မန်ယူအရှုံး၊ ဘာစီလိုနာအရှုံးနဲ့ စခဲ့တဲ့ ချန်ပီယံလိဂ်ပွဲပြီး အခြေအနေ

မန်ယူအရှုံး၊ ဘာစီလိုနာအရှုံးနဲ့ စခဲ့တဲ့ ချန်ပီယံလိဂ်ပွဲပြီး အခြေအနေ

၁၅၊ စက်တင်ဘာလ၊ ၂၀၂၁။ ညက ယှဉ်ပြိုင်ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် အုပ်စုပွဲစဉ်မှာတော့ စီရော်နယ်ဒို ဦးဆောင်လာတဲ့ မန်ယူအသင်းဟာ ဝမ်ဘစ်ဆာကာရဲ့ အနီကတ်ကြောင့် တစ်ယောက်လျော့နဲ့ ဆွစ်ဇာလန်ကလပ် ယန်းဘွိုင်းအသင်းကို ၂ -၁ နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ပွဲစဉ်မှာ စီရော်နယ်ဒိုက သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့် မန်ယူအသင်းရဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့်က မလှခဲ့ပါဘူး။ မက်ဆီမရှိတော့တဲ့ ဘာစီလိုနာအသင်းဟာလည်း ဂျာမနီကလပ် ဘိုင်ယန်မြူးနစ်အသင်းကို သုံးဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။   ဘိုင်ယန်မြူးနစ်အသင်းရဲ့…

Read More
နည်းပြဘဝ ပွဲတစ်ထောင်ပြည့်မှာ နိုင်ပွဲရခဲ့တဲ့ မော်ရင်ညို

နည်းပြဘဝ ပွဲတစ်ထောင်ပြည့်မှာ နိုင်ပွဲရခဲ့တဲ့ မော်ရင်ညို

၁၃၊ စက်တင်ဘာလ၊ ၂၀၂၁။ မနေ့ညက ကစားခဲ့တဲ့ ရိုးမားအသင်းနဲ့ ဆာဆူအိုလို ပွဲစဉ်မှာ ရိုးမားနည်းပြ မော်ရင်ညိုဟာ နည်းပြသက်တမ်း တလျှောက် ပွဲပေါင်းတစ်ထောင် ပြည့်မြောက်ခဲ့ပါတယ်။ မော်ရင်ညိုဟာ နည်းပြဘဝ ဘင်ဖီကာအသင်းနဲ့ စတင်ခဲ့ပြီး ကိုင်တွယ်ခဲ့တဲ့အသင်း လက်ရှိ ရိုးမားအပါအဝင် အသင်းပေါင်း ၉ သင်းရှိခဲ့ပါတယ်။ မနေ့က ဆာဆူအိုလိုနဲ့ ပွဲစဉ်မှာတော့ နည်းပြမော်ရင်ညိုဟာ နည်းပြသက်တမ်းတစ်လျှောက် ပွဲပေါင်းတစ်ထောင် ပြည့်မြောက်တဲ့ ပွဲမှာ နိုင်ပွဲနဲ့ အောင်ပွဲခံနိုင်ခဲ့တာပါ။ မော်ရင်ညို…

Read More
စီရော်နယ်ဒိုရဲ့ အိုးထရက်ဖို့ဒ် အိမ်ပြန်ခရီးဟာ လူငယ်တွေအတွက် အကျိုးသက်ရောက်မှု ရှိတယ်လို့ ဂန္ထဝင်နည်းပြ ဖာဂူဆန်ဖွင့်ဟ

စီရော်နယ်ဒိုရဲ့ အိုးထရက်ဖို့ဒ် အိမ်ပြန်ခရီးဟာ လူငယ်တွေအတွက် အကျိုးသက်ရောက်မှု ရှိတယ်လို့ ဂန္ထဝင်နည်းပြ ဖာဂူဆန်ဖွင့်ဟ

