အသင်းနဲ့ စာချုပ်သက်တမ်း ထပ်တိုးဖို့ အာမခံချက်မရှိသေးပေမယ့် နောက်ခံလူ ရူဒီဂါ ချဲလ်ဆီးအသင်းမှာ ပျော်ရွှင်

အသင်းနဲ့ စာချုပ်သက်တမ်း ထပ်တိုးဖို့ အာမခံချက်မရှိသေးပေမယ့် နောက်ခံလူ ရူဒီဂါ ချဲလ်ဆီးအသင်းမှာ ပျော်ရွှင်

  ၃၀၊ အောက်တိုဘာ၊ ၂၀၂၁။ ချဲလ်ဆီးအသင်းရဲ့ ဂျာမနီနောက်ခံလူ ရူဒီဂါဟာ အသင်းနဲ့ သူ့အကြားမှာ စာချုပ်သက်တမ်းတိုး ချုပ်ဆိုရေးကိစ္စ ရေရာမှုမရှိသေးပေမယ့် ချဲလ်ဆီးအသင်းမှာ ကစားရတာ ပျော်ရွှင်မှု ရှိနေတယ်လို့ အသိပေးဖွင့်ဟခဲ့ပါတယ်။ အသက် ၂၈ နှစ်အရွယ် ချဲလ်ဆီးနောက်ခံလူ ရူဒီဂါဟာ အသင်းနဲ့ လက်ရှိချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့် နွေရာသီမှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပါတယ်။  ချဲလ်ဆီးဒါရိုက်တာ မာရီနာနဲ့ ရူဒီဂါတို့ဟာ အနာဂတ်အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပေမယ့် လက်ရှိအချိန်ထိ…

Read More
ဝေဖန်မှုတွေကို ဂရုမစိုက်နိုင်ဘူးလို့ နေမာပြော

ဝေဖန်မှုတွေကို ဂရုမစိုက်နိုင်ဘူးလို့ နေမာပြော

၃၀၊ အောက်တိုဘာ၊ ၂၀၂၁။ မနေ့က လိုင်လီအသင်းနဲ့ ပြင်သစ်လီဂူးပွဲစဉ်အပြီးမှာတော့ ပီအက်စ်ဂျီတိုက်စစ်မှူး နေမာက သူ့ကို ဝေဖန်တိုက်ခိုက်နေတာတွေကို ပြန်လည် ချေပခဲ့ပြီး သူ့အတွက် ဝေဖန်မှုတွေဟာ ပုံမှန်ဖြစ်နေတဲ့ ကိစ္စတစ်ခုဖြစ်တာကြောင့် ဂရုမစိုက်နိုင်ဘူးလို့ အသိပေးဖွင့်ဟလိုက်ပါတယ်။ လိုင်လီနဲ့ ပွဲမှာ နေမာအနေနဲ့ ၈၈ မိနစ်မှာ အသင်းဖော်ဒီမာရီယာရဲ့ အနိုင်သွင်းဂိုးအတွက် ပံ့ပိုးမှု ပြုလုပ်ပေးခဲ့တာဖြစ်ပြီး နှစ်ဂိုး တစ်ဂိုး ရလဒ်နဲ့  ပီအက်စ်ဂျီအတွက် သုံးမှတ်ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့တာပါ။  နေမာဟာ ဘောလုံးကွင်းတွင်းစွမ်းဆောင်ရည်တွေထက်…

Read More
မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကို ဇီဒန်း စိတ်မဝင်စား၊ ပြင်သစ်အသင်းကို တာဝန်ယူခွင့်ရနိုင်ဖို့သာ လိုလားနေ

မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကို ဇီဒန်း စိတ်မဝင်စား၊ ပြင်သစ်အသင်းကို တာဝန်ယူခွင့်ရနိုင်ဖို့သာ လိုလားနေ

