ပုသိမ်ကိုဗစ်လူနာ၁၄ဦးမှာ အထည်ချုပ်၀န်ထမ်းနဲ့ အနံပျောက်သူတွေပါဝင်
၃၁၊ ဒီဇင်ဘာ၊ ၂၀၂၀။ ပုသိမ်မြို့မှာ ဒီနေ့(၁၄)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။ ကွာရန်တင်းစင်တာမှာ အသွားအလာကန့်သတ်ထားတဲ့ ဟွာဘိုတိုင်းအထည်ချုပ်ဝန်ထမ်းလူနာ(၆၄၄)ရဲ့ယောက္ခမ ကန်သာယာ(၄)လမ်းနေ အသက်(၆၃)နှစ်အရွယ်အမျိုးသမီး၊ လွန်ကန်က အဆောင်ပိုင်ရှင်လူနာ(၆၄၂)နဲ့ ထိတွေ့မိတဲ့အသက်(၂၃)နှစ်အရွယ် အင်ဂျင်နီယာနဲ့ (၄၈)နှစ်အရွယ် ထမင်းချက်အမျိုးသမီးတို့မှာ ရောဂါတွေ့ခဲ့ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]