ပုသိမ်မြို့လယ်ခေါင်က ကားဂိတ်ကို မြို့ပြင်မရွှေ့ရေး ယာဥ်လိုင်းတာဝန်ခံတွေ တောင်းဆို

၂၁ ၊ ဇွန်လ ၊ ၂၀၂၀ ။ ပုသိမ်မြို့လယ်ခေါင်က ကားလက်မှတ်အရောင်းဌာနနဲ့ ခရီးသည်ကြိုပို့ဂိတ် မရွှေ့ပြောင်းရေးအတွက် ယာဥ်လိုင်း၂၂လိုင်းကတာ၀န်ခံတွေဟာ ဒီနေ့မှာ တိုင်းကော်မတီ ရုံးမှာတောင်းဆိုမှုတွေပြုလုပ်ခဲ့ကြပါတယ်။ လက်ရှိမှာ လူစုလူဝေးဖြစ်ပွားတာနဲ့ ယာဥ်ကြောပိတ်ဆို့မူတွေကြောင့် အဝေးပြေးကား၀င်းဆီကိုရွှေ့ပြောင်းကြဖို့ ဇွန်လ၃ရက်နေ့မှာ စာထုတ်ပြန်ခဲ့တာနဲ့ပတ်သတ်ပြီး ယာဥ်ပိုင်ရှင်တွေရဲ့ အခက်အခဲကို လာရောက်တင်ပြကြတာလို့ယဥ်လိုင်းတာ၀န်ခံတစ်ဦးကပြောပါတယ်။ အခုလိုရွှေ့ပြောင်းဖို့ အမိန့်ဟာ အစိုးရအဖွဲ့က ထုတ်ပြန်တာဖြစ်တာကြောင့် ယဥ်လိုင်းတာ၀န်ခံတွေရဲ့တင်ပြချက်တွေကို တိုင်းအစိုးရအဖွဲ့ဆီ တင်ပြပေးသွားမယ်လို့ ပုသိမ်ခရိုင်ပုဂ္ဂလိကမော်တော်ယာဥ်လုပ်ငန်းယာဥ်များစနစ်တကျပြေးဆွဲရေးကြီးကြပ်မှု ကော်မတီဥက္ကဌကပြောပါတယ်။ နှစ်ပေါင်း၂၀ကျော်ကြာ သက်တမ်းရှိတဲ့ ပုသိမ်မြို့…

Read More
ဧရာဝတီတိုင်းပြင်ပ ကားလိုင်းတွေ ဒီနေ့ကစ ပြေးဆွဲခွင့်ရပြီ

ဧရာဝတီတိုင်းပြင်ပ ကားလိုင်းတွေ ဒီနေ့ကစ ပြေးဆွဲခွင့်ရပြီ

၁ ၊ ဇွန် ၊ ၂၀၂၀။ COVID-19 ရောဂါ ကူးစက်ပျံ့ပွားမှုကို ထိန်းချုပ်နိုင်ဖို့အတွက် တခြားတိုင်းဒေသကြီးတွေနဲ့ ပြေးဆွဲနေတဲ့ ယာဉ်လိုင်းတွေကို ပိတ်ထားရာကနေ ဒီနေ့မှာပဲ ပြန်လည် ဖွင့်ခွင့်ပေးလိုက်ပြီလို့ တိုင်းဒေသကြီးဝန်ကြီး ဦးဝင်းဌေးက ပြောပါတယ်။ “ကော်မတီအစည်းအဝေး ဆုံးဖြတ်ချက်အရ ခရီးသွားရင်လိုက်နာရမယ် အချက်တွေ ၁၂ ချက်လောက် ရှိတယ် ၊ အဓိက ထိုင်ခုံ ၂ လုံးကို လူတစ်ယောက်နှုန်း လိုဟာမျိုးကအစ အပေါ်မှာ Mask…

