အင်းစိန်ထောင်ရှေ့မှာ ဗုံး ၂ လုံးပေါက်

Photo- AFP
နိုင်ငံရေး အကျဉ်းသားတွေကို ဖိနှိပ်မှုတွေ လုပ်ဆောင်နေတယ်ဆိုတဲ့ ရန်ကုန်မြို့ အင်းစိန်အကျဉ်းထောင်ရှေ့ ဝင်ပေါက်ဝမှာ ဗုံး ၂ လုံး ပေါက်ကွဲခဲ့တယ်လို့ အနီးဝန်းကျင် နေထိုင်သူတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၇ ရက်နေ့ မနက် ၄ နာရီ ၄၅ မိနစ်လောက်က ပေါက်ကွဲခဲ့တာဖြစ်ပြီး အင်းစိန်အကျဉ်းထောင်ဟာ နိုင်ငံရေးအကျဉ်းသားတွေကို ညှင်းပန်းနှိပ်စက်မှုတွေ လုပ်ဆောင်နေတာကြောင့် အခုလို သတိပေး ဖောက်ခွဲခဲ့တာဖြစ်တယ်လို့ People Hlaingtharyar Force က သတင်းထုတ်ပြန်ထားပါတယ်။
ဗုံး ၅ လုံးအထိ ဖောက်ခွဲဖို့ လုပ်ဆောင်ထားပေမယ့် ၂ လုံးသာ ပေါက်ကွဲခဲ့တာဖြစ်တယ်လို့ People Hlaingtharyar Force က ဆိုပါတယ်။
ပေါက်ကွဲမှု ဖြစ်စဉ်အပြီးမှာ အကြမ်းဖက်စစ်အုပ်စုက ပိတ်ဆို့ရှာဖွေ စစ်ဆေးမှုတွေကို လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။