ဒေသအလိုက် သတင်းကဏ္ဍ

စလင်းမြို့ပေါ် တင့်ဖျက်မိုင်းအကြီးနှစ်လုံးနဲ့တိုက်ခိုက်မှု ရဲ ၆ဦးသေ

ဒုတိယအကြိမ်တိုက်တိုင်းအောင်စစ်ဆင်ရေးအဖြစ် မကွေးတိုင်း၊စလင်းမြို့ပေါ် ကင်းလှည့်နေတဲ့ အကြမ်းဖက်ရဲတွေကို တင့်ဖျက်မိုင်းအကြီး၂လုံးနဲ့ တိုက်ခိုက်ခဲ့ရာ ရဲ၆ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ မေလ ၁ ရက်၊ ည ၉ နာရီ ၅၅ မိနစ်လောက်က ဆိုင်ကယ် ၅ စီးနဲ့ ရဲ၉ဦးပါ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မတ္တရာ၊ Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်းဂိတ် တိုက်ခိုက်ခံရ၊ သေဆုံးထိခိုက်များနိုင်

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အတွင်းရှိ Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်း ကွန်ကရစ်လမ်းထိပ် စစ်ဆေးရေးဂိတ်ကို ပ.က.ဖ(မတ္တရာ)က ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ သေဆုံးထိခိုက်များနိုင်ကြောင်း သိရပါတယ်။ ဒီနေ့မနက်၂နာရီမိနစ်၂၀ကျော်က မတ္တရာမြို့နယ် ၊ဝသုန္ဒရကျေးရွာ အနီး မန်း-မိုးကုတ်လမ်းမကြီး ပေါ်ရှိ Alpha ဘိလပ်မြေစက်ရုံ အဝင်လမ်းစစ်ဆေးရေးဂိတ်ကို ပ.က.ဖ(မတ္တရာ)က [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာနိုင်ငံ ပဋိပက္ခတွေ ပြေလည်စေရေး ဗီယက်နမ်-ဂျပန် ပူးပေါင်းလုပ်ဆောင်မယ်

မြန်မာနိုင်ငံ ပဋိပက္ခတွေ ပြေလည်စေဖို့အတွက် ဗီယက်နမ်နဲ့ ဂျပန် အတူပူးပေါင်း လုပ်ဆောင်သွားမယ်လို့ ဂျပန်ဝန်ကြီးချုပ် Fumio Kishida ကပြောပါတယ်။ ဂျပန်ဝန်ကြီးချုပ်ရဲ့ ၃ ရက်ကြာ ဗီယက်နမ်ခရီးစဉ်အတွင်း မေ၁ရက်နေ့က အဲဒီလို ပြောခဲ့ကြောင်း VOA ကဖော်ပြပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ပခုက္ကူ-ဆိပ်ဖြူကားလမ်းမအနီး စစ်ကား မိုင်းဆွဲခံရပြီး ၁၀ဦးသေ

မကွေးတိုင်းအတွင်းရှိ တန့်ကြည်တောင်ဘုရားဘက်ကနေ ပခုက္ကူ-ဆိပ်ဖြူကားလမ်းမကြီးပေါ် ကူးသန်းသွားလာရတဲ့လမ်းပိုင်းပေါ် လှည့်လည်နေတဲ့ အကြမ်းဖက်စစ်ကားနှစ်စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ် သား၁၀ဦးသေဆုံးခဲ့ကြောင်းသိရပါတယ်။ မေလ၁ရက်နေ့ မနက်၁၀နာရီလောက်က မုံတောင်လမ်းပိုင်းပေါ်ရှိ မုံတောင်အန္တရာယ်ကွေ့မှာ မြစ်ခြေ-ကျွန်း ချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MC-KC DF)က မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကားတစ်စီးထိခိုက် ပျက်စီးခဲ့တယ်လို့ မြစ်ခြေ-ကျွန်းချောင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကထုတ်ပြန်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြံ့ဖွံ့အမတ်လောင်း သွေးသောက်အဖွဲ့ခေါင်းဆောင်ဆိုသူတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ သန်လျင်မြို့မှာ ကြံ့ဖွံ့ပါတီ အမတ်လောင်းတစ်ဦးဖြစ်ပြီး သွေးသောက်အဖွဲ့ရဲ့ ခေါင်းဆောင်ဆိုသူ ဦးရန်နိုင်ရွှေကို သန်လျင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပကဖက ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ သတင်းထုတ်ပြန်လာခဲ့ပါတယ်။ ဒီကနေ့ မေလ ၁ရက်နေ့ ညနေ ၆နာရီလောက်က ဆံပင်ညှပ်ဆိုင်တစ်ခုအတွင်း ဆံပင်ညှပ်နေတဲ့ ဦးရန်နိုင်ရွှေကို သန်လျင်ပကဖက [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒလမြို့နယ်မှာ စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ရမ်းကားနေသူဆိုတဲ့ အမျိုးသားတစ်ဦး ရှင်းလင်းခံရ

