ဒေသအလိုက် သတင်းကဏ္ဍ

လောင်းလုံးမြို့မှာ ဘန်နာချိတ်ဆွဲ ဆန္ဒပြချိန် ပျူစောထီးတွေက သေနတ်ပစ်ဖောက်

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့မှာ နိုဝင်ဘာ (၁၉) ရက် ဒီကနေ့မနက်ပိုင်းမှာ သပိတ်အဖွဲ့ဝင်တွေက ဘန်နာချိတ်ဆွဲဆန္ဒပြနေချိန် ပျူစောထီးတွေက သေနတ်ပစ်ဖောက်တာကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သပိတ်ကော်မတီရဲ့ ပြန်ကြားရေးတာဝန်ခံက DNA ကိုပြောပါတယ်။ “ကျွန်တော်တို့ ချိတ်ဆွဲတဲ့အခါမှာ အဲ့ဒီအနီးအနားမှာရှိတဲ့ စစ်ကောင်စီလက်အောက်ခံ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်္ဂလာဒုံက နေအိမ်နဲ့ဆိုင်ခန်းတသောင်းကျော်ကို တပ်ပိုင်မြေလို့ဆိုကာ စစ်တပ်ကဖယ်ခိုင်းထား

မင်္ဂလာဒုံမြို့နယ်က တပ်ပိုင်မြေမှာကျူးကျော်လို့ဆိုပြီး နေအိမ်နဲ့ဆိုင်ခန်း တသောင်းကျော်ကို စစ်တပ်က ဖယ်ရှားခိုင်းထားပြီး အပြီးဖယ်ရှားဖို့ နောက်ဆုံးသတ်မှတ်ရက်ကိုတော့ ထပ်တိုးပေးထားတယ်လို့ သိရပါတယ်။ မင်္ဂလာဒုံမြို့နယ်အတွင်း ရပ်ကွက်ခြောက်ခုလောက်က ကျူးကျော်ဆိုတဲ့နေအိမ်နဲ့ဆိုင်ခန်းတွေကို စစ် တပ်က နိုဝင်ဘာ (၁၈)ရက် နောက်ဆုံးထားဖယ်ပေးဖို့ သတိ ပေးထားတာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းတပ်ဒေသမှာ ရိက္ခာဖူလုံရေးအတွက် ရွှေ့ပြောင်း တောင်ယာစိုက်ပျိုးမှုများလာ

ချင်းပြည်နယ်မှာ စစ်ကောင်စီက ဖြတ်လေးဖြတ်စနစ် ကျင့်သုံးနေတာကြောင့် မင်းတပ်မြို့နယ်အတွင်း စားနပ်ရိက္ခာ ဖူလုံရေးအတွက် ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးမှု သိသိသာသာ မြင့်တက်လာတယ်လို့ မင်းတပ်မြို့ခံတွေက DNA ကိုပြောပါတယ်။ မင်းတပ်မြို့နယ်အပါအဝင် ချင်းပြည်နယ်တောင်ပိုင်း ဒေသခံတွေဟာဆယ်စုနှစ်တစ်ခုကျော်ကြာ ‘ဝ’ဥကိုသာစီး ပွားဖြစ်စိုက်ပျိုးလုပ်ကိုင်လာခဲ့ပေမယ့်စစ်ကောင်စီ အာဏာသိမ်းပြီးနောက်မှာ ‌မိရိုးဖလာရွှေ့ပြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လှိုင်မြို့နယ်မှာ အမျိုးသမီးသုံးဦးကို စစ်ကောင်စီက နေအိမ်မှာ ဖမ်းဆီး

ရန်ကုန်မြို့၊ လှိုင်မြို့နယ်၊ (၇) ရပ်ကွက်ရပ်ကွက်၊ ကျောင်းကုန်း ၃ လမ်းမှာနေထိုင်တဲ့ အမျိုးသမီး သုံးဦးကို ဧည့်စာရင်း မတိုင်တဲ့အတွက်လို့ အကြောင်းပြပြီး စစ်ကောင်စီတပ်တွေက နိုဝင်ဘာ (၁၇) ရက် ညပိုင်းမှာ ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက DNA [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

