ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာက စစ်အုပ်စုခန့် အုပ်ကြီး ရှင်းလင်းခံရ April 20, 2022 ဒေသအလိုက် သတင်းကဏ္ဍ ဓာတ်ပုံ-CJ ဧရာဝတီတိုင်း ငပုတောမြို့နယ် ဟိုင်းကြီးကျွန်းမြို့ ငါးပြေမကျေးရွာမှာနေထိုင်တဲ့ အုပ်ချုပ်ရေးမှူး ကိုဇော်ထွန်းကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ် ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ ၁၉ ရက်နေ့ ည ၈ နာရီခွဲလောက်မှာ ညီနောင်မဟာမိတ်အဖွဲ့တွေဖြစ်တဲ့ Beach Defence Force (BDF)၊ Pathein Western Defence Force (PWDF)၊ West Coast Defense Force (WCDF) နှင့် SinYine Guerilla Force (SGF) တို့က ပူးပေါင်းရှင်းလင်းခဲ့တာပဲဖြစ်ပါတယ်။ “အိမ်ထဲမှာတင် သေနတ်နဲ့ ၈ ချက်တိတိ ဝင်ပစ်သွားတာလို့ ကြားတယ်၊ ရွာကတော့ လူကုန်ပျော်နေကြတာပေါ့ ဒီလူက တော်တော်ကိုဆိုးတာလေ PDF တွေက အရင်ထဲက သတိပေးတယ် အဲ့ဒါတောင် ရွာကိုဆက်ပြီးတော့ ဒုက္ခပေးနေတာ၊ အခုတော့ ရွာထဲမှာ တပ်က ကင်းပုန်းတွေချထားတယ် အဝင်အထွက်တွေ အကုန်ပိတ်ထားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။ ရှင်းလင်းခံရတဲ့ ကိုဇော်ထွန်းဟာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ပြည်သူတွေကို မတရားဖမ်းဆီး ငွေညှစ်တာ၊ ကျေးရွာအတွင်းမှာ လောင်းကစားဝိုင်းတွေကို လုပ်ဆောင်စေပြီး ငွေကြေးတောင်းခံတာတွေကို လုပ်ဆောင်ခဲ့သူတစ်ဦးဖြစ်တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ငပုတောမြို့နယ်ဧရာဝတီတိုင်း
ဧရာဝတီတိုင်း စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုသတင်းတွေ ပေးပို့ကြဖို့ ရေကြည် ပကဖ ဖိတ်ခေါ် February 15, 2025 ဧရာဝတီတိုင်း ဖေဖော်ဝါရီ၊ ၁၅ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်လာနေတဲ့ ရခိုင်-ဧရာဝတီအစပ်ရှိ ရေကြည်မြို့နယ်အတွင်းက ပြည်သူတွေအနေနဲ့ စစ်ကောင်စီတပ်ရဲ့ လှုပ်ရှားမှုတွေကို သူတို့တပ်ဖွဲ့ဆီ အချိန်နဲ့တပြေးညီ သတင်းပေးပို့ကြဖို့ ရေကြည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)က ဖိတ်ခေါ်ထားပါတယ်။ “ပြည်သူတွေရဲ့ သတင်းပေးမှုက အများကြီး အထောက်အကူပြုပါတယ်၊ စစ်ကောင်စီရဲ့ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ ဟင်္သာတမှာ အသံတိတ်သပိတ် မပြုလုပ်ဖို့ စစ်အုပ်စုက စာဝေခြိမ်းခြောက် January 29, 2022 ဒေသအလိုက် သတင်းကဏ္ဍ, နိုင်ငံရေး ဧရာဝတီတိုင်း ဟင်္သာတမြို့မှာ အကြမ်းဖက်စစ်အုပ်စုက ဖေဖေါ်ဝါရီလ ၁ရက်နေ့မှာ ပြုလုပ်မဲ့ အသံတိတ်သပိတ်ကို မပြုလုပ်ဖို့ စာရွက်တွေ လိုက်လံဝေငှကာ ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသံတိတ်သပိတ်ကို လုပ်ဆောင်တာဟာ အကြမ်းဖက်မှုကို ကျူးလွန်တာဖြစ်တာကြောင့် ပိုင်ဆိုင်မှုတွေလည်း ချိတ်ပိတ်သိမ်းဆည်းခံရမယ်လို့ စစ်အုပ်စုရဲ့ [ဆက်လက်ဖတ်ရှုရန်]
ဧရာဝတီတိုင်း မြန်မာနိုင်ငံက ခရီးမသွားသင့်တဲ့ ဒေသတွေထဲ ဧရာဝတီတိုင်း မြို့နယ်ခုနစ်ခုကို ဗြိတိန်ထည့်သွင်း January 23, 2025 ဧရာဝတီတိုင်း ဇန်နဝါရီ၊ ၂၃ ရခိုင်ပြည်နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ဧရာဝတီတိုင်းထဲက မြို့နယ်ခုနစ်ခုကို မလိုအပ်ဘဲ ခရီးမသွားကြဖို့ ဗြိတိန်အစိုးရရဲ့ နိုင်ငံခြားရေး၊ ဓနသဟာယနဲ့ ဖွံ့ဖြိုးရေးရုံး(FCDO) က ဇန်နဝါရီ ၂၂ ရက်၊ မနေ့က [ဆက်လက်ဖတ်ရှုရန်]