ရန်ကုန်မြို့ ဒလမြို့နယ်မှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပူးပေါင်းပြီး ရမ်းကားနေသူဆိုတဲ့ အမျိုးသားတစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး သေဆုံးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီကနေ့ မေလ ၁ရက်နေ့ ည ၇နာရီလောက်က လူမိုက်ကရင်ဆိုသူကို ဒလ တွံတေးကားလမ်း ကျန်းမာရေးဝန်ထမ်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဧပြီလအတွင်း စစ်တပ်မီးရှို့လို့ ပျက်စီးသွားတဲ့ပြည်သူ့နေအိမ် ၃၅၀၀ကျော်ရှိ

၂၀၂၂ဧပြီလအတွင်း အကြမ်းဖက်စစ်တပ်မီးရှို့လို့ ပျက်စီးသွားတဲ့လူနေအိမ်၃၅၀၀ကျော်ရှိခဲ့ပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ၂၀၂၁ခုနှစ်မေလကစတင်ကာ ပြည်သူတွေရဲ့နေအိမ်တွေကို မီးရှို့ခဲ့ရာ တစ်နှစ် မြောက်ဖြစ်တဲ့ ၂၀၂၂ဧပြီလဟာ မီးရှို့ခံရတဲ့အိမ် ၃၅၁၄လုံးနဲ့ တစ်နှစ်တာအတွင်း မီးရှို့ခံရတဲ့လူနေအိမ် အများဆုံးဖြစ်ခဲ့ကြောင်း Data for Myanmar ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ စစ်အာဏာသိမ်းခဲ့တဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေဘို၊ ကျားရွာက အိမ်ခြေ ၃၀၀ နီးပါးကို အကြမ်းဖက်စစ်တပ် မီးရှို့ဖျက်ဆီး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ကျားရွာ-တောင်ရွာ တစ်ရွာလုံးနီးပါး မီးရှို့ဖျက်ဆီးခံလိုက်ရပြီလို့ သိရပါတယ်။ အိမ်ခြေ ၃၀၀ လောက်ရှိတဲ့ ကျားရွာ- တောင်ရွာကို ဧပြီ ၂၉ ရက်နေ့ကနေစပြီး မေလ ၁ ရက်နေ့ မနက်အထိ အကြမ်းဖက် စစ်တပ်နဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မနေ့က ဒေါငံခါးကျေးရွာ တိုက်ပွဲအတွင်း စစ်အုပ်စု ၃ ဦးသေ

ကယားပြည်နယ် (ကရင်နီ) ဒီးမော့ဆိုမြို့နယ် ဒေါငံခါးကျေးရွာမှာ အကြမ်းဖက်စစ်အုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်အုပ်စုက ၃ ဦးသေဆုံးကာ ၅ ဦးခန့် ဒဏ်ရာရရှိသွားတယ်လို့ ဒီးမော့ဆို PDF က သတင်းထုတ်ပြန်လိုက်ပါတယ်။ မနေ့က ဧပြီလ ၃၀ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ငါးဆင်းရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စု အတိုက်ခံရပြီး သေဆုံးသူရှိ

မကွေးတိုင်း ထီးလင်းမြို့နယ် အုန်းထွဲကျေးရွာကနေ ငါးဆင်းရွာကို ဒရုန်းနဲ့ ကင်းထောက်ပြီး လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ် စစ်ကြောင်းထိုးလာတဲ့ စစ်အုပ်စုကို ထီးလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF-HTILIN က ဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့ PDF-HTILIN က သတင်းထုတ်ပြန်လာခဲ့ပါတယ်။ မနေ့က ဧပြီလ [ဆက်လက်ဖတ်ရှုရန်]