၁၂၊ စက်တင်ဘာလ၊ ၂၀၂၁။ စီရော်နယ်ဒိုရဲ့ အိုးထရက်ဖို့ဒ်အိမ်အပြန်ခရီးနဲ့ ပတ်သက်လို့ မန်ယူနည်းပြဟောင်း ဖာဂူဆန်က အသင်းရဲ့ လူငယ်တွေအတွက် များစွာ အကျိုးဖြစ်တယ်လို့ သူ့ရဲ့ အမြင်ကို ထုတ်ဖော်ဖွင့်ဟခဲ့ပါတယ်။ မနေ့က ကစားခဲ့တဲ့ နယူးကာဆယ်အသင်းနဲ့ ပွဲစဉ်မှာ အသက် (၃၆) နှစ် အရွယ် ပေါ်တူဂီသားဟာ ကွင်းအတွင်း လူငယ်တစ်ယောက်လို နိုင်ပွဲဆာလောင်မှုအပြင် ဂိုးသွင်းအားတွေကိုပါ ပြသပြီး မန်ယူပရိသတ်တွေအတွက် အသုံးတော်ခံခဲ့ပါတယ်။ မန်ယူကို စီရော်နယ်ဒို ရောက်ရှိလာတာဟာ များစွာအကျိုးဖြစ်စေပြီး…

Read More
ကိုဗစ်စည်းကမ်း​ဖောက်လို့ဆိုပြီး ဘရာဇီး – အာဂျင်တီနား ကမ္ဘာ့ဖလား​ခြေစစ်ပွဲပျက်

ကိုဗစ်စည်းကမ်း​ဖောက်လို့ဆိုပြီး ဘရာဇီး – အာဂျင်တီနား ကမ္ဘာ့ဖလား​ခြေစစ်ပွဲပျက်

၆၊ စက်တင်ဘာလ၊ ၂၀၂၁။ ဒီကနေ့ မနက် ၁နာရီခွဲ အချိန်မှာ ကစားခဲ့တဲ့ ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားခြေစစ်ပွဲ ဘရာဇီး-အာဂျင်တီနား ပွဲစဉ်ဟာ အာဂျင်တီးနား ကစားသမား ၄ ဦး ကိုဗစ် ကျန်းမာရေး စည်းကမ်းဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပွဲပျက်ခဲ့ပါတယ်။ ပွဲအစ ၄ မိနစ်မှာပဲ ဘရာဇီးအာဏာပိုင်တွေက အာဂျင်တီးနားကစားသမား ၄ ဦးကို ကွင်းအပြင်ကို ဆွဲထုတ်ဖို့ ကြိုးပမ်းခဲ့တာကြောင့် ပွဲစဉ်ဟာ ရှုပ်ထွေးခဲ့ပြီး နောက်ဆုံးမှာ…

Read More
ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ် ဘောလုံးသမားဘဝက အနားယူပြီလို့ တရားဝင်ကြေညာ

ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ် ဘောလုံးသမားဘဝက အနားယူပြီလို့ တရားဝင်ကြေညာ

၄၊ စက်တင်ဘာလ၊ ၂၀၂၁။ အသက် ၃၅ နှစ်အရွယ် ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ်ဟာ ဘောလုံးသမားဘဝကနေ အနားယူပြီဖြစ်တယ်လို့ မနေ့က တရားဝင် ကြေညာခဲ့ပါတယ်။ အနီးစပ်ဆုံးအဖြစ် စီးရီးအေကလပ် အေစီမီလန်အသင်းအတွက် ရာသီဝက် ကစားပေးခဲ့တဲ့ မန်ဇူကစ်ဟာ နာမည်ကြီးဥရောပ ကလပ်အသင်းတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်၊ အက်သကလ်တီကိုနဲ့ ဂျူဗင်တပ်စ် စတဲ့အသင်းတွေမှာ ကစားသမားဘဝ ဖြတ်သန်းခဲ့ပါတယ်။ မန်ဇူကစ်က “မင်းက အကောင်းဆုံး အရာတွေကို ပေးမယ်ဆိုရင် အားလုံးရဲ့ အထက်မှာ အောင်မြင်မှုရနေလိမ့်မယ်။…

Read More
မန်ယူအသင်းရဲ့ ဂန္ထဝင်နံပါတ် ၇ အကြောင်းကို ကစားသမားဟောင်း ဒီမာရီယာ ဘာပြောလဲ 

