ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာအရှေ့တောင်ပိုင်းမြို့နယ်တွေမှာ နေရပ်စွန့်ထွက်ပြေးမှု ဆက်လက်ဖြစ်ပွား

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်း မြို့နယ်အတော်များများမှာ တိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေပြီး ပြည်သူတွေနေရပ်စွန့်ထွက်ပြေးရတာဆက်လက်ဖြစ်ပွားနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး(UNOCHA)ကထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံအရှေ့တောင်ပိုင်းက မြို့နယ်အတော်များများမှာ အကြမ်းဖက်စစ်တပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေ၊ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွား နေတယ်လို့ဆိုပါတယ်။ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာတော့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိန္ဒိယ ကာကွယ်ရေး ဦးစီးချုပ် ဆေးရုံကို ပို့ဆောင်စဉ်မှာ သေဆုံး

၉၊ဒီဇင်ဘာလ၊ ၂၀၂၁။ အိန္ဒိယနိုင်ငံရဲ့ ကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝက် စီးနင်းလိုက်ပါလာတဲ့ ရဟတ်ယာဉ်ဟာ ကူနိုမြို့အနီးမှာ ပျက်ကျသွားခဲ့တယ်လို့ ဖော်ပြအပြီး အဲ့ဒီ ရဟတ်ယာဉ်ပေါ်မှာ လိုက်ပါစီးနင်းလာသူ ၁၄ ဦးအနက် ကာကွယ်ရေး ဦးစီးချုပ် ဘီပင်ရာဝက် အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဘူရန်ဒီနိုင်ငံ အကျဉ်းထောင်မှာ မီးလောင်လို့ အကျဉ်းသား ၃၈ ဦးသေဆုံးပြီး ၇၀ နီးပါး ဒဏ်ရာရ

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ဘူရန်ဒီနိုင်ငံ အကျဉ်းထောင်တစ်ခုမှာ မီးလောင်မှု ဖြစ်ပွားလို့ အကျဉ်းသား ၃၈ ဦး သေဆုံးပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ CBC သတင်းဌာနက ဖော်ပြပါတယ်။ ဂျီတီဂါမြို့မှာရှိတဲ့ အဲ့ဒီ အကျဉ်းထောင်ဟာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

အထူးသံရဲ့မြန်မာခရီးစဉ်ပေါ်ပေါက်ရေး စစ်အုပ်စုပူးပေါင်းပါဝင်ဖို့ စင်ကာပူတောင်းဆို

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အာဆီယံအထူးသံတမန်ရဲ့ မြန်မာနိုင်ငံခရီးစဉ်ပေါ်ပေါက်ရေးအတွက် အကြမ်းဖက်စစ်အုပ်စုအနေနဲ့ ပူးပေါင်း ပါဝင်ဖို့ စင်ကာပူနိုင်ငံက တောင်းဆိုလိုက်ပါတယ်။ အာဆီယံအထူးသံဟာ မြန်မာနိုင်ငံထဲလာရောက်ပြီး မြန်မာ့အရေး စားပွဲဝိုင်းဆွေးနွေးပွဲပေါ်ရောက်ရေး တွေ့သင့်တွေ့ထိုက်သူအားလုံးနဲ့ တွေ့ဆုံနိုင်ဖို့ အတွက်စစ်အုပ်စုအနေနဲ့ ပူးပေါင်းပါဝင်ဖို့ တောင်းဆိုလိုက်တာပါ။ မြန်မာ့အရေးနဲ့ပတ်သက်ပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

စစ်အုပ်စုနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ Facebook ဆိုင်ရာအကောင့်တွေကို Meta ကုမ္ပဏီဖယ်ရှားဖို့ ဆုံးဖြတ်

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ Facebook နဲ့ Instagram တို့ကို ပိုင်ဆိုင်ထားတဲ့ Facebook (Meta) ကုမ္ပဏီဟာ စစ်အုပ်စုနဲ့ ဆက်နွှယ်ပတ်သက်နေတဲ့ အကောင့်တွေ၊ ဂရုတွေနဲ့ Page တွေကို ဖယ်ရှားဖို့ ဆုံးဖြတ်လိုက်ပြီလို့ ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သထုံစည်ပင်ရုံးဖောက်ခွဲခံရ

