ထီးလင်းမှာ ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ထီးလင်းမြို့နယ် ဆေးမင်းတော ရဲစခန်းက ရဲတပ်သားတစ်ဦး လက်နက်အပြည့်အစုံနဲ့ CDM ပြုလုပ်လာတယ်လို့ သိရတယ်။
ရဲတပ်သားဟာ M-13 သေနတ် တစ်လက်၊ ကျည်ဘောက် နှစ်ခု၊ ကျည် (၆၅) တောင့်နဲ့အတူ PEOPLE’S DEFENCE FORCE -HTILIN (Yaw Region) ထံဆက်သွယ်ကာ CDM ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း ထီးလင်း PDF ကဒီနေ့ထုတ်ပြန်ပါတယ်။
အဲဒီရဲတပ်သားနဲ့ သူ့မိဘတွေက CDM ဝင်ရောက်ဖို့ ဆက်သွယ်လာခဲ့ချိန်မှာ ထီးလင်း PDF နဲ့ ပကဖ အဖွဲ့ဝင်တွေက CDM ရဲတပ်သားမိသားစုကို အန္တရာယ်ကင်းစွာ သွားရောက်ခေါ်ဆောင်ခဲ့ပါတယ်။
PEOPLE’S DEFENCE FORCE-HTILIN (Yaw Region) က ဂုဏ်ပြုငွေအဖြစ်ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပါတယ်။