  ၂၉၊ အောက်တိုဘာ၊ ၂၀၂၁။ ရီးရဲလ်မက်ဒရစ်နည်းပြရာထူးကနေ အနားယူလိုက်ပြီးတဲ့နောက် အလုပ်သစ်လက်မခံတော့တဲ့ နည်းပြ ဇီဒန်းဟာ မန်ချက်စတာယူနိုက်တက်နည်းပြရာထူးကို စိတ်မဝင်စားဘဲ ပြင်သစ်လက်ရွေးစင်အသင်းကို တာဝန်ယူခွင့်ရနိုင်ဖို့သာ စိတ်အားထက်သန်နေကြောင်း သိရှိရပါတယ်၊ ပြင်သစ်ဘောလုံးအားကစား ပညာရှင် ဂျူလီယန် လော်ရင်းစ်က ဇီဒန်း စိတ်ဝင်တစားရှိနေတာဟာ ပြင်သစ်လက်ရွေးစင်ဘောလုံးအသင်းနည်းပြရာထူးသာဖြစ်ကြောင်းနဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးဆုံးချိန်မှာ နည်းပြ ဒက်စ်ချမ့်ရဲ့နေရာကို အစားဝင်ပြီး ပြင်သစ်လက်ရွေးစင်အသင်းရဲ့နည်းပြဖြစ်လာဖို့ကို ဇီဒန်းက ရည်မှန်းနေကြောင်း ပြောကြားသွားခဲ့ပါတယ်။ နည်းပြ ဒက်စ်ချမ့်ဟာ…

Read More
အီဂျစ်ကျောင်းသင်ရိုးညွှန်းတမ်းမှာ လီဗာပူးလ်တိုက်စစ်မှူး ဆာလားအကြောင်း ထည့်သွင်းမယ်

အီဂျစ်ကျောင်းသင်ရိုးညွှန်းတမ်းမှာ လီဗာပူးလ်တိုက်စစ်မှူး ဆာလားအကြောင်း ထည့်သွင်းမယ်

၂၉၊ အောက်တိုဘာ၊ ၂၀၂၁။ လီဗာပူးလ်အသင်းမှာ အောင်မြင်မှုတွေ ရရှိနေတဲ့ အီဂျစ်တိုက်စစ်မှူး မိုဟာမက်ဆာလားအကြောင်းကို အီဂျစ်နိုင်ငံ ကျောင်းသင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းပြီး သင်ကြားတော့မယ်လို့ သိရှိရပါတယ်။ ဆာလားရဲ့ ကွင်းတွင်း ကွင်းပြင်ပက အကြောင်းအရာတွေကို အီဂျစ် မူလတန်းနဲ့ အလယ်တန်း ကျောင်းသင်ရိုးညွှန်းတမ်းမှာ ထည့်သွင်းပြီး ဖော်ပြပေးသွားမှာပါ။  အီဂျစ် ကလေးငယ်တွေအနေနဲ့ ဆာလားရဲ့ အကြောင်းကို သင်ယူပြီး နိုင်ငံနဲ့ လူ့အဖွဲ့အစည်းအပေါ် ချစ်ခင်စိတ်အပြင် ပရဟိတစိတ်တွေ ပိုမိုရှိလာအောင် ရည်ရွယ်ကာ ကျောင်း…

Read More
ဘာနေဗျူးမှာ ရခဲ့တဲ့ ကျိန်စာနဲ့ ဒဏ်ရာတွေကို အင်္ဂလန်မြေ၊ အင်္ဂလန်ရေနဲ့ ဆေးကြောခွင့် ရပါစေသား

ဘာနေဗျူးမှာ ရခဲ့တဲ့ ကျိန်စာနဲ့ ဒဏ်ရာတွေကို အင်္ဂလန်မြေ၊ အင်္ဂလန်ရေနဲ့ ဆေးကြောခွင့် ရပါစေသား

  ၂၉၊ အောက်တိုဘာ၊ ၂၀၂၁။ ဟာဇက်..။ တချိန်က ပရီးမီးယားလိဂ်မှာ အပြာရောင်တပ်သားတစ်ယောက်အဖြစ်နဲ့ လင်းလက်စေခဲ့သူ။ ချဲလ်ဆီးမှာ ပြသခဲ့တဲ့ သူ့ရဲ့ စိတ်ဝိညာဉ်တွေနဲ့ ခြေစွမ်းတွေက ဒီနေ့ခေတ် ဘောလုံးနတ်ဘုရားတွေဖြစ်တဲ့ မက်ဆီ၊ စီရော်နယ်ဒိုတို့နဲ့ အပြိုင်ဖြစ်စေခဲ့တာပါ။  ဒါကြောင့်လည်း ရီးရဲလ်မက်ဒရစ်လို စပိန်အင်အားကြီးအသင်းက ဟာဇက်မှမရရင် မနေနိုင်တော့လို့ပါဆိုတဲ့ ပုံစံမျိုးနဲ့ ဒီဘယ်လ်ဂျီယံသားကို အရခေါ်လိုက်ပါတယ်။ ကျွန်တော်တို့အားလုံး ဟာဇက်ရဲ့ ထွန်းတောက်မှုတွေကို အင်္ဂလန်မြေမဟုတ်တဲ့ တခြားတစ်နေရာမှာ တွေ့ရဖို့ မျှော်လင့်ခဲ့ပါတယ်။  ကျွန်တော်တို့ရဲ့…

