ဒေသအလိုက် သတင်းကဏ္ဍ

လေကြောင်းတိုက်ခိုက်မှုကြောင့် PDF(Kalay)တပ်ရင်း ၄ ပင်မစခန်း စွန့်လွှတ်ခဲ့ရ

စစ်ကိုင်းတိုင်း ကလေးမြို့နယ်တောင်ပိုင်း ကုက္ကိုရွာ အရှေ့ဘက်မှာ အခြေစိုက်ထားတဲ့ PDF(Kalay)တပ်ရင်း ၄ ပင်မစခန်းကို အကြမ်းဖက်စစ်အုပ်စုက လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာကြောင့် စခန်းစွန့်လွှတ်ခဲ့ရတယ်လို့ PDF(Kalay)က ဒီကနေ့ မေလ ၁၇ရက်နေ့မှာ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မေလ ၁၄ရက်နေ့မှာ PDF(Kalay)တပ်ရင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချောင်းဦးမှာ ကင်းပုန်းချဖို့ ထွက်လာတဲ့ စစ်အုပ်စု မိုင်းထိပြီး ၅ဦးသေ

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်မှာ ကင်းပုန်းချဖို့ အန်စာတုံးကားတစ်စီးနဲ့ ထွက်လာတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၅ဦးသေဆုံးကာ ၂ဦးဒဏ်ရာရရှိခဲ့တယ်လို့ မြင်းမူမြို့ပြတော်လှန်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်လာပါတယ်။ ဒီကနေ့ ၁၇ရက်နေ့ မနက် ၁၀နာရီ၄၅မိနစ်လောက်မှာ အန်စာတုံးကားတစ်စီးနဲ့ ထွက်လာတဲ့ စစ်အုပ်စုကို နတ်ရေကန်ကျေးရွာနဲ့ ငါးရှန်ကျေးရွာကြားမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဘီးလင်းမှာ နယ်ကျွံလာတဲ့ အကြမ်းဖက်စစ်တပ်ကို KNLAပူးပေါင်းတပ်ဖွဲ့တိုက်ခိုက်၊စစ်သား ၂ဦးသေ

မွန်ပြည်နယ်၊ဘီးလင်းမြို့နယ်၊ဒေါက်ရပ်ရွာအနီး နယ်ကျွံလာတဲ့ အကြမ်းဖက်စစ်တပ်ကို KNLAပူးပေါင်းတပ် ဖွဲ့ က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သား၂ဦးသေဆုံးကာတစ်ဦးဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။ မေလ၁၇ရက်နေ့၊မနက်၆နာရီကနေ ၁၀နာရီခွဲအထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး KNLAတပ်မဟာ(၁) တပ်ရင်း(၂)၊ဘီးလင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)နဲ့ သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအင်အားစု(TPDF)တို့ပူးပေါင်းကာ သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့မနက်မှာ သတင်းထုတ်ပြန်ပါတယ်။ အဲဒီတိုက်ပွဲမှာ KNLAပူးပေါင်းတပ်ဖွဲ့ဝင် ၂ဦး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

နိုင်ငံတကာအနေနဲ့ လက်နက်ကူညီပေးဖို့ NUG ကာကွယ်ရေးဝန်ကြီး တောင်းဆို

မြန်မာစစ်အာဏာရှင်တော်လှန်ရေးတပ်ဖွဲ့တွေကို နိုင်ငံတကာအနေနဲ့ လက်နက်ကူညီပေးဖို့ NUG ကာကွယ်ရေးဝန်ကြီးက တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ စိတ်ဓာတ်ရေးရာအရ ကူညီပံ့ပိုးပေးနေတာကို ကျေးဇူးတင်ကြောင်း၊ ရုရှားကျူးကျော်တပ်ကို ခုခံတော်လှန်နေတဲ့ ယူကရိန်းနိုင်ငံသားတွေကို ကူညီထောက်ပံ့နေသလိုမျိုး မြန်မာတော်လှန်ရေးတပ်ဖွဲ့တွေကိုလည်း လက်နက်နဲ့ငွေကြေးလို ရုပ်ပိုင်းဆိုင်ရာ အကူအညီတွေ ရမယ်ဆိုရင် ပိုပြီးကျေးဇူးတင်မိမှာဖြစ်ကြောင်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာ့အရေး မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျပန်နိပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆွေးနွေး

