နိုင်ငံရေး

စစ်ကောင်စီတပ်သားတစ်ဦး CDF – Zophei ဆီ လက်နက်နဲ့အလင်းဝင်

ချင်းပြည်နယ် ဟားခါး အခြေစိုက် စစ်ကောင်စီတပ်ရင်း ခလရ(၂၆၆)က စစ်ကောင်စီတပ်သားတဦးဟာ ဇန်နဝါရီ (၆) ရက်နေ့မှာ လက်နက်နဲ့အတူအလင်းဝင်ခိုလှုံလာတယ်လို့ ချင်းကာကွယ်ရေးတပ်CDF -Zophei ဥက္ကဋ္ဌ ကိုဆလိုင်းဂျိမ်းက DNA ကိုပြောပါတယ်။ “ခုဟာက ငါးယောက်မြောက်ပေါ့၊ စစ်ကောင်စီကိုပြန်တိုက်ချင်တယ်လို့တော့ မပြောဘူး၊သူလုံခြုံတဲ့နေရာကိုပဲသွားချင်တယ်ပြောတယ်” [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်တပ်စစ်ကြောင်းထိုးနေတဲ့ဆားလင်းကြီးမှာ ဒေသခံတသောင်းကျော် ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်ကျေးရွာတွေကို စစ်ကောင်စီတပ်က မွှေနှောက်မီးရှို့နေတာကြောင့် ကျေးရွာ ဆယ်ရွာက စစ်ရှောင် တသောင်းကျော် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး အစားအစာနဲ့ နေရာထိုင်ခင်းအခက်အခဲတွေကြုံတွေ့နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။ စစ်ကောင်စီလက်အောက်ခံတပ်ဖွဲ့ဝင်တွေဟာ ဇန် နဝါရီ ၁၂ ရက်ကနေ လက်ရှိအချိန်ထိ ပိုင်းတောင်ကြီး၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အရာတော်မှာစစ်တပ်ဂိတ်ဒရုန်းနဲ့တိုက်ခိုက်ခံရပြီးနောက် ဖြတ်သွားဖြတ်လာတွေကိုဖမ်းဆီး

စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ် ကျွန်းဖိုပင်ကျေးရွာလမ်းတလျှောက်မှာ အကြမ်းဖက်ပိုက်ဆံကောက် ခံနေတဲ့ စစ်ကောင်စီတပ်တွေကို ဒေသကာကွယ်ရေးတပ်တွေက ဇန်နဝါရီ(၁၂)ရက် မနက်ပိုင်းက ဒရုန်းနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တယ် လို့ Danger Force LPDF ကထုတ်ပြန်ပါတယ်။ “အင်အားအယောက် သုံးဆယ်လောက်နဲ့ လက် ဖက်ရည်ဖိုးဆိုပြီး​ကောက်နေတာပါ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

Grand Royalစက်ရုံမီးလောင်မှုမှာ ငြှိမ်းသတ်နေတဲ့ မီးသတ်နဲ့ ပရဟိတအဖွဲ့ဝင် ဆယ့်သုံးဦးထက်မနည်း ကုသမှုခံယူနေရ

မှော်ဘီမြို့၊ လိပ်ပုတ်ကျေးရွာအုပ်စု၊အမှတ်(၄)လမ်းမကြီးအနီးမှာရှိတဲ့ Grand Royal အရက်ချက်စက်ရုံ မီးလောင်မှုမှာ ပါဝင်ငြှိမ်းသတ်ပေးနေတဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေနဲ့ ပရဟိတအဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရတာ၊မီးခိုး ငွေနဲ့ အ သက်ရှုပ်ကျပ်တာတွေကြောင့် ကုသမှုခံယူရသူတွေရှိနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက DNAကိုပြော ပါတယ်။   “တယောက်က မီးလောင်ပေါက်ပြဲ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အင်းတော်မှာ စစ်တပ်က ရမ်းသန်းပစ်ခတ်လို့ ပဲခင်းပေါင်းထိုးနေတဲ့ လင်မယားကျည်ထိပြီး တဦး သေဆုံး

စစ်ကိုင်းတိုင်းအထက်ပိုင်း၊အင်းတော်မြို့မှာ ဇန်န ဝါရီ (၁၂)ရက် မနက် ဆယ်နာရီဝန်းကျင်မှာ စစ်ကောင်စီက ရမ်းသန်းပစ်ခတ်လို့ ပဲခင်းထဲပေါင်းထိုးနေတဲ့ လင်မယားနှစ်ဦးကိုထိမှန်ခဲ့ပြီး အမျိုးသားဖြစ်သူသေဆုံးသွားတယ်လို့ ဒေသခံတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဆီကသိရပါတယ်။ ” အင်းပတ်သွားတဲ့လမ်းဘက်ကနေရမ်းပစ်တာ၊ ယောက်ျားကိုက ပေါင်ကိုမှန်တာ၊သွေးထွက်လွန်ပြီးဆုံးတာပေါ့” လို့ Indaw Revolution [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မတူပီမြို့ခံ လူငယ်တဦး ပေါက်မြို့သရက်တော ဂိတ်မှာဖမ်းဆီးခံရ