သမီးဖြစ်သူကို စတင် ပွဲထုတ်လာတဲ့ ကင်ဂျုံအန်း 

မြောက်ကိုရီးယား နိုင်ငံခေါင်းဆောင် ကင်ဂျုံအန်းဟာ သမီးဖြစ်သူကို ပထမဆုံးအကြိမ် ကမ္ဘာ့မီဒီယာတွေ ရှေ့ကို ပွဲထုတ် ပြသစေခဲ့ပါတယ်။  အသက် ၁၂ နှစ်နဲ့ ၁၃ နှစ်ကြား ရှိမယ်လို့ ယူဆရတဲ့ သမီးဖြစ်သူကို ကင်က မြောက်ကိုရီးယားရဲ့ တိုက်ချင်းပစ် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အီရန် အစ္စလာမ်မစ်နိုင်ငံ ထူထောင်သူ ခိုမေနီရဲ့ နေအိမ်ကို ဆန္ဒပြသူတွေ မီးရှို့ 

အီရန်နိုင်ငံမှာ ဆန္ဒပြသူတွေက အစိုးရအဖွဲ့ ခေါင်းဆောင်ဟောင်း အယာတိုလာ ရူဟိုလာ ခိုမေနီ ပိုင်ဆိုင်တဲ့ နေအိမ်ကို မီးတင်ရှို့ခဲ့ကြကြောင်း သိရပါတယ်။  လူမှုကွန်ရက် မီဒီယာပေါ်မှာ ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေအရ ခိုမိန်းမြို့မှာရှိတဲ့ ခိုမေနီရဲ့ ဘိုးဘွားပိုင် နေအိမ်မှာ မီးတွေ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘန်ကောက်မှာ အေပက်ညီလာခံကို ဆန္ဒပြသူတွေနဲ့ ထိုင်းရဲတွေ ပဋိပက္ခ ဖြစ်ပွား 

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (အေပက်) ညီလာခံ ကျင်းပရာ နေရာကို ဦးတည် ချီတက်လာတဲ့ ဆန္ဒပြသူတွေနဲ့ ထိုင်းရဲတပ်ဖွဲ့တို့ ပဋိပက္ခတွေ ဖြစ်ပွားခဲ့ကြပါတယ်။  နိုဝင်ဘာ ၁၈ ရက်က အရေအတွက် ၅၀ လောက် ပါဝင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ကမ္ဘာ့ဖလားဆီ ချီတက်တဲ့ ပိုလန်အသင်းကို F-16 တိုက်လေယာဉ်တွေ ခြံရံပို့ဆောင်

ကမ္ဘာ့ဖလား ပြိုင်ပွဲဝင်မယ့် ပိုလန် လက်ရွေးစင် အသင်း စီးနင်း လိုက်ပါသွားရာ လေယာဉ်ကို လေတပ်ရဲ့ F-16 တိုက်လေယာဉ်တွေက ခြံရံ ပို့ဆောင်ပေးခဲ့ပါတယ်။  အခု သီတင်းပတ် အစောပိုင်းက ယူကရိန်း-ရုရှား စစ်ပွဲကနေ လမ်းချော်လာတဲ့ ဒုံးကျည်တစ်စင်း [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

ဘောလုံးကွင်းတွေမှာ ဘီယာရောင်းခွင့် ပိတ်လိုက်လို့ ကမ္ဘာ့ဖလား ပရိသတ်တွေ ဒေါသထွက် 

ကမ္ဘာ့ဖလား ဘောလုံးပွဲစဉ်တွေ ကျင်းပရာ အားကစားကွင်းတွေမှာ ဘီယာ ရောင်းချခွင့် မပြုကြောင်း အိမ်ရှင် ကာတာနိုင်ငံက ထုတ်ပြန်လိုက်တာကြောင့် ပရိသတ်တွေ အကြီးအကျယ် ဒေါသထွက်နေပါတယ်။  ကာတာကတော့ ပြိုင်ပွဲ နီးကပ်လာလေလေ၊ ကမောက်ကမ အခြေအနေတွေကြောင့် နာမည်ပျက်လေလေ ဖြစ်နေတယ်လို့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

 ရော်နယ်လ်ဒိုကို စာချုပ်ဖျက်သိမ်းဖို့ မန်ချက်စတာ ယူနိုက်တက် စတင်လုပ်ဆောင်

ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုမှုတွေ ပါဝင်တဲ့ အင်တာဗျူး ထွက်ပေါ်လာအပြီးမှာ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ စာချုပ်ကို ဖျက်သိမ်းဖို့ လက်တွေ့ကျကျ စတင် ဆောင်ရွက်နေပြီ ဖြစ်ပါတယ်။  နိုဝင်ဘာ ၁၈ ရက်မှာ အင်္ဂလန် [ဆက်လက်ဖတ်ရှုရန်]