နိုင်ငံရေး

၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် နိုင်ငံတဝှမ်းပြုလုပ်

ဇူလိုင်၊ ၇   ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝှမ်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။   အလားတူပဲ စစ်ကောင်စီ စစ်ဆေးတင်းကြပ်မှုတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တကျော့ပြန်စစ်ပွဲတွေကြောင့် နေရပ်ပြန်နမ်ဆန်ယန်စစ်ရှောင်တွေ ထပ်ပြီးထွက်ပြေးနေရ၊ စစ်ကောင်စီဘက်က တပ်ဆုတ်တာမရှိရင် တိုက်ပွဲပိုပြင်းထန်လာနိုင်ကြောင်း KIA ပြော

ဇူလိုင်၊ ၆   ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဝိုင်းမော်-လိုင်ဇာ လမ်းပေါ်မှာရှိတဲ့ နမ်ဆန်ယန် ကျေးရွာအနီးမှာ ကချင်လွတ်မြောက်ရေးတပ် (KIA)နဲ့ အာဏာသိမ်း စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ဖြစ်ပေါ်နေလို့ ဒေသခံတွေထပ်ပြီး စစ်ဘေးတိမ်းရှောင်နေကြရပါတယ်။ ကချင်လွတ်မြောက်ရေးတပ် (KIA) ဌာနချူပ် [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

တူရကီ မက်ဆီလို့ တင်စားခံရတဲ့ လူငယ်ခြေတက်လေး ဂူလာကို ရီးရဲလ်မက်ဒရစ် ခေါ်ယူ

ဇူလိုင်၊ ၆ တူရကီ ဘောလုံးလောကရဲ့ အတောက်ပဆုံး အနာဂတ် ကြယ်ပွင့်အဖြစ် ညွှန်းဆို ခံရသူ အာဒါဂူလာကို စာချုပ် ခေါ်ယူလိုက်ပြီဖြစ်ကြောင်း စပိန်ထိပ်သီး ရီးရဲလ်မက်ဒရစ် အသင်းက ထုတ်ပြန် ကြေညာလိုက်ပါတယ်။ ကမ္ဘာကျော် အာဂျင်တီးနား တိုက်စစ်မှူး [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

အာဆင်နယ်ကို စွန့်ခွာပြီး ဂျာမန် ဘွန်းဒစ်လီဂါ ပြိုင်ပွဲတွေဆီ ပြန်လည် ခြေချသွားတဲ့ ရှာခါ

ဇူလိုင်၊ ၆ အာဆင်နယ် အသင်းရဲ့ ကွင်းလယ် ကစားသမား ဂရာနစ် ရှာခါဟာ ဂျာမန် ဘွန်းဒစ်လီဂါ ဘောလုံးကလပ် ဘေယာ လေဗာကူဆန်ဆီ ပြောင်းရွှေ့သွားခဲ့ပြီ ဖြစ်ပါတယ်။ အသက် ၃၀ ရှိနေပြီဖြစ်တဲ့ ဆွစ်ဇာလန် လက်ရွေးစင်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ငွေတွင်းရွာက စစ်ကောင်စီစခန်းကို PDF ဝင်တိုက်၊ နှစ်ဘက်ပစ်ခတ်မှုမှာ ဒေသခံ ၁၅ ဦးသေဆုံး

ဇူလိုင်၊ ၆   စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာကို ဇူလိုင်လ ၅ရက် မနေ့က မနက်က ပြည်သူ့ကာကွယ်ရေးတပ် PDF တွေက ဝင်တိုက်ရာမှာ နှစ်ဘက်တိုက်ပွဲအတွင်း ဒေသခံ ၁၅ ဦး သေဆုံးကာ ခုနှစ်ဦးထက်မနည်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ရှေ့နေဒေါ်ရွက်နုအောင်ရဲ့ အယူခံအမှု ဒီလ ၁၂ ရက်နေ့ ကြားနာမယ်

ဇူလိုင်၊ ၆   နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ရွက်နုအောင်ကို စစ်အုပ်စုက တရားစွဲဆို ထောင်ချထားတဲ့ အမှုအတွက် အယူခံကို ဒီလ ၁၂ ရက်နေ့မှာ နှစ်ဖက်ကြားနာဖို့ ရှိတယ်လို့ ပြည်ထောင်စု [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

AA နဲ့ ဆက်စပ်တယ်ဆိုကာ ဖမ်းဆီးခံထားရတဲ့ ရခိုင်လူငယ်တဦး ရဲစခန်းအချုပ်မှာ သေဆုံး

ဇူလိုင်၊ ၆   ရခိုင့်တပ်တော် (AA)နဲ့ ဆက်စပ်တယ်လို့ စွပ်စွဲခံရပြီး အမ်းမြို့မရဲစခန်း အချုပ်မှာ ဖမ်းဆီးခံထားရတဲ့ လူငယ်တဦးကို ရဲစခန်းက အချိန်မီ ဆေးကုသခွင့် မပေးခဲ့တဲ့အတွက် ဇူလိုင်လ ၁ ရက်နေ့က သေဆုံးသွားတယ်လို့ မိသားစုဝင်တွေနဲ့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သမ္မတနဲ့ အတိုင်ပင်ခံတို့ရဲ့ အဂတိ စွပ်စွဲချက်အယူခံမှုတွေ ရက်ပိုင်းအတွင်း နှစ်ဖက်ကြားနာမယ်

ဇူလိုင်၊ ၆   စစ်အုပ်စုက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် တို့အ ပေါ် စွဲဆိုထောင်ချထားတဲ့ အဂတိအမှု ငါးခုနဲ့ပတ်သက်ပြီး အယူခံလက်ခံထားတဲ့အတွက် ဒီလ ၁၂ ရက်နေ့မှာ နှစ်ဖက်ကြားနာသွားဖို့ ရှိတယ်လို့ ပြည်ထောင်စု [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘီးလင်းမှာ အမျိုးသားတဦးမြေမြှပ်မိုင်းနင်းမိပြီး အသက်အန္တရာယ်စိုးရိမ်နေရ

ဇူလိုင်၊ ၆ မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အကိုဖြစ်သူနဲ့ စကားများပြီး နေအိမ်ကနေ ထွက်လာတဲ့ အမျိုးသားတဦးလမ်းမှာ မြေမြှပ်မိုင်းနင်းမိလို့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။ “ ညီအကိုနှစ်ယောက်ပဲ၊ သောက်စားနေရင်းနဲ့ အိမ်မှာပေါ့၊ အဲဒါစကားများကြတာ၊ စိတ်ဆိုးပြီး ထွက်သွားတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝက်လက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်လို့အရပ်သား ခုနစ်ဦး သေဆုံး၊ ခြောက်ဦးဒဏ်ရာရ

ဇူလိုင် ၊ ၆ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်မှာ စစ်ကောင်စီတပ်သားတွေက ဇူလိုင်လ ၆ ရက် ဒီကနေ့ မနက် ၆ နာရီဝန်းကျင်မှာ ပစ်ခတ်ခဲ့လို့ အမျိုးသမီးလေးအပါအဝင် အရပ်သားခုနစ်ဦးကို သေဆုံးခဲ့ပြီး ခြောက်ဦးဒဏ်ရာရတယ်လို့သိရပါတယ်။ “ရွာသာကြီးဘက်ကနေထွက်လာတဲ့ စစ်ကောင်စီတပ်က [ဆက်လက်ဖတ်ရှုရန်]