ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်အုပ်စုက မင်္ဂလာဆောင်တစ်ခုကို ဝင်လာပြီး ငွေတောင်းရမ်း

၂၊ဒီဇင်ဘာလ ၊ ၂၀၂၁။ မန္တလေးတိုင်း၊မြင်းခြံမြို့နယ်၊ဂင်ဂဲရွာက မင်္ဂလာဆောင်ကို အကြမ်းဖက်စစ်တပ်က ငွေတစ်သိန်းနဲ့ ထမင်းဟင်း တောင်းရမ်းခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်တပ်ဖွဲ့ဝင်၃၀လောက်ဟာ မြင်းခြံမြို့နယ်၊ကိုင်းရွာက မူလွန်ကျောင်းမှာ ပြီးခဲ့တဲ့တစ်လလောက် ကတည်းက တပ်စွဲထားခြင်းဖြစ်ပြီး ဂင်ဂဲရွာကမင်္ဂလာဆောင်ကို မင်္ဂလာဆောင်ကြေးအဖြစ် ငွေ တစ်သိန်း၊ထမင်း၂ပြည်ချက်နဲ့ဟင်း ပေးဖို့ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

အိုမီခရွန်အတွက် တိကျတဲ့ သိပ္ပံနည်းကျအချက်အလက်တွေကို ကမ္ဘာ့နိုင်ငံတွေ စောင့်မျှော်

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲသစ် အိုမီခရွန်အတွက် ကမ္ဘာ့နိုင်ငံအချို့က တာဝန်ရှိသူတွေဟာ တိကျတဲ့ သိပ္ပံနည်းကျ အချက်အလက်တွေကို စောင့်မျှော်နေကြပါတယ်။ မျိုးကွဲသစ် အိုမီခရွန်ဟာ ကမ္ဘာတဝှမ်းကူးစက်ခဲ့တဲ့ မျိုးကွဲတွေထဲမှာ အန္တရာယ်အရှိဆုံးနဲ့ ကူးစက်မှု အများဆုံး ဖြစ်နိုင်တယ်လို့သာ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

ယူကရိန်းအပေါ် ရန်လိုတဲ့ လှုပ်ရှားမှု အစီအစဉ်တွေ ရုရှားလုပ်ဆောင်နေတယ်လို့ အန်တိုနီ ဘလင်ကန် ပြော

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ရုရှားနိုင်ငံဟာ ယူကရိန်းနိုင်ငံအပေါ် ရန်လိုတဲ့ လှုပ်ရှားမှု အစီအစဉ်တွေ လုပ်ဆောင်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အန်တိုနီဘလင်ကန်က အသိပေးပြောကြားလိုက်ပါတယ်။ အမေရိကန် ပြည်ထောင်စုဟာ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ပတ်သက်လို့ ရုရှားနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချင်းတွင်းမြစ်ထဲ စစ်ထုတ်ကုန်ဘီယာတွေကို ဖမ်းမိပေမဲ့ စက်လှေဆရာတွေ ပြန်လျော်ရမှာငဲ့ပြီး ပြန်လွှတ်

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အကြမ်းဖက်စစ်အုပ်စုထုတ်ကုန် ဘီယာတွေတင်လာတဲ့ စက်လှေနှစ်စီးကို ချင်းတွင်းမြစ်ထဲမှာ ဖမ်းမိပေမဲ့ စက်လှေဆရာတွေ ပြန်လျော်ပေးရမယ့်အရေးကိုငဲ့ပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ နှလုံးလှလူမိုက်ကြီးများ အဖွဲ့(မြင်းခြံ)က ထုတ်ပြန်ပါတယ်။ ချင်းတွင်းမြစ်ကြောင်းအတိုင်း စစ်တပ်ပိုင် BOC စက်သုံးဆီတွေ ကို စက်လှေနှစ်စီးနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

၂လခွဲကျော်မှာ ဧရာဝတီတိုင်း စစ်အုပ်စုပစ်မှတ်တွေကို အကြိမ်၈၀ကျော် တိုက်ခိုက်နိုင်ခဲ့

၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ NUG အစိုးရက နိုင်ငံတော်အရေးပေါ်အခြေအနေကြေညာသည့် စက်တင်ဘာ၇ရက်နေ့ကနေ နိုဝင်ဘာ၃၀ရက်နေ့အထိ ဧရာဝတီတိုင်းအတွင်းရှိ အကြမ်းဖက်စစ်အုပ်စုပစ်မှတ် တွေကို ၈၅ကြိမ် တော်လှန် တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်။ ဧရာဝတီတိုင်း တော်လှန်ရေးအင်အားစုတွေဟာ စစ်ရေးပစ်မှတ်၁၃ခု၊စီးပွားရေးပစ်မှတ်၂၂ခုနဲ့အုပ်ချုပ်ရေးပစ် မှတ် အခု၅၀တို့ကို တော်လှန်တိုက်ခိုက်နိုင်ခဲ့တယ်လို့ [ဆက်လက်ဖတ်ရှုရန်]

