ဒေသအလိုက် သတင်းကဏ္ဍ

ထားဝယ်မှာ လူမဲ့ဆန္ဒပြစာတမ်းကို သွားဖြုတ်တဲ့ စစ်အုပ်စု မိုင်းထိ

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ တနင်္သာရီတိုင်း ထားဝယ်မြို့ မြို့လယ်လမ်းဆုံမှာ ချိတ်ဆွဲထားတဲ့ သွေးကြွေးဆပ်ရမယ်လို့ ရေးသားထားတဲ့ ဆန္ဒပြစာတမ်းကို သွားရောက်ဖြုတ်သိမ်းတဲ့ အကြမ်းဖက်စစ်အုပ်စု မိုင်းထိပြီး ထိခိုက်သေဆုံးမှုတွေ ရှိနိုင်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၆ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖရူဆိုမှာ Save the Children ကားမီးရှို့ဖျက်ဆီးခံရ၊ဝန်ထမ်း၂ဦးပျောက်ဆုံးနေ

၂၆၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်၊ဖရူဆိုမြို့နယ်အတွင်း အရပ်သားပြည်သူတွေ တိုက်ခိုက်ခံရမှုမှာ တာဝန်ထမ်းဆောင်နေတဲ့ Save the Childrenဝန်ထမ်းတွေစီးလာတဲ့ကားမီးရှို့ဖျက်ဆီးခံထားရပြီး ၂ဦးပျောက်ဆုံးနေ တယ်လို့သိရ ပါတယ်။ အဲဒီဝန်ထမ်းနှစ်ဦးဟာ အနီးအနားရှိ ရွာတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းတွေ ဆောင်ရွက်အပြီး တာဝန်ထမ်းဆောင်ရာရုံးကိုပြန်နေစဉ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖရူဆိုမှာပြည်သူ၃၅ဦးကို အကြမ်းဖက်စစ်တပ် အရှင်လတ်လတ်မီးရှို့သတ်ဖြတ်မှု ကရင်နီနယ်ခြားစောင့်တပ် ရှုံ့ချ

၂၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်၊ဖရူဆိုမြို့နယ်အတွင်းအကြမ်းဖက်စစ်အုပ်စုက ပြည်သူ၃၅ဦးကို အရှင်လတ်လတ်မီးရှို့ သတ်ဖြတ်ခဲ့မှုအပေါ်အပြင်းအထန်ကန့်ကွက်ရှုတ်ချကြောင်း ကရင်နီပြည် လူမျိုးပေါင်းစုံ လွတ်မြောက် ရေးတပ်ဦးက ဒီကနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ ဖရူဆိုမြို့နယ် မူဆိုကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုက ကရင်နီပြည်လူမျိုးပေါင်းစုံလွတ်မြောက်ရေးတပ်ဦး (နယ်ခြားစောင့်တပ်ရင်း ၁၀၀၄) တပ်ဖွဲ့ဝင် ၄ဦးကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မန္တလေးမှာ စစ်အုပ်စုပိုင် ရတနာပုံခန်းမအနီး ဗုံးပေါက်

၂၅၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ၃၈လမ်းပေါ်မှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် ရတနာပုံခန်းမအနီးမှာ ဗုံးတစ်လုံးပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၅ရက်နေ့ မနက် ၇နာရီခန့်မှာ ပေါက်ကွဲခဲ့တာဖြစ်ပြီး ပေါက်ကွဲမှုကြောင့် အနီးဝန်းကျင်ရောက်ရှိနေတဲ့ အမျိုးသမီးတစ်ဦး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဖရူဆိုမြို့ မိုဆိုကျေးရွာအနီးမှာ စစ်အုပ်စုနဲ့ ကရင်နီပူးပေါင်းအဖွဲ့တို့ တိုက်ပွဲပြင်းထန်ခဲ့

၂၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်(ကရင်နီ) ဖူဆိုမြို့နယ် မိုဆိုကျေးရွာအနီးမှာ အကြမ်းဖက်စစ်အုပ်စုက စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ကရင်နီပူးပေါင်းတပ်ဖွဲ့က ခုခံတိုက်ခိုက်ခဲ့ရပြီး တိုက်ပွဲပြင်းထန်ခဲ့တယ်လို့ KNDFက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၄ရက်နေ့ နေ့လည် ၁၁နာရီ ၃၀မိနစ်ခန့်မှာ တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လွိုင်ကော်လေဆိပ်မှာ MNAက ခရီးသည်တင်လေယာဉ်တစ်စီးဆင်းသက်စဉ် ရှော့တိုက်ဒုံးနဲ့ အပစ်ခံရတယ်လို့ စစ်အုပ်စုက သတင်းထုတ်ပြန်

