ငပုတော မြစ်တရာသစ်တောကြိုးဝိုင်းထဲမှာ တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ

ငပုတော မြစ်တရာသစ်တောကြိုးဝိုင်းထဲမှာ တောဆင်ရိုင်းတစ်ကောင် သေဆုံးလျက်တွေ့ရှိ

၎ ၊ မတ် ၊ ၂၀၂၀။ ပုသိမ်ခရိုင် ငပုတောမြို့နယ်ထဲက မြစ်တရာသစ်တောကြိုးဝိုင်း အတွင်းမှာ မတ်လ(၄)ရက်နေ့လည်ပိုင်းက တောဆင်ရိုင်း တစ်ကောင်သေဆုံးနေတာကို တွေ့ရှိရတယ်လို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့ဆီကနေ သိရပါတယ်။ ရဲတပ်ဖွဲ့နဲ့ သစ်တောဦးစီးဌာနတာဝန်ရှိသူတွေ ပါဝင်တဲ့ တောဆင်ရိုင်း ထိန်းသိမ်းကာကွယ်ရေးအဖွဲ့က ကင်းလှည့် ဆောင်ရွက်ချိန် မြစ်တရာသစ်တောကြိုးဝိုင်းအကွက်အမှတ်(၂၈၈)မှာ တောဆင်ရိုင်းအထီးတစ်ကောင်သေဆုံးနေတာကိုတွေ့ရှိခဲ့တာပါ။ “လက်ရှိစစ်ဆေးမှုအရတော့ လွန်ခဲ့တဲ့တပတ်က အဆိပ်ရှိတဲ့အကောင် အကိုက်ခံရလို့ သေဆုံးတယ်လို့ သိရပါတယ်။ ပြင်ပဒဏ်ရာ တော့မတွေ့ပါဘူး။ အသက်(၃၈)နှစ်လောက်ရှိတဲ့ဟိုင်းဆင်ပါ ” လို့…

Read More

ကန်ကြီးထောင့်ဟွာမှုန်စက်ရုံ ယာယီပိတ်သိမ်းမှုအပေါ် အလုပ်သမားတွေရဲ့ စိုးရိမ်မှုက ဘာတွေလဲ

၃ ၊ မတ် ၊ ၂၀၂၀ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ယာယီပိတ်သိမ်းလိုက်တဲ့ ကန်ကြီးထောင့် ဟွာမှုန်စက်ရုံက အလုပ်သမားခေါင်းဆောင်၅ဦးဟာ ဒီနေ့မှာ ပုသိမ်မြို့ တိုင်းအစိုးရအဖွဲ့နဲ့ လာရောက်တွေ့ဆုံခဲ့ပါတယ်။ စက်ရုံက ယာယီပိတ်လိုက်ပေမယ့် ဝန်ထမ်းကဒ်နဲ့ဝတ်စုံတွေ ပြန်လည်အပ်နှံခိုင်းခဲ့တာကြောင့် တကယ်လို့စက်ရုံ ပြန်ဖွင့်ရင် အလုပ်ပြန်မရကို စိုးရိမ်မှုတွေရှိနေပြီး အရင်ကဖြစ်ပွားခဲ့တဲ့ စက်ရုံသပိတ်မှောက်မှူမှာ ပါဝင်သူတွေကိုအလုပ်ထုတ်လိုက်တာလို့ အလုပ်သမား ခေါင်းဆောင်တွေကယုံကြည်နေကြတာပါ။ ဒီကနေ့မှာတော့ လူဝင်မူကြီးကြပ်ရေးနဲ့ လူစွမ်းအားအရင်းမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းနဲ့ တွေ့ဆုံခဲ့ကြပြီး လာမယ့် မတ်လ၅ရက်နေ့မှာ အစိုးရ…

Read More
ဧရာဝတီတိုင်း တောင်သူလယ်သမားနေ့အခမ်းအနားမှာ သိမ်းဆည်းခံမြေယာတွေ ပြန်လည်ပေးအပ်