မန်ယူအသင်းရဲ့ ဂန္ထဝင်နံပါတ် ၇ အကြောင်းကို ကစားသမားဟောင်း ဒီမာရီယာ ဘာပြောလဲ 

၂၊ စက်တင်ဘာလ၊ ၂၀၂၁။ မန်ယူအသင်းရဲ့ တောင်ပံကစားသမားဟောင်း ဒီမာရီယာဟာ အသင်းရဲ့ ဂန္ထဝင် နံပါတ် (၇) နဲ့ ပတ်သက်လို့ ဒါဟာ တီရှပ်တစ်စုံသာဖြစ်တယ်လို့ ဒီနေ့ စက်တင်ဘာ ၂ရက်နေ့မှာ မှတ်ချက်ပြုလိုက်ပါတယ်။ ဒီမာရီယာက “ကျွန်တော်မန်ယူအသင်းရဲ့ နံပါတ် (၇) အကြောင်းကို ဂရုမစိုက်ပါဘူး။ တီရှပ်သာသာ ဝတ်စုံတစ်ခုလို့ပဲ မှတ်ယူခဲ့တယ်”လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။   မန်ယူအသင်းကို စီရော်နယ်ဒို ပြန်လည် ရောက်ရှိလာခဲ့တဲ့နောက်မှာ အသင်းရဲ့ ဂန္ထဝင်…

Read More
မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို လာမယ့်နှစ်မှာ ကျင်းပသွားမယ်လို့ လိဂ်ကော်မတီထုတ်ပြန်

မြန်မာနေရှင်နယ်လိဂ် ဘောလုံးပြိုင်ပွဲကို လာမယ့်နှစ်မှာ ကျင်းပသွားမယ်လို့ လိဂ်ကော်မတီထုတ်ပြန်

၂ ၊ စက်တင်ဘာလ ၊ ၂၀၂၁ ။ မြန်မာနေရှင်နယ်လိဂ် (MNL) ပြိုင်ပွဲကို လာမယ့်နှစ်မှာ ကျင်းပပြုလုပ်သွားမယ်လို့ မြန်မာနေရှင်နယ်လိဂ်ကော်မတီက စက်တင်ဘာ ၁ရက်နေ့မှာ သတင်းထုတ်ပြန်လိုက်ပါတယ်။ ကိုဗစ်တတိယလှိုင်း အခြေအနေတွေကြောင့် အမှတ်ပေးပြိုင်ပွဲနဲ့ ရှုံးထွက်ပြိုင်ပွဲတွေကို ဒီနှစ်မှာ မကျင်းပနိုင်တော့ဘဲ မြန်မာနေရှင်နယ်လိဂ် ကော်မတီနဲ့ ပြိုင်ပွဲဝင်ကလပ်အသင်းတွေ အားလုံး ညှိနှိုင်းဆွေးနွေးပြီးနောက် အခုလို ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့တာပဲဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် ဘောလုံးရာသီကို မူလက အခုနှစ်ရဲ့ ဧပြီ(သို့)…

Read More
စီရော်နယ်ဒို ဂျူဗင်တပ်စ်က ထွက်ခွာတော့မယ်လို့ နည်းပြ အယ်လီဂရီ အတည်ပြု

စီရော်နယ်ဒို ဂျူဗင်တပ်စ်က ထွက်ခွာတော့မယ်လို့ နည်းပြ အယ်လီဂရီ အတည်ပြု

၂၇၊ ဩဂုတ်လ၊ ၂၀၂၁။ မန်စီးတီးအသင်းနဲ့ အသံထွက်နေတဲ့ ဂျူဗင်တပ်စ် တိုက်စစ်မှူး စီရောျနယျဒျိုဟာ အသင်းကနေ ထွက်ခွာတော့မှာဖြစ်တယ်လို့ ဂျူဗင်တပ်စ်နည်းပြ အယ်လီဂရီကိုယ်တိုင် ဒီ​နေ့ ဩဂုတ်လ ၂၇ရက်​နေ့က အတည်ပြုသွားခဲ့ပါတယ်။ သတင်းတွေရဲ့ ဖော်ပြချက်အရ စီရော်နယ်ဒိုဟာ အသင်းဖော်တွေကို နှုတ်ဆက်မှုပြုလုပ်ထားပြီး နည်းပြအယ်လီဂရီကိုလည်း အသင်းကနေ ထွက်ခွာတော့မယ့် ကိစ္စအတွက် ပွင့်ပွင့်လင်းလင်းအတည်ပြု ပြောကြားခဲ့တာဖြစ်တယ်လို့ သိရှိရပါတယ်။ စီရော်နယ်ဒိုဟာ ပီအက်စ်ဂျီအသင်းနဲ့လည်း အသံထွက်နေပေမယ့် သူ့ရဲ့အပြောင်းအရွှေ့ဟာ မန်စီးတီးအသင်းနဲ့သာ ပိုမို ရာခိုင်နှုန်းများနေခဲ့ပြီဖြစ်ပါတယ်။