၂၄၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ကယားပြည်နယ်(ကရင်နီ) လွိုင်ကော်မြို့မှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNAက ခရီးသည်တင်လေယာဉ်တစ်စီး ဆင်းသက်စဉ် ရှော့တိုက်ဒုံးနဲ့ အပစ်ခံခဲ့ရတယ်လို့ အကြမ်းဖက်စစ်အုပ်စုရဲ့ သတင်းပြန်ချက်ကို ပြည်တွင်းသတင်းဌာနအချို့မှာ ဖော်ပြခဲ့ပါတယ်။ ဒီကနေ့ ဒီဇင်ဘာလ ၂၄ရက်နေ့ မနက် ၈နာရီ၃၅မိနစ်ခန့်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေညောင်မြို့ အလက(၂) စာသင်ကျောင်းမှာ ကျောင်းသားမိဘတွေကို တစ်နေ့၃ဦး လုံခြုံရေးစောင့်ခိုင်း

၂၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ရှမ်းပြည်နယ် တောင်ကြီးမြို့နယ် ရွှေညောင်မြို့ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းမှာ ကျောင်းလုံခြုံရေးအတွက်ဆိုကာ ကျောင်းသားမိဘတွေကို တစ်နေ့လျှင် ၃ဦးစီ လုံခြုံရေးစောင့်ခိုင်းထားတယ်လို့ တောင်ကြီးမြို့နယ်အတွင်းမှာရှိတဲ့ နွေဦးတော်လှန်ရေးသတင်းတွေ ထုတ်ပြန်ပေးနေတဲ့ တောင်ကြီးနွေဦးချန်နယ်က ဖော်ပြထားပါတယ်။ ကျောင်းအုပ်ဖြစ်သူက ထွေအုပ်စုံညီအစည်းအဝေးတစ်ခုမှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုံညာအဆင်းမှာ စစ်အုပ်စုယာဉ်တန်း မိုင်းထိပြီး ၃၀ခန့်သေဟုဆို

၂၃၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မကွေးတိုင်း ကျောမြို့နဲ့ ဂန့်ဂေါမြို့ကြားမှာရှိတဲ့ ပုံညာတောင်အဆင်းမှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ယာဉ်တန်းမိုင်းဆွဲခံရပြီး ၃၀ကျော်ခန့်အထိ သေဆုံးနိုင်တယ်လို့ YDF-Kyawက ဒီကနေ့ ဒီဇင်ဘာလ ၂၃ရက်နေ့ နေ့လည်ပိုင်းမှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ မနေ့က ဒီဇင်ဘာလ ၂၂ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ချမ်းအေးသာစံမြို့ ထွေအုပ်ရုံးကို BN&KSအဖွဲ့က ဗုံးပစ်တိုက်ခိုက် စစ်အုပ်စုက ၂ဦးသေ

၂၂၊ ဒီဇင်ဘာလ၊ ၂၀၂၁။ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်မှာရှိတဲ့ စစ်အုပ်စုလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးကို BN&KS (No-2) အဖွဲ့က လက်ပစ်ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ရုံးမှာလုံခြုံရေးစောင့်နေတဲ့ စစ်အုပ်စုက ၂ဦးသေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ ဒီဇင်ဘာလ ၂၀ရက်နေ့ နေ့လည်ပိုင်းမှာ BN&KS [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟားခါးမှာ ခရစ္စမတ်ပွဲတော်ကို အွန်လိုင်းအစီအစဉ်နဲ့သာ ကျင်းပမယ်

၂၀၊ ဒီဇင်ဘာလ၊ ၂၀၂၁။ ချင်းပြည်နယ် ဟားခါးမြို့မှာ လာမယ့်ခရစ္စမတ်ပွဲတော်ကို အရင်နှစ်တွေလို ခမ်းနားစွာ မကျင်းပတော့ဘဲ အွန်လိုင်းအစီစဉ်နဲ့သာ ကျင်းပသွားမယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Chin World မှာဖော်ပြထားပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့ ကပ်ဆိုဒဏ်နဲ့ နိုင်ငံရေးအခြေအနေတွေကြောင့် [ဆက်လက်ဖတ်ရှုရန်]