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ဒီနေ့မနက် ၉နာရီမိနစ်၄၀လောက်မှာ မွန်ပြည်နယ်၊သထုံမြို့ပေါ်ရှိ မြို့နယ်စည်ပင်သာယာရေးရုံးကို ဖောက်ခွဲ ခဲ့တယ်လို့ မွန် သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့(MTHSF)ကထုတ်ပြန်ပါတယ်။ ဘယ်လိုဗုံးမျိုးနဲ့ ဖောက်ခွဲခဲ့သလဲဆိုတာကို ထုတ်ပြန်ထားခြင်းမရှိသလို လူထိခိုက်မှု ရှိ၊မရှိကိုလည်း ထုတ်ပြန် ထားခြင်းမရှိပါဘူး။ ‘တချို့ပြောကြတာက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းဆီးခံခဲ့ရတဲ့ သတင်းထောက်၂ဦးကို ချက်ချင်းပြန်လွှတ်ဖို့ CPJ တောင်းဆို

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ရန်ကုန်မြို့၊ကြည့်မြင်တိုင်မြို့နယ်၊ပန်းပင်ကြီးလမ်းဆန္ဒပြပွဲကို အကြမ်းဖက်စစ်တပ်က ကားနဲ့တိုက်ဖြိုခွင်း ရာမှာ အဖမ်းခံလိုက်ရတဲ့ သတင်းထောက်၂ဦးကို ဘယ်လိုကန့်သတ်ချက်တွေမှမထားဘဲ ချက်ချင်းပြန်လွှတ် ပေးဖို့အမေရိကန်၊ နယူးယောက်အခြေစိုက် သတင်းသမားများ ကာကွယ်ရေးကော်မတီ (CPJ) က တောင်းဆိုလိုက်ပါတယ်။ Myanmar Pressphoto [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ဆော်ဒီသတင်းစာဆရာ ခါရှော့ဂီကို သတ်တယ်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦး ပြင်သစ်မှာ ဖမ်းမိ

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ဆော်ဒီနာမည်ကြီး သတင်းစာဆရာ ခါရှော့ဂီကို သတ်ခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦးကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ချားဒီဂေါလ် လေဆိပ်မှာ ဖမ်းဆီးရမိခဲ့ပါတယ်။ ဘီဘီစီသတင်းဌာနရဲ့ ဖော်ပြချက်အရ ဒီဖမ်းဆီးမှုနဲ့ ပတ်သက်ပြီး ပြင်သစ်ရဲတပ်ဖွဲ့က တရားဝင် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

မင်းတပ်မြို့ရောက် နေရပ်စွန့်ခွာ၇၀၀နီးပါးအတွက် UNHCR ကယ်ဆယ်ရေးပစ္စည်းပေးပို့နိုင်ခဲ့

၈၊ ဒီဇင်ဘာလ၊ ၂၀၂၁။ UNHCR ဟာ ချင်းပြည်နယ် ၊မင်းတပ်မြို့ရှိ နေရပ်စွန့်ခွာ ရွှေ့ပြောင်းနေထိုင်သူ ၇၀၀ နီးပါးအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကယ်ဆယ်ရေးပစ္စည်းတွေ ပေးပို့ နိုင်ခဲ့တယ်လို့ သိရပါတယ်။ အခုလိုပေးပို့နိုင်တာဟာ UNHCR ရဲ့ ဒုတိယမြောက်လုပ်ငန်းစဉ်ကို [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ရုရှားသမ္မတ ပူတင်ရဲ့ အိန္ဒိယခရီးစဉ်မှာ ကုန်သွယ်ရေးနဲ့ လက်နက်ဆိုင်ရာ သဘောတူညီမှုတွေရရှိခဲ့

၇၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အိန္ဒိယနိုင်ငံကို ရုရှားသမ္မတ ပူတင် လာရောက်ခဲ့ပြီးနောက် ရုရှား-အိန္ဒိယ နှစ်နိုင်ငံ သဘောတူညီမှုတွေအဖြစ် ကုန်သွယ်ရေးနဲ့ လက်နက်ဆိုင်ရာ သဘောတူညီချက်တွေ ရရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်က ရုရှားသမ္မတ ပူတင်ရဲ့ [ဆက်လက်ဖတ်ရှုရန်]