ဧရာဝတီတိုင်း တောင်သူလယ်သမားနေ့အခမ်းအနားမှာ သိမ်းဆည်းခံမြေယာတွေ ပြန်လည်ပေးအပ်

၂ ၊ မတ် ၊ ၂၀၂၀ မတ်လ ၂ရက်နေ့မှာ ကျရောက်တဲ့ တောင်သူလယ်သမားနေ့အခမ်းအနားကို ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ်က ဝါးဒူးကျေးရွာမှာ ကျင်းပခဲ့ပါတယ်။ အဲဒီအခမ်းအနားမှာတော့ ဧရာဝတီတိုင်းက သိမ်းဆည်းခံမြေယာ (၂,၉၆၅) ဧကကို မူလလယ်သမားတွေဆီကို ပြန်လည်ပေးအပ်ခဲ့ ပါတယ်။ ဧရာဝတီတိုင်းလယ်ယာမြေနဲ့ တခြားမြေတွေ သိမ်းဆည်းခံရမူများ ပြန်လည်စိစစ်ရေးကော်မတီ အထူးအဖွဲ့ကနေ ဥပဒေနဲ့အညီ စစ်ဆေးပြီး ဓနုဖြူ ၊ မအူပင် ၊ ရေကြည်နဲ့ ကျောင်းကုန်းမြို့နယ်တွေက တောင်သူလယ်သမား(၆၃၉)ဦးရဲ့မြေတွေကိုပြန်လည်ပေးအပ်ခဲ့တာပါ။…

Read More

ကလေးလုပ်သားကို ဓါတ်ဆီလောင်းမီးရှို့တဲ့ ဆိုင်ရှင်ကို စတင်တရားဆွဲပြီ

၂၄ ၊ ဖေဖော်ဝါရီ ၊ ၂၀၂၀ အသက် ၁၃ နှစ်အရွယ်ဆိုင်လုပ်သား ကလေးတစ်ဦးကို ဒီဇယ်လောင်းမီးရှို့ခဲ့သူကို လပွတ္တာမြို့မ ရဲစခန်းမှာ တိုင်းဒေသကြီး ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ကော်မတီက တရားလိုလုပ်ပြီး အမှုဖွင့်လိုက်​ပါပြီ။ လပွတ္တာမြို့၊အမှတ် ၁ ရပ်ကွက်၊ စည်ပင်သာယာလမ်းမှာ ဖွင့်လှစ်ထားတဲ့တုနှိုင်းမမှီ ထမင်းနှင့် ရခိုင်မုန့်တီဆိုင်မှာ မိခင်ဖြစ်သူနှင့်အတူ ဆိုင်လုပ်သားအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ အသက် ၁၃ နှစ်အရွယ် မောင်ဖိုးစနေကို ဖေဖော်ဝါရီ ၁၉ ရက် ည…

