ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ ဝါးဘိုးတောလမ်းဆုံ စစ်ဆေးရေးဂိတ်အတိုက်ခံရပြီး ၆ဦးသေ

ကရင်ပြည်နယ် ဖားအံမြို့နယ် KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ သထုံ-ဘားအံလမ်းမ ဝါးဘိုးတောလမ်းဆုံမှာ စခန်းချထားတဲ့ စစ်အုပ်စုလက်အောက်ခံ ရဲစစ်ဆေးရေးဂိတ်ကို KNLA တပ်မဟာ (၁)နဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်အုပ်စုက ၆ဦးသေဆုံးကာ သေနတ် ၃လက် သိမ်းဆည်းရမိခဲ့တယ်လို့ KNU [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်အုပ်စုရဲ့ မှတ်ပုံတင်ထုတ်ပေးရေးစီမံချက်ကို ကူညီပေးရေးအကြောင်းကြားစာ KNLA ပြန်လည်ရုပ်သိမ်း

KNLA တပ်မဟာ(၆) ထိန်းချုပ်နယ်မြေဖြစ်တဲ့ ဒူးပလာယာခရိုင်အတွင်း မြို့နဲ့ကျေးရွာတွေမှာ စစ်အုပ်စုလက်အောက်ခံ လူဝင်မှုကြီးကြပ်ရေးဌာနက မှတ်ပုံတင်နဲ့အိမ်ထောင်စုစာရင်းတွေ လုပ်ဆောင်ပေးရာမှာ ရှေ့တန်းရုံးတွေကနေ ကူညီပေးဖို့ အကြောင်းကြားစာကို ပြန်လည်ရုတ်သိမ်းကြောင်း ဒူးပလာယာခရိုင်က ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။ စစ်အုပ်စုဦးဆောင်တဲ့ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်းကောက်ယူတဲ့လုပ်ငန်းတွေမှာ ကူညီဆောင်ရွက်ဖို့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝါရီဆူးပလိုင်ကျေးရွာအနီး တိုက်ပွဲအတွင်း စစ်အုပ်စု အထိနာ

ရှမ်းပြည်နယ်နဲ့ ကရင်နီပြည် အကြား မိုးဗြဲမြို့နယ် ဝါရီဆူးပလိုင်ကျေးရွာအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စုက သေဆုံးသူ​တွေ ရှိခဲ့တယ်လို့ KNDF ဖယ်ခုံက သတင်းထုတ်ပြန်လိုက်ပါတယ်။ ဒီကနေ့ ဧပြီလ ၂၀ရက်နေ့ မနက် ၆နာရီခန့်မှာ ဝါရီဆူးပလိုင်ကျေးရွာမှာ စခန်းချထားတဲ့ အကြမ်းဖက်စစ်အုပ်စုကို [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လေသူရဲတွေရဲ့ အကြောက်တရားကြောင့် ကိုယ့်လူကိုယ် မှန်အောင်ဗုံးကြဲမိတာလို့ဆို

အကြမ်းဖက်စစ်တပ်ရဲ့လေသူရဲတွေဟာ စစ်ရေးပစ်မှတ်ထက် သူတို့အသက်မသေရေးကိုသာ ရာနှုန်းပြည့်စဉ်းစားတာ ကြောင့် ကိုယ့်လူ့ကိုယ် မှန်အောင် ဗုံးကြဲမိတဲ့အထိ ဖြစ်လာကြောင်း အငြိမ်းစားတပ်အရာရှိကြီးတစ်ဦးကပြောပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ခြေလျင်တပ်တွေဟာ လေကြောင်းပစ်ကူမပါဘဲ တိုက်ခိုက်နိုင်စွမ်းမရှိတော့ သလို လေကြောင်းပစ်ကူတွေကလည်း ကိုယ့်လူကိုယ် မှန်အောင်ပစ် နိုင်တယ်လို့ နာမည်ကြီးလာကြောင်း သူကပြော [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက် စစ်စခန်းနှစ်ခု တပ်စွဲရာကနေ ဆုတ်ခွာဖို့ KNU သတိပေ