အားကစားကဏ္ဍ

စင်ကာပူမှာလာကန်မယ့် မြန်မာဘောလုံးအသင်းကို အားပေးမှာမဟုတ်ဘူးလို့ ထုတ်ပြန်

၂၊ဒီဇင်ဘာလ၊ ၂၀၂၁။ စင်ကာပူနိုင်ငံမှာ အာဆီယံဆူဇူကီးဖလားပြိုင်ပွဲ လာရောက်ယှဉ်ပြိုင်မယ့် မြန်မာလက်ရွေးစင်ဘောလုံးအသင်းကို အားပေးမှာမဟုတ်ဘူးလို့ စင်ကာပူရောက် မြန်မာပရိသတ်တွေတည်ထောင်ထားတဲ့ Myanmar Football 12th Playersက ထုတ်ပြန်လိုက်ပါတယ်။ Myanmar Football 12th Playersဟာ စင်ကာပူမှာ လာရောက် [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

၁၀လအတွင်း NLDပါတီဝင် ၁၃ဦးကျဆုံး၊၄၀၀ကျော် ဖမ်းဆီးခံထားရဆဲ

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အာဏာသိမ်းကာလ၁၀လအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီဝင်၁၃ဦး ကျဆုံးခဲ့ပြီး အယောက် ၄၀၀ကျော်ဖမ်းဆီးထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်ကော်မတီ (CWC)က ထုတ်ပြန်ပါတယ်။ အဲဒီစာရင်းဟာ ဖေဖေါ်ဝါရီ၁ရက်ကနေ နိုဝင်ဘာ၃၀ရက်အထိ NLD ဗဟိုအလုပ်ကော်မတီ ကကောက်ယူထား တဲ့စာရင်းဖြစ်ပြီးလက်ရှိဖမ်းဆီးထိန်းသိမ်းခံထားရသူစုစုပေါင်းမှာ ၄၃၂ဦးရှိပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

သံအမတ်ကြီးဦးကျော်မိုးထွန်းနေရာ အကြမ်းဖက်စစ်အုပ်စုကိုယ်စားလှယ်ခန့်အပ်ဖို့ကြိုးပမ်းမှု ဖြစ်နိုင်ဖွယ်မရှိ

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ လက်ရှိကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းရဲ့နေရာမှာ အကြမ်းဖက်စစ်အုပ်စု ကိုယ်စားလှယ်ခန့်အပ်ဖို့ ကြိုးပမ်းမှုဟာဖြစ်နိုင်ဖွယ်မရှိဘူးလို့ နိုင်ငံတကာ သံတမန်အသိုင်းအဝိုင်းရဲ့ ပြောကြားချက်ကို ကိုးကားပြီး ရိုက်တာသတင်းကဖော်ပြပါတယ်။ ကုလသမဂ္ဂ  စိစစ်ရေးကော်မတီက အာဖဂန်နစ္စတန်၊မြန်မာနိုင်ငံနဲ့သက်ဆိုင်တဲ့ ကုလသမဂ္ဂ ကိုယ်စားပြုမှုဆိုင်ရာ ဆုံးဖြတ်ချက်တွေကို ရွှေ့ဆိုင်းနိုင်ဖွယ်ရှိပြီး [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံတကာရေးရာ

မီချီဂန်ပြည်နယ်အထက်တန်းကျောင်းမှာ သေနတ်ပစ်ခတ်မှုဖြစ် ကျောင်းသား သုံးဦးသေဆုံး

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ အမေရိကန်နိုင်ငံ ၊ မီချီဂန်ပြည်နယ်က အထက်တန်းကျောင်းတခုမှာ သေနတ်ပစ်ခတ်မှုဖြစ်လို့ ကျောင်းသား ၃ဦးသေဆုံးပြီး ၈ဦးဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။ နိုဝင်ဘာလ ၃၀ရက်နေ့ မွန်းလွဲပိုင်း အောက်စဖိုဒ့် အထက်တန်းကျောင်းမှာ အသက် ၁၅နှစ်အရွယ် ကျောင်းသားတဦးက [ဆက်လက်ဖတ်ရှုရန်]

နိုင်ငံရေး

ပြင်သစ်ကုမ္ပဏီ  မြန်မာအကြမ်းဖက်စစ်တပ်ကို သွယ်ဝိုက်ထောက်ပံ့နေလို့ အရေးယူပေးဖို့ တောင်းဆို

၁၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ပြင်သစ်နည်းပညာကုမ္ပဏီ Thales ဟာ မြန်မာအကြမ်းဖက်စစ်တပ်ကို သွယ်ဝိုက်တဲ့နည်းနဲ့ ထောက်ပံ့နေတာ ကြောင့်အရေးယူပေးဖို့ တောင်းဆိုလိုက်ကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမခြား သတင်းထောက်များ အဖွဲ့ (RSF)က ထုတ်ပြန်လိုက်ပါတယ်။ Thales ကုမ္ပဏီရဲ့စီးပွားဘက် အိန္ဒိယနိုင်ငံက [ဆက်လက်ဖတ်ရှုရန်]