ဒေသအလိုက် သတင်းကဏ္ဍ

မြန်မာ့အရေး နိုင်ငံတကာ ကြိုးပမ်းမှုဟာ မလုံလောက်ဘူးလို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ပြော

မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်ပြီး နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ကြိုးပမ်းမှုဟာ လုံလောက်မှု မရှိဘူးလို့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောကြားလိုက်ပါတယ်။ ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမှာ ကျင်းပတဲ့ အကြိမ် ၅၀ မြောက် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

မြောက်ယမား မောင်းပြန်သေနတ် ထုတ်လုပ် တိုက်ပွဲဝင်

စက်ရုံထုတ်နီးပါး အရည်အသွေးကောင်းမွန်တဲ့ မောင်းပြန်ဘောက်ဆွဲသေနတ်ကို ထုတ်လုပ်ပစ်ခတ်နိုင်ခဲ့ပြီ ဖြစ်ကြောင်း မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။ PDF ရဲဘော်တိုင်းအတွက် စက်ရုံထုတ်သေနတ်တွေ မတပ်ဆင်နိုင်သေးချိန်ဖြစ်တာကြောင့် အခုလို တီထွင်ထုတ်လုပ်လိုက်ခြင်းဖြစ်ကြောင်း သိရပါတယ်။ မြောက်ယမား မောင်းပြန်သေနတ်ကို KA(7.62) ကျည်နဲ့ ပစ်လို့ရပါတယ်။ မြောက်ယမား [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ရန်ကုန်မြို့ပြပျောက်ကျားအဖွဲ့ GOD အဆိပ်ငွေ့စစ်ဆင်ရေးအသွင် တော်လှန်လှုပ်ရှားမယ်လို့ ထုတ်ပြန်

ရန်ကုန်အခြေစိုက် မြို့ပြပျောက်ကျားအဖွဲ့တစ်ခုဖြစ်သည့် Gods Of Death အဖွဲ့အနေနဲ့ ရန်ကုန်မြို့ကို ယာယီစွန့်ခွာမှာဖြစ်ပြီး အဆိပ်ငွေ့စစ်ဆင်ရေးအသွင်ဖြင့် အထိုင်မြို့နယ်၊ ဒေသ စွဲမထားဘဲ တော်လှန်ရေး လှုပ်ရှားမှုတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ မနေ့က ဇွန်လ ၂၉ ရက်မှာ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ဒလန်ရှင်းဖို့ စာရင်းထွက်နေတဲ့ကိစ္စ NUG တရားဝင် ငြင်းဆို

အမျိုးသားညီညွှတ်ရေးအစိုးရအဖွဲ့ NUG နဲ့ NLD မထောက်ခံသူတွေကို ဒလန်အဖြစ်သတ်မှတ်ပြီး ရှင်းလင်းသုတ်သင်မယ်ဆိုတဲ့ လူစာရင်းကို ဒီရက်အတွင်း လူမှုကွန်ရက်အသုံးပြုသူတွေကြား ပျံ့နှံ့နေပြီး ဒီလုပ်ရပ်ကို NUG အနေနဲ့ ကန့်ကွက်ကြောင်း ဒီနေ့မှာပဲ ကြေညာချက်အမှတ် ၁၃/၂၀၂၂ နဲ့တရားဝင် ထုတ်ပြန်သွားပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ထီးလင်းနယ်မှာ စစ်ကြောင်းထိုးနေချိန် တိုက်ခိုက်ခံရလို့ စစ်သားတယောက်သေ

ဇွန်လ ၂၉ ရက်နေ့ မနက် ၁၀ နာရီဝန်းကျင်မှာ ထီးလင်းမြို့နယ်၊ တောရောင်းရွာဖက်ကို စစ်ကြောင်းထိုးလာတဲ့ အကြမ်းဖက်စစ်တပ်ကို စောင့်ပြီးတိုက်ခိုက်ခဲ့တဲ့အတွက် စစ်သားတစ်ဦးသေဆုံးခဲ့တယ်လို့ YDF (Shwe Som Nyo) အဖွဲ့က ထုတ်ပြန်ထားပါတယ်။ အကြမ်းဖက်စစ်တပ်ဟာ တောရောင်းရွာနဲ့ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ကြို့ပင်ကောက်မှာ မြန်မာစည်ဘီယာ ရောင်းချတာရပ်ဖို့ PDF သတိပေး

