ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းတာ ပိတ်ဆို့အရေးယူဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ ဗြိတိန်ဆွေးနွေးနေ

ဗြိတိန်အစိုးရအနေနဲ့ မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းတာနဲ့ပတ်သက်ပြီး ပစ်မှတ်ထားအရေးယူဖို့ မိတ်ဖက်နိုင်ငံတွေနဲ့ ဆွေးနွေးနေတယ်လို့ သိရပါတယ်။ ဧပြီလ ၂၆ ရက်နေ့၊ ဗြိတိန်ပါလီမန် အစည်းအဝေးမှာ အောက်လွှတ်တော်အမတ် ရူရှနာရာ အလီက မြန်မာစစ်တပ်ကို လေယာဉ်ဆီတင်သွင်းနေတာ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမယ့် အစီအစဉ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒဂုံမြို့သစ်တောင်ပိုင်းမှာ အုပ်ကြီး၊ ရဲကင်းမှူးနဲ့ ရာအိမ်မှူးတို့ အပစ်ခံရပြီး သေဆုံး

ရန်ကုန်မြို့ ဒဂုံမြို့သစ်တောင်ပိုင်း ၁၀၄ ရပ်ကွက် ကံကော်လက်ဖက်ရည်ဆိုင်မှာ လက်ဖက်ရည်သောက်နေတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူးနဲ့ ရဲကင်းမှူးတို့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဧပြီလ ၃၀ ရက်နေ့ မနက် ၉ နာရီလောက်က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) တပ်ဖွဲ့ဝင် ၅ ဦး လက်နက်ကြီးကျည် ထိမှန်ကျဆုံး

ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရွာငံမြို့နယ်ထဲမှာ ဧပြီလလည်ပိုင်းက ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲဖြစ်စဥ်နဲ့ ပတ်သတ်ပြီး ရွာငံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPDF) က ဒီကနေ့ ဧပြီ ၃၀ ရက်‌နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ ရွာငံဒေသတိုက်ပွဲမှာ အကြမ်းဖက်စစ်အုပ်စု တပ်ဖွဲ့ဝင် ၁၀ ဦးထက်မနည်းကို တိုက်ခိုက်သုတ်သင်ပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကလေးတောင်ပိုင်းမှာ စစ်သားအလောင်းတွေနဲ့ လက်နက်တချို့ တွေ့ရှိ

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်းကို နယ်မြေရှင်းလင်းရေးပြုလုပ်စဉ် မကောက်ဘဲထားပစ်ခဲ့တဲ့ အကြမ်းဖက်စစ်သားတွေရဲ့အလောင်းနဲ့ လက်နက်တချို့ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။ ဧပြီလ ၂၇ ရက်နေ့က တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကလေးမြိုနယ်တောင်ပိုင်း အရှေ့စည်းရွာအနီးဝန်းကျင်ကို Ranger Kalay Defend Force(RKDF )နဲ့ ပူးပေါင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒီးမော့ဆို တိုက်ပွဲမှာ စစ်အုပ်စုဘက်က ၂ဦးသေ

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မြို့မရပ်ကွက်ကို စစ်ကကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ် အုပ်စုကို ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို(DMO-Local PDF)တပ်ဖွဲ့ ဗျူဟာ(၃)မှ C ,D, E တပ်ရင်းရဲ့ တပ်ခွဲအချို့ နှင့် အလယ်ပိုင်းတိုင်း(၁၁၀၂)တပ်ရင်းမှ တပ်ခွဲအချို့ တို့ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ကြတာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ကဖမ်းဆီးခဲ့တဲ့ Dark Shadow အဖွဲ့ဝင်၁၄ဦးစလုံး ကျဆုံးခဲ့ပြီလို့ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့တဲ့ Dark Shadow အဖွဲ့ဝင်၁၄ဦးစလုံး ကျဆုံးသွားပြီလို့ MSI Youth Defense Force ကထုတ်ပြန်ပါတယ်။ ဧပြီလ(၂၇) ရက်နေ့မှာ စစ်တပ်က ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလပ်ချောင်းကျေးရွာက Dark Shadow အဖွဲ့ဝင်လူငယ်တွေကို ဝင်ရောက်ဖမ်းဆီးချိန်ထဲက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်မြို့မှာ မီးလောင်မှုဖြစ်ပွား နေအိမ် ၅လုံးပျက်စီ

