ဒေသအလိုက် သတင်းကဏ္ဍ

စုန်ဆင်းလာတဲ့ စစ်သင်္ဘောတစ်စီး တိုက်ခိုက်ခံရ၊ ဆလင်ခန်းထိမှန်

ကချင်ပြည်နယ်၊ရွှေကူမြို့ကနေ စုန်ဆင်းလာတဲ့ အကြမ်းဖက်စစ်သင်္ဘောသုံးစီးကို မြို့လှ KPDF တပ်က လမ်းခုလတ် မြစ်ကမ်းတနေရာက စောင့်ကြိုတိုက်ခိုက်ခဲ့ရာ သင်္ဘောတစ်စီးရဲ့ ဆလင်ခန်း ထိမှန်ခဲ့ ကြောင်းသိရပါတယ်။ H-22 လက်လုပ်ရှေ့ပြေးမိုင်း ၄ လုံး၊ Gun ငယ်အပါအဝင် လက်ထောက်သီး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

YRPAစခန်းတစ်ခုကို စစ်တပ်ဝင်စီး၊ ကြိုတင်စီမံထားတဲ့ မိုင်းတွေပေါက်ကွဲ

ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF (YRPA)၏ တပ်ရင်း (၁) ၊ တပ်ခွဲ (၂)စခန်းထဲ ဝင်ရောက်စီး နင်းတဲ့စစ်တပ်ကို ကြိုတင်စီမံထားတဲ့ မိုင်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ ဇွန်လ (၄)ရက်နေ့ နံနက်ပိုင်းက ဂန့်ဂေါမြို့ဘက် ဦးတည်လာတဲ့ စစ်တပ်ယာဉ်တန်းရဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်မှုကို အံတုနေတဲ့ မြန်မာတွေအပေါ်လေးစားစွာနဲ့ ပြင်သစ်ဆက်လက် ထောက်ခံမယ်

တရားမ၀င် စစ်အုပ်စုရဲ့ အကြမ်းဖက်ဝါဒကို သတ္တိရှိရှိရင်ဆိုင်နေတဲ့ မြန်မာနိုင်ငံသားတွေကို ပြင်သစ်အနေနဲ့ လေးစားစွာနဲ့ ဆက်လက် ထောက်ခံသွားမယ်လို့ ဆိုပါတယ်။ ကိုဂျင်မီလို့ လူသိများတဲ့စာရေးဆရာ ကျော်မင်းယု၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဖြိုးဇေယျာသော်တို့ အပါအဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေကူကနေ စစ်သင်္ဘော၃စီး စတင်စုန်ဆင်း၊မြစ်ကမ်းဘေးရွာတွေကို ပစ်ခတ်နိုင်

ကချင်ပြည်နယ်၊ရွှေကူမြို့ကနေ စစ်သင်္ဘော၃စီး စတင်စုန်ဆင်းလာပြီမို့ မြစ်ကမ်းဘေးရွာတွေကို ပစ်ခတ် နိုင်တာကြောင့် သတိရှိကြဖို့ မြို့လှPDF က သတင်းထုတ်ပြန်ပါတယ်။ စစ်သင်္ဘောသုံးစီးဟာ ဒီ‌ေန့မနက်၆နာရီ၃၅မိနစ်လောက်က ရွှေကူမြို့ဆိပ်ကမ်းကနေ ပရိဘောဂနဲ့တခြားပ စ္စည်းတွေတင်ဆောင်ကာ စတင်စုန်ဆင်းလာခြင်းဖြစ်ပါတယ်။ ‘PDFတွေက စစ်သင်္ဘော တွေကို တိုက်ခိုက်တယ်ဆိုတာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

