စစ်တပ်ကဖမ်းဆီးခဲ့တဲ့ Dark Shadow အဖွဲ့ဝင်၁၄ဦးစလုံး ကျဆုံးခဲ့ပြီလို့ထုတ်ပြန်

အကြမ်းဖက်စစ်တပ်က ဖမ်းဆီးခဲ့တဲ့ Dark Shadow အဖွဲ့ဝင်၁၄ဦးစလုံး ကျဆုံးသွားပြီလို့ MSI Youth Defense Force ကထုတ်ပြန်ပါတယ်။
ဧပြီလ(၂၇) ရက်နေ့မှာ စစ်တပ်က ကြည့်မြင်တိုင်တစ်ဖက်ကမ်း၊ အလပ်ချောင်းကျေးရွာက Dark Shadow အဖွဲ့ဝင်လူငယ်တွေကို ဝင်ရောက်ဖမ်းဆီးချိန်ထဲက လူငယ်တစ်ဦးဟာ နေရာမှာတင် အကြမ်းဖက်စစ်တပ် ပစ်ခတ်လို့ ကျဆုံးခဲ့ရပြီး ကျန်ဖမ်းဆီးခံရဲဘော်အားလုံးလည်း စစ်ကြောရေးစခန်းမှာ ကျဆုံးခဲ့ကာ အလောင်းပင်ပြန်မရဘူးလို့ Dark Shadow အဖွဲ့နဲ့နီးစပ်သူတစ်ဦးကပြောကြောင်း MSI Youth Defense Force က မနေ့ညက ထုတ်ပြန်ပါတယ်။
အဲဒီကျဆုံးသတင်းနဲ့ပတ်သက်ပြီး Delta News Agency အနေနဲ့ ထပ်မံအတည်ပြုလို့ မရသေးပါဘူး။
Dark Shadow အဖွဲ့ဟာ
နန်းထိုက်အောင်စစ်ဆင်ရေးရဲ့ အစိတ်ပိုင်းအနေနဲ့ ဧပြီ၈ရက်နေ့ကရန်ကုန်မြို့တော်ဝန်မဏ္ဍပ်ကို
ဖောက်ခွဲတိုက်ခိုက်ခဲ့ပါတယ်။