Read More
ကိုဗစ်ကာလမှာ အသက်ရှုကြပ်နေသော ဧရာဝတီတိုင်းမှ ပင်လယ်ကမ်းခြေများ

ကိုဗစ်ကာလမှာ အသက်ရှုကြပ်နေသော ဧရာဝတီတိုင်းမှ ပင်လယ်ကမ်းခြေများ

၂၆၊ မေလ၊ ၂၀၂၀။ ဧရာဝတီတိုင်းဒေသကြီးအစိုးရကတော့ ဒီရက်ပိုင်းအတွင်းမှာ ဟိုတယ်အချို့ကို ပြန်လည်ဖွင့်ခွင့်ပေးလိုက်ပါပြီ။ သင်္ကြန်ကာလမတိုင်ခင်ကတည်းက ရပ်နားလိုက်ရတဲ့ ခရီးသွားလုပ်ငန်းက အခုချိန်မှာ ပုံမှန်ပြန်လည်ပတ်ဖို့ ရုန်းကန်ရဦးမယ့် အနေအထား ရှိနေပါတယ်။ “အစိုးရက ဟိုတယ်တွေ ပြန်ဖွင့်ခွင့်ပေးရင်တောင် ကျွန်တော်တို့တွေ ပြန်ဖွင့်ဖို့ မဖြစ်နိုင်ပါဘူး “လို့ ငွေဆောင်ဟိုတယ်ဇုန်က JL Lodge ဟိုတယ်ပိုင်ရှင် ဦးဝင်းထိန်က ပြောပါတယ် ။ ဧရာဝတီတိုင်းဒေသကြီး တစ်ခုလုံးမှာ ဟိုတယ် နဲ့ တည်းခိုခန်းပေါင်း (၁၁၁…

Read More
လေးမျက်နှာမှာ သစ်ကားမှောက်ပြီး လေးဦးသေဆုံး

လေးမျက်နှာမှာ သစ်ကားမှောက်ပြီး လေးဦးသေဆုံး

၂၊ ဧပြီ၊ ၂၀၂၀။ ဧရာဝတီတိုင်းဒေသကြီး လေးမျက်နှာမြို့နယ်၊ ဝါးတောကွင်းကျေးရွာအုပ်စု၊ ထောက်ကြံကွင်းကျေးရွာရှိ ကြံခင်းရိုးတံတားအနီးမှာ မေလ ၁ရက်နေ့ညက တရားမဝင်သစ်ကားတစ်စီး တိမ်းမှောက်ခဲ့တယ်လို့ လေးမျက်နှာမြို့နယ် သစ်တောဦးစီးဌာနတောအုပ်ဦးဇော်ဝင်းနိုင်က ပြောပါတယ်။ “ဟုတ်ပါတယ်ခင်ဗျ့ာ ညကဖြစ်တာပါ။ ကားကတံတားနားမှမှောက်တာပါ။ ကားပေါ်ပါလာတဲ့လူလေးဦးတော့နေရာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်”လို့ ပြောပါတယ်။ ကားပေါ်မှာ တရားမဝင်သစ် ၂တန်ကျော်တင်ဆောင်လာတာဖြစ်ပါတယ်။ ဖြစ်စဥ်ကို လေးမျက်နှာမြို့မရဲစခန်းက ယာဥ်မတော်ဆမှုနဲ့ လူသေဆုံးခဲ့လို့ (၃၀၄-က)နဲ့အမှု့ဖွင့်ပြီးရဲလုပ်ငန်းတွေဆက်လက်လုပ်ကိုင်နေတယ်လို့ဆိုပါတယ်။ သစ်တောဦးစီးဌာနကတော့ သစ်တောဥပဒေနဲ့အမှု့ဖွင့်အရေးယူဖို့လုပ်ဆောင်နေတယ်လို့ ပြောပါတယ်။ ဧပြီ (၂၉)ရက်နေ့ကလည်း…

Read More
ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေကို မေလ ၁၅ရက်နေ့အထိ ပိတ်မည်