ဧရာဝတီတိုင်း ပုသိမ်မြို့ အမှတ်(၆)ရပ်ကွက် ဘန့်ဘွေးကုန်းလမ်းမှာ ဧပြီလ ၃၀ရက်နေ့ မနက် ၁နာရီလောက်က မီးလောင်မှုတစ်ခုဖြစ်ပွားပြီး နေအိမ် ၅လုံး မီးလောင်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။ ဘန့်ဘွေးကုန်းလမ်းနဲ့ ဇေယျဝတီလမ်းထောင့်မှာရှိတဲ့ ရွှေဒေါင်းအထည်နဲ့စတိုးဆိုင်ခန်းအတွင်းက စတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အနီးဝန်းကျင်ရှိ နေအိမ်တွေကိုပါ မီးကူးကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

“အလုပ်သမားအင်အားဖြင့် ဖက်ဆစ်တပ်ကိုတိုက်ထုတ်ကြ”စာသားကိုင်ဆောင်လှုပ်ရှားမှုပြုလုပ်

မေလ ၁ ရက်နေ့မှာကျရောက်မယ့် နိုင်ငံတကာ အလုပ်သမားနေ့(Mayday)ကိုကြိုဆိုဂုဏ်ပြုတဲ့အနေနဲ့ ဒီနေ့ ဧပြီလ ၃၀ရက်နေ့မှာ “အလုပ်သမားအင်အားဖြင့် ဖက်ဆစ်တပ်ကိုတိုက်ထုတ်ကြ” စာသားကိုင်ဆောင်ပြီး ရန်ကုန်မြို့တစ်နေရာမှာ လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။ အဆိုပါလှုပ်ရှားမှုကိုSC strike (စမ်းချောင်းပင်မသပိတ်စစ်ကြောင်း) , LGBT community Yangon [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

လာမယ့် G20 ထိပ်သီးညီလာခံမှာ ပူတင်ကို မဖိတ်သင့်ဘူးလို့ အမေရိကန်ပြော

လာမယ့် G20 ညီလာခံမှာ ရုရှားသမ္မတပူတင်ကို မဖိတ်သင့်ဘူးလို့  အိမ်ဖြူတော် သတင်းပြန်ကြားရေးဝန်ကြီး ဂျန်ဆာကီက ပြောခဲ့ပါတယ်။  ၁၇ကြိမ်မြောက် G20 ထိပ်သီးညီလာခံကို နိုဝင်ဘာ ၁၅ရက်နေ့က အင်ဒိုနီးရှားနိုင်ငံ ၊ ဘာလီမြို့မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ဒါပေမယ့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

PTTEP နဲ့ Petronas ကုမ္ပဏီတွေ ရဲတံခွန် သဘာဝဓာတ်ငွေ့စီမံကိန်းကနေ ထွက်ပြီ

ထိုင်းနိုင်ငံပိုင် PTTEP ရေနံ ၊ သဘာဝဓာတ်ငွေ့ကုမ္ပဏီနဲ့ မလေးရှားအစိုးရပိုင် Petronas စွမ်းအင်ကုမ္ပဏီတို့ဟာ မြန်မာနိုင်ငံတွင်း ရဲတံခွန် သဘာဝ ဓာတ်ငွေ့စီမံကိန်းမှာ ရင်းနှီးမြှုပ်နှံ လုပ်ကိုင်နေတာတွေကနေ နှုတ်ထွက်လိုက်ပြီလို့ ဧပြီလ ၂၉ရက်နေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။ မနှစ်က စစ်တပ်က [ဆက်လက်ဖတ်ရှုရန်]