဆီက ကုန်ပစ္စည်းတွေအလိုက် ဂိတ်စခန်းတွေ ဖွင့်ထားပြီး ငွေကြေး ကောက်ခံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီဂိတ်တွေဟာ ဆေးဝါးသယ်ယူမယ်ဆိုရင် ပိုမိုစစ်ဆေးကြပြီး ခုချိန်မှာ ဆေးဝါး မလုံလောက်မှုကို ဒေသခံတွေ ရင်ဆိုင်နေရပါတယ်။

 “ဆီဆိုင်ဘက် စစ်ရှောင်များတော့ တချို့ အလှူရှင်တွေက လွတ်လပ်စွာ ပစ္စည်းသယ်ခွင့် မရှိ၊ အစစ်အဆေး အ ရမ်းများတော့ ခုနောက်ပိုင်း လာမလှူဖြစ်တာ များတဲ့အတွက် စစ်‌ရှောင်တွေ စားဝတ်နေရေး ပိုခက်ခဲလာရတယ်၊ လိုအပ်တဲ့ ဆေးဝါး အကူအညီတွေလည်း မရတော့ တချို့ လုံးဝ ရိက္ခာမရတဲ့ စစ်ရှောင်တွေဆိုရင် ထမင်းတောင် နပ်မှန်အောင် မစားရပါဘူး”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူ တဦးက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီနဲ့ PNO/PNA ဘက်က တိုက်ခိုက်တာဖြစ်နိုင်တယ်လို့ ဆီဆိုင်မြို့နယ် ဒေသခံတချို့ က သုံးသပ်ပါတယ်။ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ အာဏာမသိမ်းမီက PNO/PNA ရဲ့ ဩဇာသက်ရောက် မှု အားကောင်းနေခဲ့ပြီး လက်ရှိမှာ ဒေသခံတွေကြား ပုံရိပ်ကျဆင်းလာနေတယ်လို့ ဆိုပါတယ်။

 “စစ်ရှောင်တွေသာ အမှန်တကယ် အကူအညီရရှိမယ်ဆိုရင် PNLA အတွက် ပိုအကျိုးရှိသလို နောက်ဆက်တွဲ ကောင်းကျိုးတွေလည်း အများကြီးရမယ်လို့ မျှော်လင့်တယ်။ PNO အဖွဲ့က ပြည်သူတွေအတွက် ကောင်းကျိုးမပြု ဘူးဆို တဖြည်းဖြည်း ဆိုးကျိုးဖက်ကို ရောက်သွားလိမ့်မယ်”လို့ စစ်ရှောင်တွေကို ကူညီပေးနေသူတဦးက ပြောပါ တယ်။

 ဒီတိုက်ခိုက်မှုမှာ အဓိက စွပ်စွဲခံနေရတဲ့ စစ်ကောင်စီ လက်အောက်ခံ PNO/PNA အဖွဲ့ဆီကို DNA က ဆက်သွယ် မေးမြန်းဖို့ ကြိုးစားပေမယ့် မရခဲ့ပါဘူး။

ဒီယာဉ်တန်းထဲမှာ စစ်ကောင်စီလက်အောက်ခံတွေလည်း လိုက်ပါလာခဲ့ပြီး ယာဉ်တန်းလုံခြုံရေးကို လည်းစစ် ကောင်စီတပ်ဖွဲ့တွေနဲ့ PNO ပြည်သူ့စစ်တို့က တာဝန်ယူခဲ့ကြတာပါ။

ပစ်ခတ်မှုကြောင့် ယာဉ်တန်းထဲက ကားတစီး ထိခိုက်ပျက်စီးခဲ့ပေမယ့် ယာဉ်တန်းနဲ့အတူ လိုက်ပါလာသူတွေတော့ ထိခိုက်သေဆုံးတာမရှိခဲ့ပါဘူး။

ဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီးကျူးလွန်သူဖြစ်နိုင်ချေရှိနေတဲ့ စစ်ကောင်စီ၊PDF၊ပအိုဝ်းလက်နက်ကိုင်အဖွဲ့တွေစတဲ့ အဖွဲ့တွေအားလုံးက ကျူးလွန်ခြင်းမရှိကြောင်း ငြင်းဆိုထားကြတာပါ။