ဧရာဝတီတိုင်းအတွင်းက ကမ်းခြေတွေကို မေလ ၁၅ရက်နေ့အထိ ပိတ်မည်

By – Delta News Agency ၃၀၊ ဧပြီ၊ ၂၀၂၀။ ဧရာဝတီတိုင်းဒေသကြီးအတွင်းက ကမ်းခြေတွေကို မေလ ၁၅ ရက်နေ့အထိ ပိတ်ထားဖို့ တိုင်းဒေသကြီးအစိုးရအဖွဲ့က ထပ်မံညွှန်ကြားချက်ထုတ်ပြန်လိုက်ပါတယ်။ COVID-19 ရောဂါကူးစက်ပျံ့ပွားမှုကို ကာကွယ်ရန်အတွက် မတ်လ ၂၄ ရက်နေ့ကစပြီး ဧပြီလ ၃၀ ရက်နေ့အထိ ယာယီပိတ်သိမ်းဖို့ ညွှန်ကြားထားခဲ့တာ ဖြစ်ပြီး ယခုထပ်မံ ရက်တိုးမြှင့်လိုက်တာပါ။ ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ကြေညာချက် ၁၀ ချက်ကို…

Read More
ကုန်တင်ကားကိုအလုံပိတ်ပြီး ဧရာဝတီတိုင်းထဲ ခိုးဝင်တဲ့ လူ (၆၀) ကျော် မယ်ဇလီဂိတ်မှာမိ

ကုန်တင်ကားကိုအလုံပိတ်ပြီး ဧရာဝတီတိုင်းထဲ ခိုးဝင်တဲ့ လူ (၆၀) ကျော် မယ်ဇလီဂိတ်မှာမိ

Photo credit – Ni Ni Moe @ facebook ၂၆၊ ဧပြီ၊ ၂၀၂၀။ ဒီကနေ့ညနေပိုင်းမှာ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးပေါ်က မယ်ဇလီဂိတ်မှာ ဧရာဝတီတိုင်းထဲကို ကုန်တင်ကားနှစ်စီးနဲ့ ခိုးဝင်လာတဲ့ လူ (၆၀)ကျော် ရှာဖွေမိထားတယ်လို့ ညောင်တုန်းတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမိုးက Delta News Agency ကိုပြောပါတယ်။ “မော်လမြိုင် ကျိုက်ခမီဘက်ကပြန်လာတဲ့ သူတွေ၊ ကားတစ်စီးက (၃၄)ယောက် ကားတစ်စီးက (၃၂)ယောက်၊သူတို့မှာ ထောက်ခံချက်တွေပါတယ်၊ ပုန်းပြီးပြန်လာတယ်ဆိုတာ…

Read More
ချင်းပြည်နယ်ကနေ (၆)ရက်ကြာလမ်းလျှောက်ပြန်လာတဲ့ ဧရာဝတီသားတွေ

ချင်းပြည်နယ်ကနေ (၆)ရက်ကြာလမ်းလျှောက်ပြန်လာတဲ့ ဧရာဝတီသားတွေ

By – Delta News Agency ၂၄၊ ဧပြီ၊ ၂၀၂၀။ ချင်းပြည်နယ် မတူပီမြို့ကနေ လမ်းလျောက်ပြန်ခဲ့ကြတဲ့ ဧရာဝတီတိုင်းသား လေးဦးဟာ မြောင်းမြမြို့ဂိတ်ကို ဒီနေ့ရောက်ရှိလာခဲ့ပါတယ်။ “မတူပီဘက်မှာ လမ်းခင်းကျောက်ထုလုပ်ငန်းကနေ လုပ်ငန်းအခြေအနေမကောင်းလို့ ပြန်လာကြတာ၊ သူတို့ဆီမှာ ချင်းပြည်နယ်မတူပီက ထောက်ခံပေးလိုက်တဲ့ စာအထောက်အထားတွေလည်းပါတယ်။”လို့ မြောင်းမြမြို့ဝင်ဂိတ်မှာ အဝင်အထွက်တွေကို ကူညီစစ်ဆေးပေးနေတဲ့ ဂရုဏာရှင်လူမှုကူညီရေးအဖွဲ့က ကိုဟိန်းအောင်အောင်က ပြောပါတယ်။ လုပ်ငန်းတွေ အခြေအနေမကောင်းတဲ့အပြင် လုပ်အားခတွေလည်း အပြည့်အဝမရလို့ လမ်းစားရိတ်ပြတ်ပြီး ခြေလျင်လမ်းလျှောက်ပြန်ခဲ့ကြတာပါ။…