Read More
ရဲတပ်ကြပ်သေနတ်က မတော်တဆ ကျည်ထွက်ပြီး ပြည်သူတစ်ဦးသေဆုံး

ရဲတပ်ကြပ်သေနတ်က မတော်တဆ ကျည်ထွက်ပြီး ပြည်သူတစ်ဦးသေဆုံး

၃၀ စက်တင်ဘာ ၂၀၁၉ ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့နယ် ရွှေသောင်ယံ ကမ်းခြေမြို့ မကျီးဇင်ကျေးအုပ်စု ပေါက်လှဂျိုင် ကျေးရွာပင်လယ်ကမ်းခြေမှာ လုံခြုံရေး ပူးပေါင်းဆောင်ရွက်နေတဲ့ တပ်မတော်တပ်ကြပ်တစ်ဦးရဲ့ သေနတ်က မတော်တဆကျည်ထွက်လို့ ကျေးရွာရာအိမ်မှူး တစ်ယောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။ စက်တင်ဘာ ၂၉ ရက်နေ့ ည ၁၁ နာရီအချိန်က စစ်တပ် /ရဲ/ကျေးရွာအုပ်ချုပ်ရေးပူးပေါင်းအဖွဲ့ဟာ ကမ်းခြေလုံခြုံရေး ပူးပေါင်းလုပ်ဆောင်ခဲ့ကြပါတယ်။ အဲဒီအချိန်မှာပဲ ပူးပေါင်းအဖွဲ့မှာပါတဲ့ ခလရ ၅၁ မှ တပ်ကြပ်မြင့်ဦး ကိုင်ဆောင်ထားတဲ့…

Read More
ငရုတ်ကောင်းမြို့မှာ ခိုးဝင်ဘင်္ဂါလီ အယောက် (၃၀) ဖမ်းမိ

ငရုတ်ကောင်းမြို့မှာ ခိုးဝင်ဘင်္ဂါလီ အယောက် (၃၀) ဖမ်းမိ

၂၇ ၊ စက်တင်ဘာ ၊ ၂၀၁၉ ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ် ငရုတ်ကောင်းမြို့မှာ ယမန်နေ့ည ၉နာရီခန့်က ခိုးဝင် ဘင်္ဂါလီအယောက် (၃၀)ကို ဖမ်းမိခဲ့တယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ဆီ ကနေသိရပါတယ်။ ခိုးဝင်ဘင်္ဂါလီတွေကို သယ်ဆောင်လာတယ်ဆိုတဲ့ သတင်းအရ ပူးပေါင်းအဖွဲ့ဟာ ငရုတ်ကောင်းမြို့၊ ငရုတ်ကောင်းတောင်ကားလမ်း မိုင်တိုင်အမှတ် ၁၆/၁ နားမှာ ကားတွေ ဆိုင်ကယ်တွေကိုရပ်တန့် စစ်ဆေးခဲ့ပါတယ်။ အဲဒီအချိန်မှာပဲ YGN-7D/6809 ပါဂျယ်ရိုးကားကို မသင်္ကာလို့ ရပ်တန့်စစ်ဆေးရာမှာတော့ ယာဉ်မောင်းဟာ…

Read More
မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း တောရိုင်းဆင်တစ်ကောင် သတ်ဖြတ်ခံရ

မြစ်တစ်ရာသစ်တောကြိုးဝိုင်းအတွင်း တောရိုင်းဆင်တစ်ကောင် သတ်ဖြတ်ခံရ

၁၁ ၊ စက်တင်ဘာ ၊ ၂၀၁၉ ။ စက်တင်ဘာလ ၁၀ ရက်နေ့က ဧရာဝတီတိုင်းဒေသကြီး ငပုတောမြို့နယ်ထဲက မြစ်တစ်ရာသစ်တောကြိုးဝိုင်းထဲမှာ တောဆင်ရိုင်းတစ်ကောင် သတ်ဖြတ်ခံခဲ့ရတယ်လို့ တင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှုး ဦးကျော်မြင့်ထွန်းက အတည်ပြုခဲ့ပါတယ် ။ ဆင်ရဲ့ အရေခွံတစ်ခြမ်းသားကို ခွာယူထားပြီး ၊ လည်ပင်းမှာလည်း ဖြတ်ရှဒဏ်ရာတွေ တွေ့ရတယ်၊ ဆရာဝန်ရဲ့ စစ်ဆေးချက်အရ လွန်ခဲ့တဲ့ ၂ ရက်လောက်က အသတ်ခံရတာ ဖြစ်တယ်လို့ ဦးကျော်မြင့်ထွန်းက ပြောခဲ့တာပါ။ မြစ်တစ်ရာသစ်တောကြိုးဝိုင်း…