“ပထမတချက် အဲလို တိုက်ခိုက်မှုဟာ ဘယ်ဘက်က တိုက်တိုက်၊ အင်မတန်ရုပ်ဆိုးတဲ့ ကိစ္စပေါ့၊နောက်တခုက ပြည်တွင်းမှာ ရှိနေတဲ့ အခြေအနေအရ ဒီလိုမျိုး ကူညီကယ်ဆယ်ဖို့ ကိစ္စတွေအတွက်ပါ အများကြီး ထိခိုက်စရာ ရှိတယ်၊ဘယ်သူပဲ လုပ်လုပ်၊ အခု လောလာဆယ်ကတော့ ဘယ်သူလုပ်တယ်ဆိုတာ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိနေသေးဘူး၊ဟိုအဖွဲ့ ဒီအဖွဲ့ဆိုတာ ငြင်းနေကြတုန်းပဲ”လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးစိုင်းကြည်ဇင်စိုးက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့အဲဒီတိုက်ခိုက်ခံရမှုကို စုံစမ်းစစ်ဆေးနေပြီး ရလဒ်တွေကို ပွင့်လင်းမြင်သားမှု ရှိစွာ ထုတ်ပြန်သွားမယ်လို့ဆိုထားပါတယ်။

NUG အပါအဝင် ပအိုဝ်းတော်လှန်ရေး အင်အားစုတွေနဲ့ နိုင်ငံရေးလေ့လာသူတွေကတော့ အဲ့ဒီတိုက်ခိုက်မှုဟာ လက်ရှိမြန်မာ့အရေးကို တွေ့ဆုံဆွေးနွေးရေးလမ်းကြောင်းကနေ ချဉ်းကပ်လို့မရနိုင်ကြောင်းသက်သေတ ခုဖြစ် တယ်လို့ ပြောကြပါတယ်။

ဒါပေမယ့် အာဆီယံကတော့ ဒီလို သံတမန်ယာဉ်တန်း ပစ်ခတ်တိုက်ခိုက်ခံရပြီးချိန်မှာတောင် သူတို့ရဲ့မူ၊သဘော ထားတွေကို ပြောင်းလဲဖို့ စဉ်းစားလာတာမျိုးမရှိသေးပါဘူး။ပြီးခဲ့တဲ့ အာဆီယံထိပ်သီးဆွေးနွေးပွဲအပြီး ဥက္ကဌနိုင် ငံဖြစ်တဲ့ အင်ဒိုနီးရှားရဲ့ ထုတ်ပြန်ပြောဆိုချက်တွေမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အာဆီယံဘုံသဘောတူညီ ချက်ငါးချက်ကိုပဲ ဆက်လက်စွဲကိုင်သွားမယ်လို့ဖော်ပြခဲ့ပါတယ်။

အာဆီယံရဲ့ အဲ့ဒီသဘောထားဟာ စိတ်ပျက်စရာဖြစ်ပြီး အာဆီယံခေါင်းဆောင်အနေနဲ့ မြန်မာ့အကျပ်အတည်းကို ဖြေရှင်းနိုင်ခြင်းမရှိတော့ဘူးဆိုတာ ပေါ်လွင်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက ဝေဖန်ပါတယ်။

ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီရဲ့ ပြောခွင့်ရသူ ခွန်းဝေထူးကလည်း အလားတူ သဘောထား ပေးပါတယ်။ လက်ရှိအခြေအနေတွေအရပေါ်ပေါက်နေတဲ့အကျပ်အတည်းတွေဟာ စစ်အုပ်စုရဲ့ သဘောထားအပေါ်သာ မူ တည်နေပြီး အာဆီယံနဲ့တရုတ်နိုင်ငံတို့ရဲ့ ဆောင်ရွက်မှုတွေကနေ အကျပ်အတည်းတွေပြေလည်သွားမယ့်အလား အလာမတွေ့ရဘူးလို့သူကပြောပါတယ်။

“အာဆီယံကပဲ ဖြစ်ဖြစ်၊ တရုတ်လို နိုင်ငံကပဲ ဖြစ်ဖြစ် ဆောင်ရွက်လာမဲ့ တည်ငြိမ်ရေး၊ ငြိမ်ချမ်းရေး၊ နိုင်ငံရေးတွေ ဟာ ဘာမှ အကောင်အထည် ဖော်လာနိုင်စရာ မရှိဘူး၊ဒါကိုပဲ ဆက်လုပ်နေမယ်ဆိုရင် အပျက်အပျက်နဲ့ နှာခေါင်း သွေးထွက်ဖို့ပဲ ရှိပါတယ်”လို့သူကပြောပါတယ်။