လက်နက်ကြီးကျည်ကျပြီး မြစ်သာဆည်တမံ အက်သွားတယ်လို့ သတင်းထွက်ပေါ်

မကွေးတိုင်း၊ ဂန့်ဂေါမြို့ တောင်ဘက်မှာရှိတဲ့ လယ်မရွာဘက်မှာ အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးနေပြီး လက်နက်ကြီးနဲ့လည်း အဆက်မပြတ် ပစ်ခတ်နေတဲ့အတွက် မြစ်သာဆည်တမံ အက်သွားတယ်လို့ သတင်းထွက်ပေါ်နေကြောင်း ဂန့်ဂေါမြို့ခံတဦးက DNA ကို ပြောပါတယ်။ ရွာကလူတွေက တောထဲမှာ ပုန်းနေရတယ်၊ ဖုန်းလိုင်းတွေလည်း [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဝီယော်စစ်တပ်စခန်းကို KNLA ပူးပေါင်းအဖွဲ့တိုက်ခိုက်

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ သိမ်ဆိပ်တိုက်နယ်ရှိ ဝီယော်စစ်တပ်စခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်ဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ရာ စစ်သားတွေ သေဆုံးမှုများတယ်လို့ သိရပါတယ်။ KNLA တပ်မဟာ (၁) တပ်ရင်း (၂)၊ တပ်မဟာ (၁) PDF [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကျက်ထိုးရဲကင်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်းအစုံအလင်နဲ့ အလင်းဝင်

မကွေးတိုင်း၊ ကမ္မမြို့နယ်၊ ကျက်ထိုးနယ်မြေ ရဲကင်းစခန်းက ရဲတပ်သားတစ်ဦး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ CDM ဝင်ရောက်လာတယ်လို့ မြိုင်မြို့နယ် ကျေးရွာများ တော်လှန်ရေး တပ်ဦး – MVRF ထံ CDM ဝင်ရောက်လာတယ်လို့ သိရပါတယ်။ ကျက်ထိုး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

စစ်တပ်ပြောတဲ့ သေဒဏ် လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ ကုလဝေဖန်

ဒီမိုကရေစီရေးလှုပ်ရှားသူ ၂ ဦးကို အကြမ်းဖက်စစ်တပ်ရဲ့ ကွပ်မျက်မယ့်အစီအစဉ်ဟာ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လိုက်တာလို့ ကုလအတွင်းရေးမှူးချုပ်ပြောခွင့်ရ Stephane Dujarric က ပြောကြားလိုက်ပါတယ်။ ဇွန် ၃ ရက်နေ့၊ ကုလရုံးချုပ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အဲဒီလိုဝေဖန်လိုက်ပြီး သေဒဏ်အပြစ်ပေး [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကနီမြို့အောက်ဘက် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းရွာတွေကို အကြမ်းဖက်တပ် စစ်ကြောင်းထိုး

စစ်ကိုင်းတိုင်း၊ ကနီမြို့အောက်ဘက် ချင်းတွင်းမြစ် အနောက်ဘက်ကမ်းဘေးရွာတွေကို အကြမ်းဖက်စစ်တပ်က ဒီကနေ့ စစ်ကြောင်းထိုးနေတယ်လို့ သိရပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ ကနီမြို့နယ်ထဲက ဖုန်းလိုင်းအားလုံးကို ဖြတ်တောက်ထားပြီး ဒီနေ့မနက် ၈ နာရီ လောက်က ကနီမြို့ ချင်းတွင်းမြစ်ဆိပ်ကမ်းမှာ ရပ်ထားသော အကြမ်းဖက်စစ်တပ် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရွှေကူမှာ အကြမ်းဖက်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်၊စစ်သားတွေ သေဆုံးနိုင်

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း အကြမ်းဖက်စစ်ကြောင်းကို စောင့်ကြိုတိုက်ခိုက်ခဲ့ရာ စစ်သားတွေ သေဆုံးမှုရှိတယ်လို့ သိရပါတယ်။ ဇွန် ၃ ရက်နေ့ ညနေ ၃ နာရီခွဲလောက်က ရွှေကူမြို့နယ်အတွင်း သင်္ဘောလုံခြုံရေးယူဖို့ မိုးစစ်ရွာကနေ ဆင်တပ်ရွာဘက် စစ်သား ၄၀ လောက်နဲ့ [ဆက်လက်ဖတ်ရှုရန်]