Read More

နိင်ငံတော်အတိုင်ပင်ခံ ဒေါ် အောင်ဆန်းစုကြည် ပုသိမ်မြို့ မြို့ တော်ခန်းမမှာ ဧပြီလ (၁)ရက်နေ့ လူထုတွေ့ဆုံပွဲအတွက်ကြိုတင် ပြင်ဆင်မှု မြင်ကွင်း

နိင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ပုသိမ်မြို့ မြို့ တော်ခန်းမမှာ ဧပြီလ (၁)ရက်နေ့ လူထုတွေ့ဆုံပွဲ အတွက် ကြိုတင် ပြင်ဆင်မှု မြင်ကွင်း ဓာတ်ပုံသတင်း

Read More
လူသတ်မှု နှင့် မူးယစ်ဆေးဝါးမိတာ တနေ့ထဲဖြစ်ခဲ့တဲ့ မြောင်းမြထောင်

လူသတ်မှု နှင့် မူးယစ်ဆေးဝါးမိတာ တနေ့ထဲဖြစ်ခဲ့တဲ့ မြောင်းမြထောင်

၁၇/မတ်လ/၂၀၁၉ မတ်လ ၁၄ ရက်နေ့ညနေပိုင်းမှာ ထောင်သားတစ်ဦးရဲ့ ပုဆိုးထဲကနေ WY ဆေးပြား တစ်ထောင်ကျော် မိခဲ့ပြီး မကြာခင်မှာပဲ အကျဉ်းသားအချင်းချင်း သတ်မှုလည်း ဖြစ်ပွားခဲ့တာပါ ။မြောင်းမြအကျဉ်းထောင်မှာ ထောင်ဒဏ် ၁၅ နှစ်ကျခံနေရတဲ့ အကျဉ်းသားဘူးကြီး(ခေါ်)ဝင်းလှကို တာဝန်ရှိသူတွေက စစ်ဆေးရာမှာ သူ့ပုဆိုးထဲကကနေ WY ဆေးပြား ၁၀၉၀ ပြား ဖမ်းမိခဲ့ပါတယ် ။ မတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီခန့်မှာ အခုလို…

Read More
၅ နှစ်ကျော်ကြာလာရောက်နေထိုင်သူ နိုင်ငံခြားသားချောင်းသာကမ်းခြေမှာရေနစ်သေဆုံး

၅ နှစ်ကျော်ကြာလာရောက်နေထိုင်သူ နိုင်ငံခြားသားချောင်းသာကမ်းခြေမှာရေနစ်သေဆုံး

၉ ၊ ဖေဖေါ်ဝါရီ ၊ ၂၀၁၉ ။ ဖေဖေါ်ဝါရီလ ၈ ရက်နေ့ကရေနစ်သေဆုံးနေတဲ့ နိုင်ငံခြားသားတစ်ဦးရဲ့ အလောင်းကိုချောင်းသာကမ်းခြေမှာတွေ့ခဲ့ကြရပါတယ် ။ ပျောက်ဆုံးနေတာ ၃ ရက်ကြာပြီဖြစ်တဲ့ ဆလိုဗေးနီးယားနိုင်ငံသားကိုအခုလိုရေနစ်သေဆုံးနေတဲ့ ပုံစံနဲ့ ပြန်လည် ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။ သေဆုံးသူကမစ္စတာဘီဂိုဗစ်ဒရာဂို ဖြစ်ပြီး သူဟာချောင်းသာကမ်းခြေမှာ ၅ နှစ်ကျော်ကြာ လာရောက်နေထိုင်နေသူတစ်ဦးလည်း ဖြစ်ပါတယ် ။ အသက် ၆၅ နှစ်ရှိပြီ ဖြစ်တဲ့ မစ္စတာဘီဂိုဗစ်ဒရာဂိုက အငြိမ်းစားတစ်ဦင်္းဖြစ်ကာ ချောင်းသာကမ်းခြေမှာစကားပြန်အဖြစ်လာရောက်လုပ်ကိုင်…

Read More