ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီးခဲ့တဲ့ လူနေအိမ် ၈၀၀၀ နီးပါးရှိပြီ

အကြမ်းဖက်စစ်တပ် မီးရှို့လို့ ပျက်စီးသွားတဲ့ လူနေအိမ်ခန့်မှန်းခြေ ၈၀၀၀ နီးပါးရှိပြီလို့ Data for Myanmar က ဆိုပါတယ်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ ၂၀၂၂ ခုနှစ်၊ မတ်လ (၃၁) [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အရာတော်စစ်စခန်းတစ်ခုကို စီးနင်း၊အကြမ်းဖက်စစ်သား၇ဦးသေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာက စစ်တပ်စခန်းကို ဒေသတွင်းတော်လှန်ရေးအင်အားစုတွေက ဝင်ရောက်စီးနင်းခဲ့ရာအကြမ်းဖက်စစ်သား ၇ဦးသေဆုံးခဲ့ကြောင်း သိရပါတယ်။ ဧပြီ၁ရက်ရက်နေ့ ၊မွန်းလွဲ ၁ နာရီလောက်မှာ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ) နဲ့အတူ သပြေညို၊ FALCON FORCE၊ အရာတော်ဘုန်းနိုင်နဲ့ ပတ္တမြားညီနောင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သတင်းပေါက်ကြားမှုတွေကို ပြည်ထဲရေးဝန်ကြီးဆီ တိုက်ရိုက်ဆက်သွယ်ဖို့ လျှို့ဝှက်ညွှန်ကြားစာ ထပ်မံပေါက်ကြား

သတင်းပေါက်ကြားမှုတွေနဲ့ ပတ်သတ်ပြီး အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ညွှန်ကြားတဲ့ လျှို့ဝှက်ကြေးနန်းစာ ထပ်မံပေါက်ကြားခဲ့တယ်လို့ Myanmar Police CDM Channel က ဖော်ပြထားပါတယ်။ ရုံးစာ၊ အရေးကြီးသတင်း၊ ထူးခြားဖြစ်စဉ်တွေဟာ လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ပေါက်ကြားနေ တာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကချင်ပြည်နယ်တွင်း မှတ်ပုံတင်ပါမှသာ ခရီးသွားလာနိုင်တော့မယ်

ကချင်ပြည်နယ်တွင်းနဲ့ ပြည်နယ်ပြင်ပ မော်တော်ယာဉ်လိုင်းတွေနဲ့ ခရီးသွားလာမယ့် ပြည်သူတွေအနေနဲ့ ဧပြီလတစ်ရက်နေ့ ဒီနေ့ကစပြီးမှတ်ပုံတင်ပါမှသာ သွားလာခွင့်ရမယ်လို့KNGသတင်း ဌာနကဖော်ပြထားပါတယ်။ ပြည်နယ်တွင်းနဲ့ ပြည်နယ်ပြင်ပကို ခရီးသွားလာမယ့်သူတွေအနေနဲ့ နိုင်ငံသားစိစစ်ရေးကဒ်ပြား (မှတ်ပုံတင်)ပါရမှာဖြစ်ပြီး ရပ်ကွက်ထောက်ခံစာနဲ့ အကျုံးမဝင်တော့ကြောင်း ကချင်ပြည်နယ်မော်တော် ယာဉ်များ ကြီးကြပ်ရေးကော်မတီမှ ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကော့ကရိတ်အနီး ၅ တိုင်ရွာမှာ စစ်အုပ်စုတပ်တွေ ဝင်ရောက်တပ်စွဲ ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်

ကေအဲန်ယူ-အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင်၊ ကျုံဒိုးမြို့နယ် (ကော့ကရိတ်မြို့နယ်)ကော့ကရိတ်မြို့နဲ့ ကျုံဒိုးလမ်းမကြီးပေါ်ရှိ ၅တိုင်ကျေးရွာမှာ ဒီနေ့မတ်လ ၃၁ ရက်နေ့က အကြမ်းဖက်စစ်အုပ်စုတပ်အင်အား အမြောက်အများနဲ့ ဝင်ရောက်စွဲထားတယ်လို့ ဒေသခံတွေဆီက သိရကြောင်း KIC သတင်းဌာနက ဖော်ပြပါတယ်။ မတ်လ ၃၁ ရက်နေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဇွဲကပင်တောင်ပေါ်တက်ရင်း ပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်ကို နှစ်ရက်အကြာမှာ သေဆုံးလျက်ပြန်တွေ့

