ပုသိမ်မှာကိုဗစ်လူနာသစ် နှစ်ဦးတိုး

၂၉၊ဒီဇင်ဘာ၊၂၀၂၀။

ဒီကနေ့ ပုသိမ်မြို့က(၂)ဦးမှာ ကိုဗစ်ရောဂါတွေ့ခဲ့တယ်လို့ ပုသိမ်ဆေးရုံအုပ်ကြီးဒေါက်တာသန်းမင်းထွဋ်ဆီကနေ သိရပါတယ်။

ပုသိမ်မုံရွာရေဦးလမ်း လွန်ကန်နည်းပညာကျောင်းရှေ့မှာ စတိုးဆိုင်ဖွင့်ထားတဲ့အသက်(၆၅)နှစ်အရွယ်အမျိုးသားဟာ အနံပျောက်နေတာ နှစ်ရက်ရှိနေတာကြောင့် သာသနာ့ဗိမာန်Fever Clinicကိုလာပြခဲ့ပြီ းပုသိမ်ဆေးရုံကို လွှဲပြောင်းစစ်ဆေးရာက ရောဂါတွေ့ခဲ့ပါတယ်။

သစ်ပုတ်ကုန်းအုပ်စု တိုက်ကြီးကုန်းရွာမှာနေထိုင်တဲ့ အသက်(၂၈)နှစ်အရွယ် ကုန်ကားမောင်းတဲ့ အမျိုးသားတစ်ဦးဟာ ဒီနေ့ရန်ကုန်ကနေ ပြန်လာစဥ် ကျောင်းကုန်းမြို့စစ်ဆေးရေးဂိတ်မှာ စစ်ဆေးရာကရောဂါတွေ့ခဲ့ပြီး ပုသိမ်ဆေးရုံကိုလွှဲပြောင်းခဲ့ပါတယ်။

လက်ရှိပုသိမ်မြို့မှာဆေးရုံတက်ရောက်ခဲ့တဲ့ကိုဗစ်အတည်ပြုလူနာ(၆၉၆)ဦးရှိနေပြီဖြစ်ပါတယ်။လူနာတွေထဲကမှ (၅၅၇)ဦးဟာ ရောဂါပျောက်ကင်းသွားလို့ဆေးရုံကဆင်းသွားပြီလို့သိရပါတယ်။