မြန်မာ့နိုင်ငံရေးနဲ့ပတ်သက်ပြီး အရေးကြီးနယ်ပယ်တော်တော်များများကို မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့ ဂျပန်နိပွန် ဖောင်ဒေးရှင်းဥက္ကဌတို့ ဆွေးနွေးရာမှာ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။ မလေးရှား နိုင်ငံခြားရေးဝန်ကြီး Saifudin Abdullah က နိပွန် ဖောင်ဒေးရှင်းဥက္ကဋ္ဌ မစ္စတာ ဆာဆာကာဝါကို မေလ၁၇ရက်ကသူရဲ့ရုံးမှာ လက်ခံတွေ့ဆုံခဲ့ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီးရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပိတောက်ကန်ရွာထဲ ရောက်နေတဲ့ အကြမ်းဖက်တပ် ၉ နှစ်ကလေးငယ်ကို ဓားစားခံအဖြစ် ဖမ်းဆီးထား

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ပိတောက်ကန်ရွာထဲ ရောက်နေတဲ့ အကြမ်းဖက်စစ်တပ်ဟာ ၉ နှစ်သားအရွယ် ကလေးတစ်ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးထားတယ်လို့ သိရပါတယ်။ မေလ ၁၇ ရက်နေ့က အကြမ်းဖက်စစ်တပ်ဟာ ပိတောက်ကန်ရွာထဲကို ထပ်မံရောက်ရှိလာကာ မီးမလောင်ဘဲ ကျန်ခဲ့တဲ့အိမ်တွေက ပစ္စည်းတွေကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်းမှာ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် ဆေးမင်းတော ရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်လာတယ်လို့ သိရတယ်။ ရဲတပ်သားဟာ M-13 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည် (၆၅) တောင့်နဲ့အတူ PEOPLE’S DEFENCE [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက် အရပ်သားတွေရဲ့အသက်ကို ခြိမ်းခြောက်နေဆဲ

မြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့ စစ်လက်နက်အကြွင်းအကျန်တွေဟာ မြန်မာနိုင်ငံရဲ့ ပဋိပက္ခဖြစ်ပွားရာဒေသတွေမှာရှိတဲ့ အရပ်သားတွေရဲ့ အသက်နဲ့ ဘဝလုံခြုံမှုတွေကို ဆက်လက်ခြိမ်းခြောက်နေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ကထုတ်ပြန်ပါတယ်။ ယူနီဆက်ရဲ့ နောက်ဆုံးအစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ပထမသုံးလပတ်ကာလအတွင်း မြန်မာနိုင်ငံတစ်ဝန်းမြေမြှုပ်မိုင်းနဲ့ မပေါက်ကွဲသေးတဲ့စစ်လက်နက်အကြွင်းအကျန်တွေကြောင့် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

နိုင်ဂျီးရီးယားမှာ စာသင်ကျောင်းအနီးပေါက်ကွဲမှုဖြစ်ပွားပြီး သေဆုံးသူ ၉ဦးထိ ရှိလာ

နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာနိုမြို့ စာသင်ကျောင်းအနီးမှာမေလ ၁၇ရက်နေ့က ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲပြီး သေဆုံးသူ ၉ ဦးအထိ တိုးလာတယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ကနဦး ပေးပို့ချက်အရ “အဲဒါက ဓာတ်ငွေ့ပေါက်ကွဲတာပါ၊ အဲ့ဒီနားမှာ ဂဟေဆော်တဲ့သူတစ်ယောက်ရှိတော့ သူ့ဓာတ်ငွေ့ဆလင်ဒါက ပေါက်ကွဲသွားတာ၊ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

တရုတ်နိုင်ငံက  ပြည်ပအကူအညီသုံးစွဲမှုစရိတ်အားလုံး  ဗြိတိန်ရပ်ဆိုင်းမယ်

တရုတ်နိုင်ငံမှာ အသုံးပြုနေတဲ့ ပြည်ပအကူအညီ သုံးစွဲမှုစရိတ် အားလုံးကို ရပ်ဆိုင်းမှာဖြစ်တယ်လို့  ဗြိတိန်စီးပွားရေးဝန်ကြီး Kwasi Kwarteng က မေလ ၁၇ရက်နေ့မှာ ပြောကြားခဲ့ပါတယ်။ “ကမ္ဘာ့စိန်ခေါ်မှုတွေကို ကိုင်တွယ်ဖြေရှင်းဖို့ တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာပါ၊ ဒါပေမယ့် ယူကေအကူအညီကို တခြားပိုလိုအပ်တဲ့နေရာတွေမှာပဲ [ဆက်လက်ဖတ်ရှုရန်]