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်အတွင်း စစ်တပ်ထုတ်ကုန် မြန်မာစည်ဘီယာ ရောင်းချခြင်းကို ဇူလိုင် ၇ ရက်နေ့ နောက်ဆုံးထားရပ်ဆိုင်းဖို့ ကြို့ပင်ကောက် PDF က ဒီကနေ့သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။ ကြို့ပင်ကောက်မြို့နယ်အတွင်း မြန်မာစည်ဘီယာ ဂေါက်ထိုင်ကာ ဗြောင်ရောင်းချနေတဲ့ဆိုင်တွေကို စုံစမ်းသိရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

ယင်းမာပင်မှာ လမ်းပြအဖြစ် ဖမ်းခေါ်သွားတဲ့ ဒေသခံတဦးကို အကြမ်းဖက်စစ်တပ်ကသတ်ဖြတ်ထားခဲ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ဖောင်းကာတာကျေးရွာအုပ်စုမှာ အကြမ်းဖက်စစ်တပ်ကဖမ်းဆီးပြီး လမ်းပြအဖြစ်ခေါ်သွားတဲ့ ကျေးရွာသားကို သတ်ဖြတ်ထားခဲ့တယ်လို့ ဒေသခံတွေက DNA ကိုပြောပါတယ်။ ရုပ်အလောင်းကို ဇွန် ၂၉ ရက်က လယ်တီရွာအနောက်ဘက်၊ဆည်တည်ရွာရဲ့မြောက်ဘက်၊ဝမ်ပေါင်စီမံကိန်းရဲ့တောင်ဘက်ဆုံရာမှာ ကျေးရွာသားအချို့ကရှာတွေ့ခဲ့တာလို့ ဒေသခံက ပြောပါတယ်။ ရုပ်အလောင်းကိုတွေ့ရှိစဥ်မှာ ထိကိုင်လို့မရအောင်ပုပ်ပွနေတာကြောင့် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အကြမ်းဖက်ဒဏ်ခံနေရတဲ့ မြန်မာကလေးငယ်တွေကို ကယ်တင်ဖို့ အချိန်နည်းနေပြီလို့ ကုလသတိပေး

မြန်မာစစ်အုပ်စုရဲ့ အကြမ်းဖက်မှုဒဏ်ခံနေရတဲ့ ကလေးငယ်တွေကို ကယ်တင်ဖို့ အချိန်နည်းနေပြီလို့ ကုလသမဂ္ဂ၊ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီက ဇွန် ၂၉ ရက်နေ့မှာ သတိပေးလိုက်ပါတယ်။ စစ်အုပ်စုရဲ့ အကြမ်းဖက်လုပ်ရပ်တွေကို ကလေးငယ်တွေ ဆက်လက် ကုန်းရုန်းခံကြရမယ့်အရေးကနေ ရှောင်လွှဲနိုင်အောင် ကြိုးပမ်းကြဖို့ နိုင်ငံတကာ အသိုင်းအဝန်းကိုလည်း တိုက်တွန်းလိုက်ပါတယ်။ [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

NUCC ဖေ့စ်ဘွတ်ခ်စာမျက်နှာ လွှင့်တင်

အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက် စာမျက်နှာကို ဒီကနေ့ လွှင့်တင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ရဲ့ သတင်းပြန်ကြားရေးနဲ့ လူထုဆက်သွယ်ရေး လုပ်ငန်းတွေ ပိုမိုအားကောင်းစေဖို့ အတွက် လူမှုကွန်ရက်စာမျက်နှာတစ်ခုဖြစ်တဲ့ တရားဝင် [ဆက်လက်ဖတ်ရှုရန်]

ဒေသအလိုက် သတင်းကဏ္ဍ

အချင်းချင်းစကားများပြီး ပစ်ခတ်လို့ မင်းတပ်မှာ စစ်သားသုံးယောက်သေ

ချင်းပြည်နယ်၊ မင်းတပ်မြို့မှာ အကြမ်းဖက်စစ်သားအချင်းချင်း စကားများပြီး သေနတ်နဲ့ ပစ်ခတ်တာကြောင့် အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့တယ်လို့သိရပါတယ်။ ဇွန်လ ၂၉ ရက်နေ့ ညပိုင်းက ခလရ ၂၇၄ အနီး ၄ မိုင်ကုန်းမှာ အကြမ်းဖက်စစ်သားတွေဟာ [ဆက်လက်ဖတ်ရှုရန်]