Read More
လူကာကူကို ခေါ်ယူဖို့ မန်စီးတီးက အသည်းအသန် ဆက်သွယ်ခဲ့သေးတယ်လို့ အေးဂျင့်ဖြစ်သူ ပြောကြား

လူကာကူကို ခေါ်ယူဖို့ မန်စီးတီးက အသည်းအသန် ဆက်သွယ်ခဲ့သေးတယ်လို့ အေးဂျင့်ဖြစ်သူ ပြောကြား

ချယ်လ်ဆီးတိုက်စစ်မှူး လုကာကူရဲ့အေးဂျင့်ဖြစ်တဲ့ ဖီဒိရီကို ပတ်စ်တိုရယ်လ်လီက ချယ်လ်ဆီးကနေ မခေါ်ယူခင်မှာ လုကာကူကို ခေါ်ယူဖို့အတွက် မန်ချက်စတာစီးတီးအသင်းက အသည်းအသန် ဆက်သွယ်မှုတွေ ရှိခဲ့ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ လုကာကူဟာ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက စီးရီးအေကလပ် အင်တာမီလန်ကနေ ချယ်လ်ဆီးဆီကို ပြောင်းရွှေ့ကြေးပမာဏ ပေါင် ၉၈ သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီး ချယ်လ်ဆီးဆီကို အခုအချိန် ပြန်မပြောင်းဖြစ်ရင် ဘယ်တော့မှ ဒီအခွင့်အရေးကို ပြန်ရနိုင်တော့မှာ မဟုတ်ဘူးလို့ ပြောကြားပြီး လုကာကူက မန်စီးတီးရဲ့ကမ်းလှမ်းမှုကို ပယ်ချပစ်လိုက်တာဖြစ်ကြောင်း…

Read More
စီရော်နယ်ဒိုရဲ့ဇနီး အမြွှာရင်သွေး ကိုယ်ဝန် လွယ်ထားရပြီဖြစ်

စီရော်နယ်ဒိုရဲ့ဇနီး အမြွှာရင်သွေး ကိုယ်ဝန် လွယ်ထားရပြီဖြစ်

၂၈၊ အောက်တိုဘာ၊ ၂၀၂၁။ စီရော်နယ်ဒိုရဲ့ဇနီးသည် ဂျီအော်ဂျီနာဟာ အမြွှာရင်သွေးကို ထပ်မံ ကိုယ်ဝန်လွယ်ထားရပြီဖြစ်ပြီး ဒီရင်သွေးလေးတွေ ဖွားမြင်ပြီးရင် စီရော်နယ်ဒိုက ရင်သွေးခြောက်ယောက်ရဲ့ဖခင်ဘဝကို ရောက်ရှိလာတော့မှာပဲဖြစ်ပါတယ်။ အသက် ၃၆ နှစ်အရွယ် စီရော်နယ်ဒိုနဲ့ အသက် ၂၇ နှစ်အရွယ် ဂျီအော်ဂျီနာတို့ဟာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ သမီးငယ်လေး အေလာနာကို ပိုင်ဆိုင်ခဲ့ပြီး ဒါဟာ ဂျီအော်ဂျီနာအတွက် စီရော်နယ်ဒိုနဲ့ ရရှိတဲ့ ဒုတိယမြောက်ကိုယ်ဝန်ဖြစ်ပါတယ်။ စီရော်နယ်ဒိုဟာ အသက် ၁၁…

Read More
မက်ဆီနဲ့ အမ်ဘတ်ပေတို့ ဒဏ်ရာနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေး မဆင်းနိုင်သေး

မက်ဆီနဲ့ အမ်ဘတ်ပေတို့ ဒဏ်ရာနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် လေ့ကျင့်ရေး မဆင်းနိုင်သေး