မွန်ပြည်နယ် သထုံခရိုင်အတွင်းက KNU ထိန်းချုပ်နယ်မြေဖြစ်တဲ့ တပ်မဟာ ၁ ၊ KNDO တပ်ရင်း (၂) နယ်မြေထဲမှာ အကြမ်းဖက်စစ်တပ် လာရောက်တပ်စွဲထားတဲ့ လေးကေနဲ့ ဝင်းတာပန် စခန်းနှစ်ခုကို ဆုတ်ခွာဖို့ KNU သထုံခရိုင်က ဒီကနေ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပေါက်မြို့နယ်အတွင်း မီးရှို့ဖျက်ဆီးခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၂ ရက်ဆက် တိုက်ပွဲဖြစ်

မကွေးတိုင်း၊ ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာ ၁၁ ရွာမှာ လူသတ်မီးရှို့ခဲ့တဲ့ အကြမ်းဖက်စစ်တပ်နဲ့ ၂ ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ကျောက်ထု PDF က ဒီကနေ့ထုတ်ပြန်ပါတယ်။ အကြမ်းဖက်စစ်တပ် အင်အား ၈၀ လောက်ဟာ ပေါက်မြို့နယ်တောင်ပိုင်းတခွင် ကမ်းကုန်အောင်ယုတ်မာ ရက်စက်ခဲ့ပြီးနောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြင်းမူမြို့ရှောင်လမ်းပေါ် မိုင်းဆွဲခံရ၊ ကားတစ်စီးပျက်ပြီး စစ်သား ၃ ဦးသေ

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့ရှောင်လမ်းပေါ် ရောက်လာတဲ့ အကြမ်းဖက်စစ်တပ်ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားတစ်စီးပျက်စီးပြီး အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဧပြီ ၁၉ ရက်နေ့ ညနေ ၃ နာရီလောက်မှာ စစ်ကိုင်းဘက်ကနေ မုံရွာဘက်ဆင်းလာတဲ့ အကြမ်းဖက်စစ်ကား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

သံတောင်မြို့ တောင်ငူလမ်းမှာ ကင်းလှည့်နေတဲ့ စစ်အုပ်စု မိုင်းထိပြီး ၂ ဦးသေ

ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ် သံတောင်မြို့နဲ့ ပျားစခန်းကျေးရွာအကြား ၁၁ မိုင်ကုန်းအနီးမှာ ခြေလျင်နဲ့ ကင်းလှည့်နေတဲ့ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၂ ဦးသေဆုံးကာ လက်နက်အချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသတွင်း သတင်းဌာနတစ်ခုဖြစ်တဲ့ Taw Oo Karen News [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပုသိမ်နဲ့ ငပုတောမြို့နယ် အတွင်းက ပြောက်ကျားတပ်ဖွဲ့နှစ်ဖွဲ့ မဟာမိတ်အဖြစ် ပူးပေါင်း

ဧရာဝတီတိုင်း အတွင်းမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ထောက်တိုင်တွေကို ခုခံတိုက်ခိုက်နေတဲ့ မြို့ပြပြောက်ကျားတပ်ဖွဲ့တွေဖြစ်တဲ့ ပုသိမ်မြို့ပြပြောက်ကျားတပ်ဖွဲ့နဲ့ ငပုတောမြို့ပြပြောက်ကျားတပ်ဖွဲ့တို့ မဟာမိတ်အဖြစ် ပူးပေါင်းဖွဲ့စည်းလိုက်တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ပြည်သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ကာကွယ်ဖို့၊ မြို့ပြ Mission တွေမှာ ပူးပေါင်းဆောင်ရွက်သွားဖို့အတွက် သဘောတူညီချက်တွေနဲ့ မဟာမိတ်အဖြစ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာက စစ်အုပ်စုခန့် အုပ်ကြီး ရှင်းလင်းခံရ

ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာမှာနေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ကိုဇော်ထွန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ [ဆက်လက်ဖတ်ရှုရန်]