Read More
ဧရာဝတီတိုင်းအတွင်းက ဟိုတယ်တွေ ဧပြီလကုန်အထိ ပိတ်ရမည်

ဧရာဝတီတိုင်းအတွင်းက ဟိုတယ်တွေ ဧပြီလကုန်အထိ ပိတ်ရမည်

၂၁၊ ဧပြီ၊ ၂၀၂၀။ COVID-19 ရောဂါ ကူးစက်မှု မရှိစေရေးအတွက် တိုင်းဒေသကြီးအတွင်းက ဟိုတယ်၊မိုတယ်၊တည်းခိုခန်း၊ Inn တွေကို ယာယီပိတ်သိမ်းဖို့ ဒီနေ့မှာပဲ အမိန့်ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ တိုင်းဒေသကြီးအဆင့် Coronavirus Disease 2019(COVID-19) ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီရဲ့ ဥက္ကဌကိုယ်စား အတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်စွာလှိုင်က လက်မှတ်ထိုးပြီး ဒီနေ့နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ အဲဒီအမိန့်က ဧရာဝတီတိုင်းတွင်းက ပုသိမ်၊ ဟင်္သာတ ၊ မြောင်းမြ…

Read More
ရန်ကုန် (၇)မြို့နယ်ကလာသူတွေ ဧရာဝတီရောက်ရင် သီးခြားစောင့်ကြည်ခံရမယ်

ရန်ကုန် (၇)မြို့နယ်ကလာသူတွေ ဧရာဝတီရောက်ရင် သီးခြားစောင့်ကြည်ခံရမယ်

၂၀၊ ဧပြီ၊ ၂၀၂၀။ COVID-19 ရောဂါပြန့်ပွားမှု များပြားနေတဲ့ ရန်ကုန်တိုင်း မြို့နယ်(၇)မြို့နယ်ကလာသူတိုင်း ဧရာဝတီတိုင်းရောက်ရင် (၂၁)ရက် အသွားအလာကန့်သတ် စောင့်ကြည့်ခံရမယ်လို့ တိုင်းအစိုးရက ဒီနေ့မှာပဲ ညွှန်ကြားထားတယ်လို့ သိရပါတယ်။ တောင်ဥက္ကလာပမြို့နယ်၊ ပန်းဘဲတန်းမြို့နယ်၊ ဗဟန်းမြို့နယ်၊ မရမ်းကုန်းမြို့နယ်၊ အင်းစိန်မြို့နယ်၊ ရွှေပြည်သာမြို့နယ်၊ လှိုင်သာယာမြို့နယ် တွေမှာ အမြဲဖြစ်စေ၊ ယာယီဖြစ်စေ နေထိုင်သူတွေအနေနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းက မြို့နယ်တွေကို ဝင်ရောက်လာမယ်ဆိုရင် အခုကြေညာချက်က သက်ရောက်မှာပါ။ တိုင်းဒေသကြီးအဆင့် COVID…

Read More
တိုက်ကြက်ဖလည်း ကွာရန်တင်း (၂၁)ရက်ပဲ

တိုက်ကြက်ဖလည်း ကွာရန်တင်း (၂၁)ရက်ပဲ

၂၀၊ ဧပြီ၊ ၂၀၂၀။ COVID-19 ရောဂါကာကွယ်ရေးကို ဂရုတစိုက် လုပ်ဆောင်နေတဲ့ အိမ်မဲမြို့မှာ ပြည်ပက ပြန်လာတဲ့ လူတွေတင်မဟုတ်ပဲ တိုက်ကြက်ဖတစ်ကောင်ပါ (၂၁)ရက် အသွားအလာကန့်သတ်စောင့်ကြည့်ခံ (Quarantine) လိုက်ရပါတယ်။ အဲဒီကြက်ဟာ ထိုင်းကပြန်လာတဲ့ (၆) ယောက်တဖွဲ့နဲ့အတူ ပါလာတာ။ “အဲဒီလူက ထိုင်းက တိုက်ကြက်ဖတစ်ကောင်ဝယ်လာပြီး သူ စင်တာမှာ စောင့်ကြည့်ခံနေရတော့ သူ့ကြက်ကို တခြားသူနဲ့ ထားဖို့လည်း စိတ်မချတော့ ကွာရန်တင်းစင်တာမှာပဲ ခေါ်ထားလိုက်တာ ။ ကြက်ပါ…

Read More