ကျိုက်ထိုမှာ စစ်ကား ၄ စီး မိုင်းဆွဲတိုက်ခိုက်ခံရ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ တညင်ချောင်းရွာ အဝင်လမ်းအနီးမှာ စစ်ကား ၄ စီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) က ထုတ်ပြန်ပါတယ်။
ဒီနေ့မနက် ၉ နာရီ ၅၀ လောက်မှာ ကျိုက်ထိုကနေ ဘီးလင်းဘက် ထွက်ခွာလာတဲ့ စစ်ကား ၄ စီးကို KRF၊ ကျိုက်ထိုပကဖနဲ့ KNLA ပူးပေါင်းအဖွဲ့က မိုင်းဆွဲပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိခိုက်သေဆုံး စာရင်းအတိအကျကို မသိရသေးဘူးလို့ KRF က ထုတ်ပြန်ပါတယ်။
ပူးပေါင်းအဖွဲ့ရဲဘော်တွေ အထိအခိုက်မရှိ ဆုတ်ခွာလာနိုင်ခဲ့တယ်လို့လည်းသိရပါတယ်။
KRF အနေနဲ့ ပြည်သူတွေ ထိခိုက်နစ်နာစေမယ့် ဖောက်ခွဲပစ်ခတ်မှုမျိုး လုံးဝပြုလုပ်မှာမဟုတ်ဘူးလို့လည်း ဆိုပါတယ်။