၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် နိုင်ငံတဝှမ်းပြုလုပ် July 7, 2023 နိုင်ငံရေး ဇူလိုင်၊ ၇ ဒီကနေ့ ဇူလိုင်လ ၇ ရက်နေ့မှာ ကျရောက်တဲ့ ၆၁ နှစ်မြောက် ဆဲဗင်းဂျူလိုင် အထိမ်းအမှတ်အနေနဲ့ နိုင်ငံတဝှမ်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ပြုလုပ်နေကြပါတယ်။ အလားတူပဲ စစ်ကောင်စီ စစ်ဆေးတင်းကြပ်မှုတွေ များတဲ့ ရန်ကုန်မြို့တွင်းမှာတော့ ဘတ်စ်ကားတွေအပေါ်နဲ့ သထုံလမ်း၊ ကန်တော်ကြီး၊ ပြည်သူ့ရင်ပြင် စတဲ့နေရာတွေမှာ ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြသလို အင်းစိန်ထောင်အတွင်းမှာလည်း ” ဗမာလူမျိုးကြီးဝါဒ ပပျောက်ရေးနှင့် တိုင်းရင်းသားလူမျိုးအားလုံး၏ နိုင်ငံရေးအခန်းကဏ္ဍအပေါ် ဆွေးနွေးတိုင်ပင်ခြင်း ” အစီအစဥ်အပါအဝင် ဆဲဗင်းဂျူလိုင် အခမ်းအနားကို အစီအစဥ် ခုနစ်ခုနဲ့ ကျင်းပခဲ့တယ်လို့ သိရပါတယ်။ သပိတ်လှုပ်ရှားမှုတွေ အားကောင်းတဲ့ ဆားလင်းကြီးမြို့နယ်၊ ယင်းမာပင်မြို့နယ်တွေအပြင် မုံရွာမြို့ပေါ်နဲ့ လုံခြုံရေးတင်းကျပ်တဲ့ မန္တလေးမြို့ပေါ်က စာသင်ကျောင်း ခြံစည်းရိုးတခုမှာလည်း ” ၇.၇.၆၂ မမေ့ကြနဲ့ ” စာတန်း ရေးသားတာတွေ ဒီနေ့ မနက်ပိုင်း ပြုလုပ်ခဲ့ကြပါတယ်။ ဒါ့အပြင် တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကံပေါက်ဒေသအတွင်းမှာလည်း အမျိုးသမီးတွေ ဦးဆောင်ပြီး ဒီကနေ့ မနက်ပိုင်းက ဆဲဗင်းဂျူလိုင် အထိမ်းအမှတ် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – Social Media 7 Julyဆဲဗင်းဂျူလိုင်လူထုသပိတ်အထိမ်းအမှတ်
နိုင်ငံရေး တိုက်ပွဲတွေကြားက လူထုသပိတ်စစ်ကြောင်းများ March 11, 2023 နိုင်ငံရေး မတ်၊၁၁ “ငါမထွက်ဘဲနေလို့ ငါ့လိုလူတွေများနေရင် ဒီမိုကရေစီရမှာမဟုတ်တော့ဘူး” အာဏာသိမ်းကာလအစောပိုင်းက ဒီစကားလုံးတွေကို လူမှုကွန်ရက်ကတဆင့်သိရ၊ကြားရပြီး ဝမ်းနည်း၊ မျက် ရည်ကျခဲ့ဖူးပါသလား။ အဲ့ဒီစကားပြောခဲ့တဲ့ ကိုချစ်မင်းသူကျဆုံးတာ ဒီကနေ့မှာ နှစ်နှစ်ပြည့်ပါပြီ။သွေးစွန်းနေတဲ့ အမည်းရောင် ကျောပိုး အိတ်တလုံး၊သပိတ်စစ်ကြောင်းမှာ အကာအကွယ်ရလိုရငြား အသုံးပြုခဲ့တဲ့ အသုံးအဆောင်တချို့ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး နွေဦးတော်လှန်ရေးထဲက ဆဲဗင်းဂျူလိုင် July 7, 2023 နိုင်ငံရေး ဇူလိုင်၊ ၇ စစ်အာဏာရှင် လွှမ်းမိုးတဲ့ ဆယ်စုနှစ်တွေများစွာကို ရင်ဆိုင်ဖြတ်သန်းခဲ့ရတဲ့ မြန်မာ့နိုင်ငံရေးသမိုင်းမှာ ဒီမိုကရေစီအရေး၊ အာဏာရှင်ဆန့်ကျင်ရေး အထင်ကရ သမိုင်းနေ့ရက်တွေ အများအပြား ရှိနေပါတယ်။ လက်ရှိမှာလည်း စစ်အာဏာရှင်စနစ်ကို တွန်းလှန်ခုခံနေကြရတဲ့ နွေဦးတော်လှန်ရေး ကာလဖြစ်တာကြောင့် [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး ထားဝယ်သပိတ်ခေါင်းဆောင်ရဲ့ ဖခင်ဖြစ်သူ ထောင်ဒဏ်နှစ်နှစ် ချမှတ်ခံရ August 25, 2023 နိုင်ငံရေး သြဂုတ်၊ ၂၅ တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင် သပိတ်ခေါင်းဆောင် ကိုမင်းလွင်ဦးရဲ့ ဖခင်ဖြစ်သူ ဦးအောင်ဖေကို စစ်ကောင်စီတရားရုံးက သြဂုတ်လ ၂၃ ရက် မှာ ထောင်ဒဏ်နှစ်နှစ် ချမှတ်လိုက်တယ်လို့ မိသားစုဝင်တွေက ပြောပါတယ်။ ” [ဆက်လက်ဖတ်ရှုရန်]