မတူပီမြို့ကနေ ရန်ကုန်ကို ခရီးထွက်လာတဲ့ ချင်းတိုင်းရင်းသားလူငယ်တဦးကိုမကွေးတိုင်း၊ပေါက်မြို့နယ် သရက်တောဂိတ်မှာ စစ်ကောင်စီကဖမ်းဆီးလိုက်တယ်လို့ မတူပီဒေသခံတွေက DNA ကိုပြောပါတယ်။ ခရီးသည်တင်ကားနဲ့လိုက်ပါလာတဲ့ အဲ့ဒီလူငယ်ကို သရက်တောသစ်ဆေးရေးဂိတ်မှာ စစ်ကောင်စီတပ် ဖွဲ့ဝင်တွေက စစ်ဆေးပြီးတဲ့နောက် ဖမ်းဆီးလိုက်တာဖြစ်တယ်လို့သိရပါတယ်။ “သူ့ဖုန်းကိုစစ်ပြီးဖမ်းတာ၊ ခုလူတွေ့ လို့မရဘူး ဖြစ်နေတယ်၊တွေ့ခွင့်လည်းမပြုဘူး”လို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မန္တလေးမြို့မှာ တရက်တည်းနေရာသုံးခုမှာပေါက်ကွဲမှုဖြစ်၊ ထိခိုက်သူတချို့ရှိ

မန္တလေးမြို့မှာ မနေ့ဇန်နဝါရီလ ၁၂ ရက်နေ့တရက်တည်း စစ်ကောင်စီအခြေစိုက်တဲ့ နေရာ ၃ ခုမှာ ဗုံးပေါက်ကွဲမှုတွေဖြစ်ခဲ့တယ်လို့ ဒေသခံတွေက DNA ကို အတည်ပြုပြောဆိုပါတယ်။ မနေ့က ညနေ ၇ နာရီလောက်မှာ ပြည်ကြီးတံခွန်မြို့နယ် ၅၆ လမ်း၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

တိုက်ပွဲပြန် PDF တွေကို ပြည်သူတွေကကြို

စစ်ကိုင်းတိုင်း၊ ကနီမြို့နယ် ချင်းတွင်းမြစ်ကြောင်းတလျှောက် စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တလနီးပါးကြာရက်ရှည်တိုက်ပွဲ ဖြစ်ခဲ့ပြီးနောက် တိုက်ပွဲက ပြန်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို ပြည်သူတွေက အခုလိုကြိုဆိုခဲ့ကြပါတယ်။ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ ခြောက်ခုက တပ်ဖွဲ့ဝင် တရာလောက် အဲ့ဒီကြိုဆိုပွဲတက်ရောက်ခဲ့ကြပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မြန်မာစစ်တပ် တိုက်လေယာဉ် အိန္ဒိယလေပိုင်နက်ထဲဝင်ရောက်ဗုံးကျဲမှုအပေါ် ကိုင်တွယ်တားဆီးပေးဖို့ မီဇိုလူငယ်အသင်းက အိန္ဒိယအစိုးရကိုတောင်းဆို

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်ထဲကို မြန်မာအာဏာသိမ်းစစ်တပ်ရဲ့ တိုက်လေယာဉ်ဝင်ရောက်ပျံသန်းပြီး ဗုံးကျဲ ချမှုအတွက် အိန္ဒိယ အစိုးရအနေနဲ့ ထိထိရောက်ရောက်ကိုယ်တွယ်တားဆီးဖို့ မီဇိုလူငယ်အသင်းက ဇန်နဝါရီ ၁၂ ရက်မှာ ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။  ဗုံးကျရောက်ပေါက်ကွဲမူကြောင့် ထိတ်လန့်အံ့အားသင့်ခဲ့ရတယ်လို့ မီဇိုရမ်ပြည်နယ် အခြေစိုက် မီဇိုလူငယ် အသင်း [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

CNF ဌာနချုပ်တိုက်ခိုက်ခံရလို့ ဟားခါး မှာဆိုင်ပိတ်ခဲ့သူတွေကို စစ်ကောင်စီဖမ်းပြီး ဆိုင်တွေကိုလည်း ချိပ်ပိတ်

ချင်းအမျိုးသားတပ်ဦး CNA/CNF ဌာနချုပ် လေကြောင်းတိုက်ခိုက်ခံရမှုအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ ဇန်နဝါရီ (၁၁) ရက်မှာ ပိတ်ခဲ့တဲ့ဆိုင်တွေထဲကတချို့ကို စစ်ကောင်စီက မနေ့က စာကပ်ပြီးချိတ်ပိတ်ကာ ဆိုင်ရှင်တချို့ကိုလည်း ဖမ်းခေါ်သွားတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။ “အဲဒီနေ့က အကုန်နီးပါးပိတ်တယ်၊သူတို့လှည့်အော်တော့ဆိုင်အနည်းငယ်ပဲဖွင့်ယောင်ပြတာပေါ့၊ ခုချိတ်ပိတ်တဲ့ဆိုင်တွေက သူတို့အော်လို့ပြန်မဖွင့်တဲ့ဆိုင်တွေထဲကနေချိတ်ပိတ်တာ” လို့ [ဆက်လက်ဖတ်ရှုရန်]