ဖောက်ခွဲရေးပစ္စည်း ၂၀၀ကျော်ကို ရှာဖွေခဲ့တဲ့ ယူကရိန်းမိုင်းရှာခွေးလေး ဆုချီးမြင့်ခံရ May 10, 2022 ဒေသအလိုက် သတင်းကဏ္ဍ ရုရှားကျူးကျော်မှုနောက်ပိုင်း ယူကရိန်းမှာ မိုင်းရှာခွေးတွေရဲ့ သီးသန့်တာဝန်ထမ်းဆောင်တာကို အသိအမှတ်ပြုဖို့အတွက် ယူကရိန်း သမ္မတဇလန်းစကီးဟာ နာမည်ကျော် မိုင်းရှာခွေး Patron နဲ့ သူ့ရဲ့ပိုင်ရှင်ကို မေ ၈ ရက်မှာ ဆုတံဆိပ်ချီးမြင့်ခဲ့ပါတယ်။ Jack Russell ခွေးအမျိုးအစားဖြစ်တဲ့ Patron ဟာ ဖေဖော်ဝါရီ ၂၄ ရက် စစ်ပွဲစတင်ကတည်းက ဖောက်ခွဲရေးပစ္စည်း ၂၀၀ ကျော်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ပေါက်ကွဲမှုကို တားဆီးနိုင်ခဲ့ကြောင့် အခုလို အသိအမှတ်ပြုခံခဲ့ရာပါ။ ကနေဒါဝန်ကြီးချုပ် Justin Trudeau နဲ့ ကိယက်ဗ် မြို့မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သမ္မတ ဇေလန်းစကီးက Patron ကို ဆုချီးမြင့်ခဲ့တာပါ။ “ဒီနေ့၊ ကျနော်တို့မိုင်းတွင်းတွေကို ရှင်းလင်းဖယ်ရှားပေးတဲ့ ယူကရိန်းသူရဲကောင်းတွေကို ဆုချီးမြှင့်ချင်ပါတယ်။ ပြီးတော့ အကူအညီပေးတတ်တဲ့ အံ့ဖွယ်ခွေးလေး Patron ဟာ ကျနော်တို့ရဲ့ သူရဲကောင်းတွေနဲ့အတူ မိုင်းအန္တရာယ်ရှိတဲ့ ဒေသတွေမှာ ပေါက်ကွဲပစ္စည်းတွေကို ချေဖျက်ပေးရုံသာမကဘဲ ကျွန်တော်တို့ရဲ့ ကလေးတွေကို လိုအပ်တဲ့ ဘေးကင်းရေး စည်းကမ်းတွေကိုလည်း သင်ကြားပေးသွားမှာဖြစ်ပါတယ်’’လို့ ဇလန်းစကီးက အခမ်းအနားအပြီးမှာ ပြောခဲ့ပါတယ်။ ဆုကိုတော့ အရပ်ဘက်ကာကွယ်ရေးဌာနရဲ့ ဗိုလ်မှူးတဦးဖြစ်တဲ့ Patron ရဲ့ ပိုင်ရှင် Myhailo Iliev ကို ပေးအပ်ခဲ့ပါတယ်။ ယူကရိန်းရုရှား
နိုင်ငံတကာရေးရာ ယူကရိန်းကို တင့်ကားတွေ ပေးပို့ဖို့ အမေရိကန်နဲ့ ဂျာမနီ စတင်ပြင်ဆင် January 25, 2023 နိုင်ငံတကာရေးရာ ယူကရိန်းအတွက် ပင်မ တိုက်ပွဲဝင် တင့်ကားကြီးတွေ ပေးပို့သွားဖို့ အစဉ်တစိုက် ငြင်းဆန်နေတဲ့ ခေါင်းမာမှုကို အမေရိကန်ရော၊ ဂျာမနီပါ စွန့်လွှတ်တော့မယ်လို့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒီ အနောက်နိုင်ငံ နှစ်ခုက သတင်းတွေရဲ့ အဆိုအရ အမေရိကန် သမ္မတ [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံတကာရေးရာ ဆန္ဒအလျောက် စစ်မှုထမ်းသူတွေကို လက်မှတ်ထိုးကြေး နှစ်ဆတိုးပေးတဲ့ ဥပဒေကို ပူတင် လက်မှတ်ရေးထိုး August 1, 2024 နိုင်ငံတကာရေးရာ ဩဂုတ် ၊ ၁ ဆန္ဒအလျောက် စစ်မှုထမ်းသူတွေကို လက်မှတ်ထိုးကြေး နှစ်ဆတိုးပေးမယ့် ဥပဒေကို ရုရှားသမ္မတ ဗလာဒီမာ ပူတင်က လက်မှတ်ရေးထိုး အတည်ပြုပေးလိုက်ပါတယ်။ ဇူလိုင် ၃၁ ရက်နေ့မှာ ပူတင် လက်မှတ်ထိုးပေးလိုက်တဲ့ ဥပဒေဟာ ယူကရိန်း [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံတကာရေးရာ စစ်ပွဲရပ်ဆိုင်းရေး ဆွေးနွေးဖို့ ရုရှားဖက်က အသင့်ရှိနေတယ်လို့ ပူတင်ပြော December 26, 2022 နိုင်ငံတကာရေးရာ စစ်ပွဲကို ရပ်ဆိုင်းရေး ဆွေးနွေးဖို့ ရုရှားက အသင့်ရှိပေမယ့် ယူကရိန်းရယ်၊ နောက်ကွယ်က အားပေး ထောက်ခံနေတဲ့ အနောက်နိုင်ငံတွေရယ်ကသာ သဘောထား တင်းမာနေတာ ဖြစ်တယ်လို့ ရုရှား သမ္မတ ဗလာဒီမာ ပူတင်က ပြောကြားလိုက်ပါတယ်။ အမေရိကန် [ဆက်လက်ဖတ်ရှုရန်]