  ၂၉၊ အောက်တိုဘာ၊ ၂၀၂၁။ ပီအက်စ်ဂျီတိုက်စစ်မှူး မက်ဆီနဲ့ အမ်ဘတ်ပေတို့ဟာ ဒဏ်ရာနဲ့ ကျန်းမာရေးပြၐသနာတွေရှိနေလို့ အသင်းရဲ့လေ့ကျင့်ရေးအစီအစဉ်တွေမှာ ပူးပေါင်းပါဝင်နိုင်ခြင်း မရှိသေးကြောင်း သိရှိရပါတယ်။  မက်ဆီဟာ အသေးစားဒဏ်ရာတစ်ရပ် ရရှိထားပြီး အမ်ဘတ်ပေကတော့ နား၊ နှာခေါင်း၊ လည်ချောင်းဆိုင်ရာ ကျန်းမာရေးပြဿနာကို ဆေးကုသမှုခံယူနေရတယ်လို့ သတင်းကြားသိရပါတယ်။  ပီအက်စ်ဂျီအသင်းဆေးအဖွဲ့ဟာ မက်ဆီနဲ့ အမ်ဘတ်ပေတို့ရဲ့ဒဏ်ရာနဲ့ ကျန်းမာရေးပြဿနာတွေကို စစ်ဆေးနေဆဲဖြစ်ပြီး အသေးစိတ် သတင်းအချက်အလက်တွေကို သိပ်မကြာခင်မှာ ထုတ်ပြန်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားကြောင်း ပီအက်စ်ဂျီအသင်းဆေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက…

Read More
လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ဇာဗီနဲ့ ဘာစီလိုနာအသင်း သဘောတူညီမှုရ

လစ်လပ်နေတဲ့ နည်းပြနေရာအတွက် ဇာဗီနဲ့ ဘာစီလိုနာအသင်း သဘောတူညီမှုရ

  ၂၈၊ အောက်တိုဘာ၊ ၂၀၂၁။ ကာတာကလပ် အယ်လ်ဆက်အသင်းရဲ့ နည်းပြ ဇာဗီဟာ လက်ရှိမှာတော့ ဘာစီလိုနာအသင်းရဲ့ လစ်လပ်နေတဲ့ နည်းပြနေရာမှာ တာဝန်ထမ်းဆောင်ဖို့အတွက် သဘောတူညီမှုတွေ ရထားပြီလို့ Daily Mail သတင်းဌာနက ဖော်ပြခဲ့ပါတယ်။  ဒါပေမဲ့ ဇာဗီဟာ အယ်လ်ဆက်အသင်းနဲ့ လက်ရှိစာချုပ်သဘောတူညီချက်တွေအရ အသင်းက ထွက်ခွာခဲ့ရင် ပေါင် ၈ သိန်း ၄ သောင်း ပေးချေရမှာဖြစ်ပေမယ့် အယ်လ်ဆက်အသင်းရဲ့ အကြီးအကဲတွေနဲ့ ပုဂ္ဂိုလ်ရေးခင်မင်မှုအရ  ဒီပေးချေရမယ့်…

Read More
လီဗာပူးလ်အသင်းရဲ့လုပ်ခလစာအများဆုံးရ ကစားသမားဖြစ်လာနိုင်မယ့် အခွင့်အရေးပေးပြီး ဆာလားကို စာချုပ်သစ်ချုပ်ဖို့ နီးစပ်လာ

လီဗာပူးလ်အသင်းရဲ့လုပ်ခလစာအများဆုံးရ ကစားသမားဖြစ်လာနိုင်မယ့် အခွင့်အရေးပေးပြီး ဆာလားကို စာချုပ်သစ်ချုပ်ဖို့ နီးစပ်လာ

  ၂၈၊ အောက်တိုဘာ၊ ၂၀၂၁။ လီဗာပူးလ်အသင်းတာဝန်ရှိသူတွေဟာ တိုက်စစ်မှူး ဆာလားကို အသင်းရဲ့လုပ်ခလစာအများဆုံးရ ကစားသမားအဖြစ် စံချိန်တင်နိုင်မယ့် အခွင့်အရေးတစ်ရပ် ပေးအပ်ပြီး စာချုပ်သစ်ချုပ်တော့မယ်လို့ သိရပါတယ်။ ဆာလားနဲ့ လီဗာပူးအသင်းတို့အကြားမှာ ချုပ်ဆိုထားတဲ့စာချုပ်က ၂၀၂၃ ခုနှစ် ဇွန်လ ၃၀ ရက်နေ့အထိ သက်တမ်းကျန်ရှိနေဆဲဖြစ်ပေမယ့် လက်ရှိအချိန်မှာ ဥရောပပြိုင်ဘက်အများစုက ဆာလားကို ခေါ်ယူဖို့ ကြိုးပမ်းလာတာကြောင့် လီဗာပူးက စာချုပ်သစ်ချုပ်နိုင်ဖို့ကို အရှိန်မြှင့်ဆောင်ရွက်လာတာပဲဖြစ်ပါတယ်။ လီဗာပူးလ်အသင်းနဲ့ ဆာလားဟ်ရဲ့အေးဂျင့်တို့အကြားမှာ စာချုပ်သစ်ကိစ္စနဲ့ပတ်သက်လို့ နောက်ဆုံးအဆင့်…

Read More