ဒဂုံမြို့သစ်တောင်ပိုင်း ၊ ၁၀၆ ရပ်ကွက်စာရေး သေနတ်ပစ်ခံရ

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ၁၀၆ ရပ်ကွက်က၊ ရပ်ကွက်ရုံးစာရေးကို ဒီနေ့မနက် ၈ နာရီလောက်မှာ ကေတုမတီဈေးလမ်းပေါ်က၊ ရပ်ကွက်အုပ်ချုပ်ရေးရုံးအနီးရှိ လက်ဖက်ရည်ဆိုင်မှာထိုင်နေချိန် အမည်မသိ လူတစုက သေနတ်နဲ့ ပစ်သွားတယ်လို့ ဒေသခံတဦးက DNA ကိုပြောပါတယ်။
“မနက် ၈နာရီလောက်က အပစ်ခံရတာ။ ရုံးစာရေး ဦးမောင်မောင်ပါ။သူကဆိုးတယ်။ဧည့်စာရင်းတို့၊ထောက်ခံစာတို့ သွားလုပ်ရင်လည်း ဘာလဲ။ညာလဲနဲ့ရစ်တာတွေ။သူစိတ်မထင်ရင် ဆဲတာမျိုးတော့ရှိတယ်။””လို့ ဒေသခံပြည်သူတစ်ဦးကပြောပါတယ်။
သေနတ်နဲ့ပစ်ခတ်ခံခဲ့ရတဲ့ ရပ်ကွက်ရုံးစာရေး ဦးမာင်မောင်ကို လက်ရှိမှာတော့ ဆေးရုံကိုတင်ပို့လိုက်ကြောင်းနဲ့ ရရှိဒဏ်ရာတွေကြောင့် သေဆုံးခြင်းရှိ၊မရှိကိုတော့ မသိရသေးပါဘူး။
“အရေးပေါ်ကားနဲ့တော့ တင်သွားတယ်။ပစ်တာ သုံး၊လေးချက်လောက်ရှိတယ်။သေတယ်။မသေဘူးတော့ မသိသေးဘူး။”ဟု ၁၀၆ ရပ်ကွက်ရဲ့ ဒေသခံတစ်ဦးက DNA ကို ပြောပါတယ်။
ပစ်ခတ်မှု ဖြစ်စဥ်ဖြစ်ပွားပြီးနောက်မှာတော့ အကြမ်းဖက်စစ်တပ်က ရောက်ရှိလာပြီး အခင်းဖြစ်လက်ဖက်ရည်ဆိုင်နဲ့အနီးဝန်းကျင်းကို မေးမြန်းစစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် ပစ်ခတ်သူတွေထွက်ခွာရာ သွားလာရေးလမ်းကြောင်းတွေကို ပိတ်ဆို့စစ်ဆေးတာတွေ လုပ်ဆောင်နေတယ်လို့လည်း ဒေသခံတွေထံက သိရပါတယ်။