Read More
လိဒ်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ဗာရန်း၊ ကာဗာနီ၊ ဘိုင်လီနဲ့ ဒီရယ်လိုတို့ ပါဝင်နိုင်မှာမဟုတ် 

လိဒ်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းမှာ ဗာရန်း၊ ကာဗာနီ၊ ဘိုင်လီနဲ့ ဒီရယ်လိုတို့ ပါဝင်နိုင်မှာမဟုတ် 

၁၄၊ ဩဂုတ်လ၊ ၂၀၂၁။ ဒီကနေ့ မြန်မာစံတော်ချိန် စနေည ၆ နာရီအချိန်မှာ ကစားမယ့် မန်ချက်စတာယူနိုက်တက်အသင်းနဲ့ လိဒ်ယူနိုက်တက်အသင်းတို့ ယှဉ်ပြိုင်ကြမယ့် ပွဲစဉ်မှာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားအချို့ လွဲချော်ဖို့ ရှိနေပါတယ်။   အပြောင်းအရွှေ့ဈေးကွက်မှာ ပေါင် ၄၂.၇ သန်းနဲ့ သဘောတူညီနိုင်ခဲ့တဲ့ ရီးရဲလ်မက်ဒရစ်နောက်ခံလူ ဗာရန်းဟာ လက်ရှိမှာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ စာချုပ်ကိစ္စ ၁၀၀ ရာခိုင်နှုန်း မပြီးပြတ်သေးတာကြောင့် အင်္ဂလန်မြေကို ရောက်ရှိနေပေမယ့်လည်း လိဒ်ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်ကို…

Read More
မြန်မာ့လက်ရွေးစင် ဂိုးသမားပြည့်လျှံအောင် ဂျပန်နိုင်ငံမှာ ရေရှည်နေထိုင်ခွင့်ရ

မြန်မာ့လက်ရွေးစင် ဂိုးသမားပြည့်လျှံအောင် ဂျပန်နိုင်ငံမှာ ရေရှည်နေထိုင်ခွင့်ရ

၁၃၊ ဩဂုတ်လ၊ ၂၀၂၁။ လက်ရှိ ဂျပန်နိုင်ငံမှာ နေထိုင်နေတဲ့ မြန်မာ့လက်ရွေးစင်ဂိုးသမား ပြည့်လျှံအောင်ကို ဒုက္ခသည်အဆင့်သတ်မှတ်ပေးပြီး ဂျန်ပန်နိုင်ငံမှာ ရေရှည်နေထိုင်ခွင့်ပြုလိုက်ပြီဖြစ်ကြောင်း Kyodo သတင်းဌာနကဖော်ပြခဲ့ပါတယ်။ ပြည့်လျှံအောင်ဟာ လက်ရှိ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့အနေနဲ့ ပြီးခဲ့တဲ့ မေလက ကစားခဲ့တဲ့ ဂျပန်အသင်းနဲ့ ကမ္ဘာ့ဖလား ခြေစစ်ပွဲမှာ လက်သုံးချောင်းထောင် ဆန္ဒပြခဲ့သူဖြစ်ပါတယ်။ Kyodo သတင်းရဲ့ ဖော်ပြချက်အရ နေထိုင်ခွင့်နဲ့ ပတ်သက်ပြီး ပြည့်လျှံအောင်နဲ့ နီးစပ်သူတစ်ဦးက ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ…

Read More