ကရင်ပြည်နယ်၊ ဘားအံမြို့က ဇွဲကပင်တောင်ပေါ်ကိုတက်ရင်း ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့ ကတည်းကပျောက်ဆုံးသွားတဲ့ အမျိုးသမီးငယ်အလောင်းကို ဒီကနေ့ဧပြီ ၁ရက်နေ့မနက်ပိုင်းမှာ ပြန်ရှာတွေ့ခဲ့တယ်လို့ဒေသခံလူမှုကူညီရေးအသင်းတွေကပြောပါတယ်။ ဒီနေ့ မနက် ၈နာရီလောက်က အထက်ရေ တံခွန် ဘုရားလေးအနီး မရမ်းပင်အောက်မှာ တွေ့ရှိခဲ့တာပါ။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

PDFတွေရဲ့ တိုက်ခိုက်မှုဒဏ် အကြိမ်ကြိမ်ခံနေရတဲ့ ခရမ်းသုံးခွမှာ ကင်းပုန်းတွေ ပိုက်စိပ်တိုက်ချ

PDFတွေရဲ့ ထိရောက်တဲ့ တိုက်ခိုက်မှုတွေကို အကြိမ်ကြိမ်ခံနေရတဲ့ ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းသုံးခွမြို့ပေါ်တွေမှာ အကြမ်းဖက်စစ်တပ်ကင်းပုန်းတွေ ပိုက်စိပ်တိုက်ချထားတယ်လို့ သိရပါတယ်။ ခရမ်းမြို့ပေါ်က နေရာတိုင်းလိုလိုမှာ နေ့စဉ် စစ်တပ်ကင်းပုန်းတွေရှိနေပြီး ကင်းပုန်းနေရာတစ်နေရာမှာ စစ်သားတစ်ယောက်(သို့မဟုတ်)နှစ်ယောက် ကင်းပုန်းချထားတယ် ၊ တချို့ကင်းပုန်းနေရာတွေမှာ အရပ်ဝတ်တွေနဲ့ ရှိနေကာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာပြည်အရှေ့တောင်ပိုင်းမှာ လူ့အခွင့်ရေးချိုးဖောက်မှုတိုးမြှင့်လာကြောင်း KHRG ထုတ်ပြန်

မြန်မာပြည်အရှေ့တောင်ပိုင်းဒေသတွေမှာ အာဏာသိမ်းယူမှုနောက်ပိုင်း လက်နက်ကိုင် ပဋိပက္ခတွေ တိုးလာပြီး အကြမ်းဖက်စစ်အုပ်စုဘက်က အရပ်သားတွေကို ပစ်မှတ်ထားတိုက်ခိုက်တဲ့ လူ့အခွင့်ရေး ချိုးဖောက်မှုတွေ တိုးမြှင့်လာတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က မနေ့က မတ်လ ၃၁ ရက်နေ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ မြန်မာပြည် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ရိက္ခာတင်စက်လှေ ၆ စီး ကသာမှာတိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်ရဲ့ရိက္ခာတင် စက်လှေ ၆ စီးကို ဒီနေ့မနက်ပိုင်းမှာ စောင့်ကြိုတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ ရိက္ခာတင် စက်လှေ ၆ စီးဟာ ဒီနေ့မနက် ၇ နာရီလောက်က ကျောက်ကြီးရွာကနေ မြို့လှရွာဘက် စုန်ဆင်းထွက်ခွာချိန် ဗိုလ်မိုဃ်းကြိုးဦးဆောင်တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မင်းကင်းနဲ့ကနီကြား အကြမ်းဖက်စစ်တပ် ရောက်ရှိ၊ဒေသခံတွေ ရှောင်ရှားကြဖို့ သတိပေး

စစ်ကိုင်းတိုင်း၊ မင်းကင်းနဲ့ ကနီမြို့နယ်ကြားကို အကြမ်းဖက်စစ်တပ်တွေ စစ်ကြောင်းထိုးဝင်လာတာကြောင့် ဒေသခံတွေ ရှောင်ရှားကြဖို့ ကနီPDF က ဒီနေ့မနက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ မင်းကင်းတောင်တွင်းဒေသကနေတက်လာတဲ့ စစ်ကား‌(၄)စီးနဲ့ ခြေလျင်တက်လာတဲ့ အကြမ်းဖက်စစ်သားနဲ့ ပျူစောထီးအင်အား ၈၀ လောက်ဟာ မတ်လ၃၁ရက်နေ့ ညနေမှာ [ဆက်လက်ဖတ်ရှုရန်]